ရုတ်​တရက်​ခွဲခွာသွားတဲ့ မင်း​သွေးအတွက်​ ​မေသက်​ခိုင်​​ရေးသားထားတဲ့ ဝမ်းနည်း​ကြောင်းစာတစ်​​စောင်

သရုပ်ဆောင်မင်းသွေး ရုတ်တရက်သေဆုံးသွားတာကြောင့် မိသားစုဝင်တွေနဲ့အတူ အနုပညာရှင်များ၊ ပရိသတ်တွေပါမကျန် ဝမ်းနည်းပူဆွေးခဲ့ကြရပါတယ်။ တနေ့ ဒီလမ်းကိုသွားကြရမှာမှန်ပေမယ့်လည်း အရမ်းကိုစောလွန်းနေတဲ့မင်းသွေးအတွက် နှမြောတသဖြစ်ခဲ့ကြရပါတယ်။

ရုတ်​တရက်​ခွဲခွာသွားတဲ့ မင်း​သွေးအတွက်​ ​မေသက်​ခိုင်​​ရေးသားထားတဲ့ ဝမ်းနည်း​ကြောင်းစာတစ်​​စောင်​ 1

မင်းသွေးအတွက် အနုပညာရှင်တော်တော်များများစိတ်မကောင်းစွာ ဆုတောင်းပေးခဲ့ကြတာကိုလည်း ယနေ့ရက်ပိုင်းမှာ မြင်တွေ့နေရပါတယ်။ အနုပညာလောကကနေ အချိန်အတော်ကြာ အနားယူသွားပြီဖြစ်တဲ့ မင်းသမီးလေး မေသက်ခိုင်ကတော့ အနုပညာရှင်မောင်နှမတစ်ဦးဖြစ်တဲ့ မင်းသွေး သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းစာလေးတစ်စောင်ရေးသားခဲ့ပါတယ်။

ရုတ်​တရက်​ခွဲခွာသွားတဲ့ မင်း​သွေးအတွက်​ ​မေသက်​ခိုင်​​ရေးသားထားတဲ့ ဝမ်းနည်း​ကြောင်းစာတစ်​​စောင်​ 2

“လူကောင်းတွေသေတယ် လူဆိုးတွေလည်းသေတာပဲ အသက်ရှင်ချင်သူက မျှော်လင့်မထားပဲရုတ်တရက်သေရတယ် အသက်မရှင်ချင်သူက ရည်ရွယ်ချက်ရှိရှိဖန်တီးပြီးသေတယ် ချစ်သူခင်သူ မိသားစုအသိုင်းအဝိုင်းက ဝမ်းနည်းကြတာပဲ ကောင်းတာတွေပဲလုပ်လုပ်ဆိုးတာတွေပဲလုပ်လုပ် ကံတရားကမျက်နှာသာမပေးဘူးလမ်းချင်းတူတော့ လူချင်းဆုံကြပြီး ပြင်ဆင်ခွင့်မရှိတဲ့ကံကြမ္မာ ခွဲခွာခြင်းတွေနဲ့ ကိုယ်စီဘဝတွေမှာတာဝန်ကြေခဲ့ကြမှာပါ RIP Ko Min Thway” မင်းသွေး ရဲ့ ရုတ်တရက်ကွယ်လွန်သွားခြင်းအပေါ် သံဝေဂရစေမယ့် စာလေးရေးသားထားခဲ့တာဖြစ်ပါတယ်။

We Love Cele