မောင်​​လေး​တွေ ​ကြွေသွားရ​လောက်​တဲ့ မ​အေး​သောင်း​ရဲ့ ကဗျာဆန်​ဆန်​​ စာသား​လေး
မောင်​​လေး​တွေ ​ကြွေသွားရ​လောက်​တဲ့ မ​အေး​သောင်း​ရဲ့ ကဗျာဆန်​ဆန်​​ စာသား​လေး 1
မောင်​​လေး​တွေ ​ကြွေသွားရ​လောက်​တဲ့ မ​အေး​သောင်း​ရဲ့ ကဗျာဆန်​ဆန်​​ စာသား​လေး 2
မောင်​​လေး​တွေ ​ကြွေသွားရ​လောက်​တဲ့ မ​အေး​သောင်း​ရဲ့ ကဗျာဆန်​ဆန်​​ စာသား​လေး 3
မောင်​​လေး​တွေ ​ကြွေသွားရ​လောက်​တဲ့ မ​အေး​သောင်း​ရဲ့ ကဗျာဆန်​ဆန်​​ စာသား​လေး 4
မောင်​​လေး​တွေ ​ကြွေသွားရ​လောက်​တဲ့ မ​အေး​သောင်း​ရဲ့ ကဗျာဆန်​ဆန်​​ စာသား​လေး 5
မောင်​​လေး​တွေ ​ကြွေသွားရ​လောက်​တဲ့ မ​အေး​သောင်း​ရဲ့ ကဗျာဆန်​ဆန်​​ စာသား​လေး 6
Unicode Version
မြန်မာဆန်တဲ့အလှတရားတွေနဲ့ ပရိသတ်ကြီးကိုဖမ်းစားထားနိုင်ပြီး အများကချစ်စနိုးခေါ်ဝေါ်ကြတဲ့ အေးသောင်း(ခေါ်)အေးဝတ်ရည်သောင်းကတော့ တစ်ခေတ်တစ်ခါတည်းက ချစ်ရတဲ့အစ်မကြီး နှင်းဝတ်ရည်သောင်းနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။နှင်းသောင်းနဲ့အေးသောင်းဆိုပြီး ညီအစ်မနှစ်ယောက်က ဆံပင်ရှည်ကြီးတွေနဲ့အရမ်းလှကြပြီး ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာယူနိုင်ခဲ့ပါတယ်။
အေးသောင်းကတော့ အနုပညာအလုပ်တွေနဲ့ ခြေလှမ်းဝေးကွာခဲ့ပြီး အခုနောက်ပိုင်းမှာဆိုရင် သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကိုပရိသတ်တွေက ပြန်လည်သတိထားမိလာပါတယ်နော်။အေးသောင်းက အနုပညာလောကထဲကို ပြန်လည်ခြေချခြင်းမှာပဲ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးကာ သူမရဲ့အနုပညာအရည်အသွေးတွေကတော့ မကျသွားဘဲ ပရိသတ်တွေကပါချီးကျူးရပါတယ်နော်။
အေးသောင်းက အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ခြေလှမ်းစိပ်စိပ်နဲ့လုပ်ဆောင်နေပြီး ဖိတ်ကြားလာတဲ့ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေပါတယ်။အေးသောင်းကတော့ အသက်၃၀ကျော်အရွယ်ပေမယ့် နုငယ်ပျိုမျစ်တဲ့အလှတရားတွေက လူငယ်လေးလိုပါပဲနော်။အခုဆိုရင်တော့ အေးသောင်းက”မင်းနဲ့ကိုယ်ဆုံတွေ့မှုက ဝဋ်ကြွေးဆိုရင်တောင်အဲ့ဒီဝဋ်ကြွေးကို တစ်ဘဝလုံးဆပ်ချင်သူပါ ချစ်သူ”ဆိုပြီး ရိုဆန်ဆန်စကားလေးကို အပျိုကြီးကရေးသားထားပါတယ်နော်။Myanmarload