ဒေါ်​အောင်​ဆန်းစုကြည်​ တည်​ထားကိုးကွယ်​ခဲ့တဲ့ ​စေတီမှာ အကယ်​ဒမီ ​ရွှေစင်​ရုပ်​တုကို လှူဒါန်းခဲ့တဲ့ ​ကျော်​​ကျော်​ဗိုလ်


ဒေါ်​အောင်​ဆန်းစုကြည်​ တည်​ထားကိုးကွယ်​ခဲ့တဲ့ ​စေတီမှာ အကယ်​ဒမီ ​ရွှေစင်​ရုပ်​တုကို လှူဒါန်းခဲ့တဲ့ ​ကျော်​​ကျော်​ဗိုလ်​ 1


ဒေါ်​အောင်​ဆန်းစုကြည်​ တည်​ထားကိုးကွယ်​ခဲ့တဲ့ ​စေတီမှာ အကယ်​ဒမီ ​ရွှေစင်​ရုပ်​တုကို လှူဒါန်းခဲ့တဲ့ ​ကျော်​​ကျော်​ဗိုလ်​ 2


ဒေါ်​အောင်​ဆန်းစုကြည်​ တည်​ထားကိုးကွယ်​ခဲ့တဲ့ ​စေတီမှာ အကယ်​ဒမီ ​ရွှေစင်​ရုပ်​တုကို လှူဒါန်းခဲ့တဲ့ ​ကျော်​​ကျော်​ဗိုလ်​ 3

ဒေါ်​အောင်​ဆန်းစုကြည်​ တည်​ထားကိုးကွယ်​ခဲ့တဲ့ ​စေတီမှာ အကယ်​ဒမီ ​ရွှေစင်​ရုပ်​တုကို လှူဒါန်းခဲ့တဲ့ ​ကျော်​​ကျော်​ဗိုလ်​ 4


Unicode Version

ပြည်သူချစ်အနုပညာရှင် တယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကတော့ ယခုနောက်ပိုင်းမှာ အကောင်းဆုံး ရုပ်ရှင်တွေကို ချပြနေပြီး ပရိသတ်တွေလက်ခံအားပေးတဲ့ အဆင့်ထိကို ရောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း မုန်းစွဲဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးဇာတ်ပို့ အကယ်ဒမီဆုကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ရရှိတဲ့ အကယ်ဒမီကတော့ ပြည်သူတွေအားလုံးနဲ့ တထပ်ထဲကျတာကြောင့် သူ့အနေနဲ့လည်း အတိုင်းမသိဝမ်းသာခဲ့တာလည်း ဖြစ်ပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ သူရရှိခဲ့တဲ့ အကယ်ဒမီကြယ်ပွင့်ကိုတော့ မွန်မြတ်လွန်းတဲ့ နေရာမှာ အလှူအတန်း ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တည်ထားကိုးကွယ်တဲ့ ထာဝရငြိမ်းချမ်းရေး စေတီတော်မှာ သူရရှိတဲ့ အကယ်ဒမီရွှေစင်ဆုနဲ့ ရရှိထားတဲ့ ရွှေတစ်ကျပ်သား ရွှေဒင်္ဂါးပြားကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကိုယ်ရရှိထားတဲ့ ဘဝမှတ်တိုင်တခုကို မွန်မြတ်တဲ့နေရာမှာ အလှူအတန်းပြုလုပ်ခဲ့တာကြောင့် ပရိသတ်တော်တော်များများကလည်း ချီးကျူးထားကြပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ သရုပ်ဆောင် အပြင် လူရွှင်တောင်၊ ဇာတ်မင်းသားနဲ့ သီချင်းဆိုတဲ့နေရာတွေမှာလည်း ပါရမီပါပြီး တော်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အနုပညာကို ရူးသွပ်သူတဦးအနေနဲ့ ပရိသတ်တွေအားပေးကြတဲ့ ကျော်ကျော်ဗိုလ်ကတော့ သူ့ရဲ့ ကြိုးစားမှုတွေကြောင့်လည်း အကယ်ဒမီကျော်ကျော်ဗိုလ်ဆိုတာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပြင့် ကျော်ကျော်ဗိုလ်ကတော့ ရုံကြီးဇာတ်ကားတွေမှာလည်း ခပ်စိပ်စိပ်တွေ့နေရတဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။