“ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မေတိုးခိုင်ကို အထူးချီးကျူးသွားတဲ့ ပိုးမမှီသာ
“ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မေတိုးခိုင်ကို အထူးချီးကျူးသွားတဲ့ ပိုးမမှီသာ 1
“ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မေတိုးခိုင်ကို အထူးချီးကျူးသွားတဲ့ ပိုးမမှီသာ 2
“ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မေတိုးခိုင်ကို အထူးချီးကျူးသွားတဲ့ ပိုးမမှီသာ 3
“ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မေတိုးခိုင်ကို အထူးချီးကျူးသွားတဲ့ ပိုးမမှီသာ 4
“ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မေတိုးခိုင်ကို အထူးချီးကျူးသွားတဲ့ ပိုးမမှီသာ 5
“ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မေတိုးခိုင်ကို အထူးချီးကျူးသွားတဲ့ ပိုးမမှီသာ 6
Unicode Version
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့”သိင်္ဂါရ သီချင်းတစ်ပုဒ်” သီချင်းဗီဒီယိုလေးထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ ဆေးကျောင်းသူလေး ပိုးမမှီသာကတော့ အနုပညာအလုပ်တွေကိုလည်း ဝါသနာအရလုပ်နေသူလေးပါ။ပိုးမမှီသာကတော့ “ပိတောက်ကတဲ့ ဂီတ” ဆိုတဲ့ ဂီတနောက်ခံ ရုပ်ရှင်ဇာတ်ကားကြီးကို စိုင်းစိုင်းခမ်းလှိုင်နဲ့ မန္တလေးမှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ပိုးမမှီသာကတော့ ဆေးကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တွေ ဆက်တိုက် ပြုလုပ်ဖြစ်နေတာပါ။ သူမကတော့ ဆရာဝန်တစ်ဦးဖြစ်သွားရင် အနုပညာအလုပ်တွေ ရပ်နားလိုက်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီတစ်ခါမှာတော့ ပိုးမမှီသာက သူမရဲ့ သူငယ်ချင်း မေတိုးခိုင် ရဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကား ကို သွားရောက်အားပေးခဲ့ပြီး ။ ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကား က မေတိုးခိုင် ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားဖြစ်ပေမယ့် အရမ်းကောင်းတာကြောင့် သွားကြည့်သင့်တယ်လို့ ပြောထားပါတယ်။
ပိုးမမှီသာ က ” မနက်ဖြန် ၁၂.၉.၁၉ မှာဖူးဖူးဖောင်းဖောင်းရဲ့ “ရူးအောင်ချစ်မယ့်သူ” လေးရုံတင်ပါတော့မယ်။တစ်နေ့က family show မှာတော့ကြည့်ခဲ့ပြီးကြိုက်လို့ ချစ်စရာကောင်းလို့သွားကြည့်ကြပါလို့ဝဝကစ်ကစ် May T. Khine လေးနဲ့ချစ်စရာအိုက်တင်များကိုတွေ့ရမှာပါ ။ ” ဆိုပြီးပြောထားပါတယ်။
ပိုးမမှီသာက ညီအမတွေလိုချစ်ရတဲ့ သူငယ်ချင်း မေတိုးခိုင် က ရူးအောင်ချစ်ရမယ့်လူ ရုပ်ရှင်ဇာတ်ကားမှာ အရမ်းချစ်စရာကောင်းတယ်လို့လည်းပြောထားပါတယ်။မိုမိုလေးချစ်ပရိသတ်တွေလည်း ပိုးမမှီသာ ရဲ့ ပုံရိပ်ကလေးတွေကို တွေ့မြင်ရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ Momolay
Be the first to comment
Leave a Reply
Your email address will not be published.
*