ဖေ​ဖေရိုက်​​ပေးတဲ့ ပုံ​လေး​တွေနဲ့ အရမ်းကိုချစ်​စရာ​ကောင်း​နေတဲ့ ယဉ်​လတ်
ဖေ​ဖေရိုက်​​ပေးတဲ့ ပုံ​လေး​တွေနဲ့ အရမ်းကိုချစ်​စရာ​ကောင်း​နေတဲ့ ယဉ်​လတ်​ 1
ဖေ​ဖေရိုက်​​ပေးတဲ့ ပုံ​လေး​တွေနဲ့ အရမ်းကိုချစ်​စရာ​ကောင်း​နေတဲ့ ယဉ်​လတ်​ 2
ဖေ​ဖေရိုက်​​ပေးတဲ့ ပုံ​လေး​တွေနဲ့ အရမ်းကိုချစ်​စရာ​ကောင်း​နေတဲ့ ယဉ်​လတ်​ 3
ဖေ​ဖေရိုက်​​ပေးတဲ့ ပုံ​လေး​တွေနဲ့ အရမ်းကိုချစ်​စရာ​ကောင်း​နေတဲ့ ယဉ်​လတ်​ 4
ဖေ​ဖေရိုက်​​ပေးတဲ့ ပုံ​လေး​တွေနဲ့ အရမ်းကိုချစ်​စရာ​ကောင်း​နေတဲ့ ယဉ်​လတ်​ 5
Unicode Version
“ကျွန်မကမဟေသီ” ရုပ်သံဇာတ်လမ်းတွဲမှာ စံမြန်းအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာဝင်ရောက်နေရာယူခဲ့တာပါနော်….။ Mrtv-4 မင်းသမီးဖြစ်ပြီး သူမရဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ ရိုးယဉ်စွာလှပနေတာကိုလည်း ပရိသတ်တို့ကြည့်ရှုခံစားကြရမှာပါနော်။ “စိတ်၏ခြေရာ” စတဲ့ ပရိသတ်အားပေးမှု အများဆုံး ရုပ်သံဇာတ်လမ်းတွဲတွေမှာ သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့အတွက်ကြောင့် ပရိသတ်ကြီးအနေနဲ့ ရင်သက်ရှုမောဖွယ် အားပေးကြရမှာဖြစ်ပါတယ်။
ချစ်စရာကောင်းလွန်းတဲ့ သူမလေးဟာ ခပ်ကြမ်းကြမ်းဖိုက်တင်ခန်းတွေမှာဆိုရင်လည်း ကျားရိုင်မလေးလို လူကြမ်းတွေနဲ့အပြိုင် ယှဉ်ပြိုင်သတ်ပုတ် နိုင်တာ အံ့သြစရာပါပဲ။ တကယ်လည်း သူမက အပြင်မှာ တိုက်ကွမ်ဒိုခါးပတ်နက်ရထားတဲ့ သူတစ်ယောက်ပါပဲ။ ယဉ်လတ်သက်ဝေဆိုတဲ့ နာမည်လေးနဲ့လိုက်ဖက်လွန်းအောင် ယဉ်စစလေးလှပ ကျော့ မော့နေတဲ့ သူမရဲ့ပုံစံလေးက အသည်းယားစရာပါ။ ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့အပြုံး လေးတွေကြောင့် ပုရိသတို့ရဲ့နှလုံးသားတွေ တဖြုတ် ဖြုတ်ကြွေဆင်းခဲ့ကြတာ အတုန်းအရုံး ပါပဲ။
လှပလွန်းတဲ့ သူမရဲ့ရင်ခုန်ဖွယ်ရာပုံရိပတွေကို ဖခင်ဖြစ်သူကိုယ်တိုင် ဓာတ်ပုံရိုက်ပေး ထားတာပဲဖြစ်ပါတယ်။ ဖေ့ဖေ့လက်ရာနဲ့ အရမ်းတွေ လှနေတဲ့ သမီးလေးပေါ့နော်။ အဝါရောင်ဝတ်စုံလေးကိုဆင်မြန်းထားပြီး ဘေးတစောင်းပုံလေးတွေမှာတောင် လှချင် တိုင်းလှရက်နိုင်လွန်းတဲ့ ယဉ်လတ်ရဲ့ပုံရိပ်လေးတွကို တင်ဆက်ပေးလိုက်ပြီနော်။Myanmarload