ရှမ်းပြည်​​ကို ​ရောက်​ရှိ​နေတဲ့ ဝင့်​ယမှုံနိုင်​ ရဲ့အလှ😍
ရှမ်းပြည်​​ကို ​ရောက်​ရှိ​နေတဲ့ ဝင့်​ယမှုံနိုင်​ ရဲ့အလှ😍 1
ရှမ်းပြည်​​ကို ​ရောက်​ရှိ​နေတဲ့ ဝင့်​ယမှုံနိုင်​ ရဲ့အလှ😍 2
ရှမ်းပြည်​​ကို ​ရောက်​ရှိ​နေတဲ့ ဝင့်​ယမှုံနိုင်​ ရဲ့အလှ😍 3
ရှမ်းပြည်​​ကို ​ရောက်​ရှိ​နေတဲ့ ဝင့်​ယမှုံနိုင်​ ရဲ့အလှ😍 4
ရှမ်းပြည်​​ကို ​ရောက်​ရှိ​နေတဲ့ ဝင့်​ယမှုံနိုင်​ ရဲ့အလှ😍 5
Unicode Version
“ကျွန်မကမဟေသီ” ရုပ်သံဇာတ်လမ်းတွဲမှာ စံမြန်းအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာဝင်ရောက်နေရာယူခဲ့တာပါနော်….။ Mrtv-4 မင်းသမီးဖြစ်ပြီး သူမရဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ ရိုးယဉ်စွာလှပနေတာကိုလည်း ပရိသတ်တို့ကြည့်ရှုခံစားကြရမှာပါနော်။ “စိတ်၏ခြေရာ” စတဲ့ ပရိသတ်အားပေးမှု အများဆုံး ရုပ်သံဇာတ်လမ်းတွဲတွေမှာ သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့အတွက်ကြောင့် ပရိသတ်ကြီးအနေနဲ့ ရင်သက်ရှုမောဖွယ် အားပေးကြရမှာဖြစ်ပါတယ်။
သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ အများဆုံးရိုက်ကူးလေ့ရှိပြီး ၊ ကြော်ငြာအများအပြားကိုလည်း လက်ခံရိုက်ကူးလိုက်တာဖြစ်ပါတယ်။ နောက်ထွက်မယ့် ရုပ်သံဇာတ်လမ်းတွေ အတွက်လည်းကြိုးစားပြင်ဆင် လျက်ရှိကြီး ပရိသတ်ကြီးတို့စောင့်မျှော်အားပေးကြရမှာပါ။ ချစ်စရာအမူအရာလေးတွေနဲ့ လူတိုင်းအပေါ် ရိုးသားဖြူစင်စွာ ပေါင်းသင်းဆက်ဆံတက်တဲ့အတွက်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။
ဝင့်ယမုံနိုင်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း မြင်သူတိုင်းစိတ်ကို ကြည်လင်လန်းဆန်းသွားစေတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ” တောင်ပေါ်လမ်း ကားလေးနဲ့လှမ်းကာလေ …. ဒီလိုနဲ့ ရောက်ခဲ့ပေါ့ ရှမ်းဌာနေ” ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Myanmarload