ႏွလုံးေရာဂါေဝဒနာရွင္ေလးအတြက္ ေနာက္ထပ္ခြဲစိတ္မႈကိုပါတာဝန္ယူေပးသြားမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း

ခ်စ္သုေဝ ဟာ ႏွလုံးမွေသြးေၾကာကို သြားတဲ့ ေသြးေၾကာမႀကီးက်ဥ္းၿပီး ျပာေနတဲ့ သားေလး ေမာင္ေကာင္းျမတ္ေသာ္ကို ေခတ္သစ္ေဖာင္ေဒးရွင္းကေန ပထမအႀကိမ္ ခြဲစိတ္မႈေတြျပဳလုပ္ေပးခဲ့တာ ေတြ႕ရပါတယ္။ ဒုတိယတစ္ႀကိမ္ခြဲစိတ္မႈကိုလည္း တာဝန္ယူေပးသြားဦးမယ္လို႔ သိရပါတယ္။

ႏွလုံးေရာဂါေဝဒနာရွင္ေလးအတြက္ ေနာက္ထပ္ခြဲစိတ္မႈကိုပါတာဝန္ယူေပးသြားမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း 1

ခ်စ္သုေဝဟာ ေမြးရာပါ ႏွလုံးေရာဂါတစ္မ်ိဳးျဖစ္တဲ့ ႏွလုံးမွေသြးေၾကာကို သြားတဲ့ ေသြးေၾကာမႀကီး အလြန္က်ဥ္းၿပီး အခက္အခဲျဖစ္ေနတဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္ ေမာင္ေကာင္းျမတ္ေသာ္ ေလးကို ေအာင္ေအာင္ျမင္ျမင္ ခြဲစိတ္ေပးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ႏွလုံးေရာဂါေဝဒနာရွင္ေလးအတြက္ ေနာက္ထပ္ခြဲစိတ္မႈကိုပါတာဝန္ယူေပးသြားမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း 2

‘’မေကြးတိုင္းေဒသႀကီးရွိေတာင္ယာလုပ္မိသားစုမွ အသက္(၁၁)ႏွစ္အ႐ြယ္ေဝဒနာရွင္ ေမာင္ေကာင္းျမတ္ေသာ္၏ေမြးရာပါႏွလုံးေရာဂါတစ္မ်ိဳးျဖစ္သည့္ ႏွလုံးမွေသြးေၾကာသို႔သြားေသာ ေသြးေၾကာမႀကီးအလြန္က်ဥ္းၿပီးအလြန္ျပာေနေသာကေလးကိုေပါင္မွပိုက္ထည့္၍ ယင္းေသြးေၾကာအားေဘာလုံးျဖင့္ေအာင္ျမင္စြာခ်ဲ႕ေပး ျခင္းလုပ္ငန္းကိုလုပ္ေဆာင္ေပးခဲ့ပါသည္’’ ဆိုၿပီးေတာ့ ဇူလိုင္လ ၁၆ ရက္ေန႔ ည ၈ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ႏွလုံးေရာဂါေဝဒနာရွင္ေလးအတြက္ ေနာက္ထပ္ခြဲစိတ္မႈကိုပါတာဝန္ယူေပးသြားမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း 3

ေမာင္ေကာင္းျမတ္ေသာ္ရဲ႕ ႏွလုံးေရာဂါဟာ ပထမ တစ္ႀကိမ္ခြဲစိတ္မႈမွာေအာင္ျမင္ခဲ့ေပမယ့္ ဒုတိယ တစ္ႀကိမ္ ထပ္မံခြဲစိတ္ရဦးမယ္လို႔ ဆိုပါတယ္။ ဒီခြဲစိတ္မႈကိုလည္း ေခတ္သစ္ေဖာင္ေဒးရွင္းကပဲ ဆက္လက္တာဝန္ယူကုသေပးသြားမယ္လို႔ ခ်စ္သုေဝက ေျပာပါတယ္။

ႏွလုံးေရာဂါေဝဒနာရွင္ေလးအတြက္ ေနာက္ထပ္ခြဲစိတ္မႈကိုပါတာဝန္ယူေပးသြားမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း 4

‘’ဒုတိယအဆင့္ႏွလုံးခြဲစိတ္မႈျပဳလုပ္ရာတြင္လည္းေခတ္သစ္ေဖာင္ေဒးရွင္းမွဆက္လက္တာဝန္ယူကူညီေပးမည္ျဖစ္ေၾကာင္းကိုလည္းသတင္းေကာင္းပါးအပ္ပါသည္၊၊ အဆိုပါကုသမႈအတြက္ ခြဲစိတ္ကုသမႈစရိတ္မ်ားအား ေခတ္သစ္ေဖာင္းေဒးရွင္းမွ ကူညီေပးႏိုင္ခဲ့ပါတယ္။

ႏွလုံးေရာဂါေဝဒနာရွင္ေလးအတြက္ ေနာက္ထပ္ခြဲစိတ္မႈကိုပါတာဝန္ယူေပးသြားမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း 5

ေအာင္ျမင္စြာ ခြဲစိတ္ကုသမႈေပးခဲ့ပါေသာ ကေလးႏွလုံး ေဆးကုသအဖြဲ႕ဆရာဝန္ႀကီးမ်ား (ရန္ကင္းကေလးေဆး႐ုံ) အား အထူးေက်းဇူတင္ရွိပါေၾကာင္းႏွင့္ ဝိုင္းဝန္းလႉဒါန္းေပးခဲ့ၾကပါေသာ ေစတနာရွင္မ်ားအား အထူးေက်းဇူးတင္အပ္ပါသည္။’’ လို႔ ဆိုပါတယ္။

