ရုပ်ရှင်ရိုက်ကူးမယ့်ရွာလေးမှာ ရွာဓလေ့အရတစ်အိမ်တက်တစ်အိမ်ဆင်း လိုက်နှုတ်ဆက်နေတဲ့ ဝတ်မှုန်ရွှေရည်


ရုပ်ရှင်ရိုက်ကူးမယ့်ရွာလေးမှာ ရွာဓလေ့အရတစ်အိမ်တက်တစ်အိမ်ဆင်း လိုက်နှုတ်ဆက်နေတဲ့ ဝတ်မှုန်ရွှေရည် 1


ရုပ်ရှင်ရိုက်ကူးမယ့်ရွာလေးမှာ ရွာဓလေ့အရတစ်အိမ်တက်တစ်အိမ်ဆင်း လိုက်နှုတ်ဆက်နေတဲ့ ဝတ်မှုန်ရွှေရည် 2 ရုပ်ရှင်ရိုက်ကူးမယ့်ရွာလေးမှာ ရွာဓလေ့အရတစ်အိမ်တက်တစ်အိမ်ဆင်း လိုက်နှုတ်ဆက်နေတဲ့ ဝတ်မှုန်ရွှေရည် 3


ရုပ်ရှင်ရိုက်ကူးမယ့်ရွာလေးမှာ ရွာဓလေ့အရတစ်အိမ်တက်တစ်အိမ်ဆင်း လိုက်နှုတ်ဆက်နေတဲ့ ဝတ်မှုန်ရွှေရည် 4


ရုပ်ရှင်ရိုက်ကူးမယ့်ရွာလေးမှာ ရွာဓလေ့အရတစ်အိမ်တက်တစ်အိမ်ဆင်း လိုက်နှုတ်ဆက်နေတဲ့ ဝတ်မှုန်ရွှေရည် 5 ရုပ်ရှင်ရိုက်ကူးမယ့်ရွာလေးမှာ ရွာဓလေ့အရတစ်အိမ်တက်တစ်အိမ်ဆင်း လိုက်နှုတ်ဆက်နေတဲ့ ဝတ်မှုန်ရွှေရည် 6

Unicode
ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပေမယ့် မာန်မာနမထားပဲ ပရိသတ်တွေကို ကိုယ့်မိသားစုလို သဘောထားကြောင်း ပွင့်ပွင့်လင်းလင်းသိသာစေခဲ့တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ပုံရိပ်လေးတွေက တကယ့်ကို ချစ်စရာကောင်းလွန်းနေပါတယ်။

လက်ရှိရိုက်ကူးမယ့် ” ခင်နှောင်း ” ဆိုတဲ့ ဇာတ်ရုပ်အတွက် ခန္ဓာကိုယ်အလေးချိန် တက်အောင်ပြုလုပ်နေပြီး ချစ်စရာကောင်းတဲ့ရွာလေးရဲ့ ဓလေ့ကိုလည်း သူမက သဘောကျ ကြောင်းပြောခဲ့ပါသေးတယ်။

အနုပညာသမားတွေဟာ ကိုယ်ကျရာဇာတ်ရုပ်အတိုင်း စိတ်တွေပါလိုက်ပါစီးမျောကြတာ သဘာဝပါပဲ။ ရွှေကစ်လေးကတော့ ရွာသူတွေရဲ့ပုံစံလေးအတိုင်း အရမ်းကိုချစ်ဖို့ကောင်းပြီး ပွင့်လင်းတဲ့အမူအရာလေးနဲ့ ထမင်းကိုလဲ မြို့ကလို ဇွန်းခရင်းနဲ့မဟုတ်နဲ့ လက်နဲ့ဟန်ကျ ပန်ကျစားနေပုံက တကယ့်ရွာသူမချောချောလေးအတိုင်းပါပဲ။

သူမ သရုပ်ဆောင်ရမယ့်ရွာလေးရဲ့အကြောင်းကို ” ခင်နှောင်းအတွက် ဝိတ်တင်နေတယ် ပျော်စရာ ကောင်းလိုက်တာ ရွာသူ ရွာသားတွေကလည်း အရမ်းကူညီပြီး ပြည့်ဝလိုက်ကြ တာ ပိုက်ဆံ ဘယ်လောက်ရှိရှိ လောဘ မောဟ မာန်မာန မရှိ ဘဝကို ရွာထဲမှာ ရိုးသားစွာ ဖြတ်သန်းနေလိုက်ကြ တာ ချစ်လိုက်တာ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်နှုတ်ဆက်ရတာ လည်း ဓလေ့တဲ့ ရွာထဲ လှည့်ရတာလည်း ခံစားချက်အသစ် ဒီမယ် ဒီရွာသူဖြစ်ရတာ ကြိုက်တာဆိုအေ. ” ဆိုပြီး ရေးသား ထားတာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းလိုက်တာနော်။ Photo – Wutt Hmone Shwe Yi ; crd – myanmarload