ႏွလုံးေရာဂါေဝဒနာရွင္ေလးအတြက္ ေနာက္ထပ္ခြဲစိတ္မႈကိုပါတာဝန္ယူေပးသြားမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း 6

‘’ေခတ္သစ္ေဖာင္ေဒးရွင္း’’ ကို ၂၀၁၉ခုႏွစ္၊ဇန္နဝါရီ(၁၉) ရက္ေန႔က ေခတ္နဲ႔သစ္တို႔ရဲ႕ အသက္(၂)ႏွစ္ျပည့္ ေမြးေန႔ေလးကစလို႔ေဖာင္ေဒးရွင္းကို စတင္ တည္ေထာင္ဖြဲ႕စည္းခဲ့တာပါ။ “ေခတ္သစ္”ေဖာင္ေဒးရွင္းကို (၁၄)ႏွစ္တာ ကာလသတ္မွတ္ထားၿပီး အဆင့္(၇)ခု ခြဲကာ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

ႏွလုံးေရာဂါေဝဒနာရွင္ေလးအတြက္ ေနာက္ထပ္ခြဲစိတ္မႈကိုပါတာဝန္ယူေပးသြားမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း 7

ပထမဆုံးအဆင့္မွာ ကေလးသူငယ္မ်ားရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ ရည္႐ြယ္ကာအသက္(၅)ႏွစ္ေအာက္ ကေလးမ်ား အမွန္တကယ္ခြဲ စိတ္စရိတ္လိုအပ္တဲ့ ေမြးရာပါ ႏွလုံးအေပါက္ပါေရာဂါရွင္မ်ားအတြက္ ရည္႐ြယ္ကာ လႉဒါန္းသြားမယ္လို႔ သိရပါတယ္။ credit – duwun

Unicode
ချစ်သုဝေ ဟာ နှလုံးမှသွေးကြောကို သွားတဲ့ သွေးကြောမကြီးကျဉ်းပြီး ပြာနေတဲ့ သားလေး မောင်ကောင်းမြတ်သော်ကို ခေတ်သစ်ဖောင်ဒေးရှင်းကနေ ပထမအကြိမ် ခွဲစိတ်မှုတွေပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်။ ဒုတိယတစ်ကြိမ်ခွဲစိတ်မှုကိုလည်း တာဝန်ယူပေးသွားဦးမယ်လို့ သိရပါတယ်။

ချစ်သုဝေဟာ မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်တဲ့ နှလုံးမှသွေးကြောကို သွားတဲ့ သွေးကြောမကြီး အလွန်ကျဉ်းပြီး အခက်အခဲဖြစ်နေတဲ့ အသက် ၁၁ နှစ်အရွယ် မောင်ကောင်းမြတ်သော် လေးကို အောင်အောင်မြင်မြင် ခွဲစိတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

‘’မကွေးတိုင်းဒေသကြီးရှိတောင်ယာလုပ်မိသားစုမှ အသက်(၁၁)နှစ်အရွယ်ဝေဒနာရှင် မောင်ကောင်းမြတ်သော်၏မွေးရာပါနှလုံးရောဂါတစ်မျိုးဖြစ်သည့် နှလုံးမှသွေးကြောသို့သွားသော သွေးကြောမကြီးအလွန်ကျဉ်းပြီးအလွန်ပြာနေသောကလေးကိုပေါင်မှပိုက်ထည့်၍ ယင်းသွေးကြောအားဘောလုံးဖြင့်အောင်မြင်စွာချဲ့ပေး ခြင်းလုပ်ငန်းကိုလုပ်ဆောင်ပေးခဲ့ပါသည်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၆ ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

မောင်ကောင်းမြတ်သော်ရဲ့ နှလုံးရောဂါဟာ ပထမ တစ်ကြိမ်ခွဲစိတ်မှုမှာအောင်မြင်ခဲ့ပေမယ့် ဒုတိယ တစ်ကြိမ် ထပ်မံခွဲစိတ်ရဦးမယ်လို့ ဆိုပါတယ်။ ဒီခွဲစိတ်မှုကိုလည်း ခေတ်သစ်ဖောင်ဒေးရှင်းကပဲ ဆက်လက်တာဝန်ယူကုသပေးသွားမယ်လို့ ချစ်သုဝေက ပြောပါတယ်။

‘’ဒုတိယအဆင့်နှလုံးခွဲစိတ်မှုပြုလုပ်ရာတွင်လည်းခေတ်သစ်ဖောင်ဒေးရှင်းမှဆက်လက်တာဝန်ယူကူညီပေးမည်ဖြစ်ကြောင်းကိုလည်းသတင်းကောင်းပါးအပ်ပါသည်၊၊ အဆိုပါကုသမှုအတွက် ခွဲစိတ်ကုသမှုစရိတ်များအား ခေတ်သစ်ဖောင်းဒေးရှင်းမှ ကူညီပေးနိုင်ခဲ့ပါတယ်။

အောင်မြင်စွာ ခွဲစိတ်ကုသမှုပေးခဲ့ပါသော ကလေးနှလုံး ဆေးကုသအဖွဲ့ဆရာဝန်ကြီးများ (ရန်ကင်းကလေးဆေးရုံ) အား အထူးကျေးဇူတင်ရှိပါကြောင်းနှင့် ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြပါသော စေတနာရှင်များအား အထူးကျေးဇူးတင်အပ်ပါသည်။’’ လို့ ဆိုပါတယ်။

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ credit – duwun