နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး နော်ဖောအယ်ထား
နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး နော်ဖောအယ်ထား 1
နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး နော်ဖောအယ်ထား 2
နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး နော်ဖောအယ်ထား 3
နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး နော်ဖောအယ်ထား 4
နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး နော်ဖောအယ်ထား 5
Unicode Version
ကရင်တိုင်းရင်းသူလေးဖြစ်ပြီး ကိုးရီးယားမလေးလို ချစ်ဖို့ကောင်းတဲ့ နော်ဖောအယ်ထားကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်..။ သူမဟာဆိုရင် သရုပ်ဆောင်ကောင်းတဲ့အတွက်ကြောင့် ရုပ်ရှင်ဇာတ်ကားတွေကိုပါ ရိုက်ကူးလာရပြီဖြစ်ပါတယ်…။ နော်ဖောအယ်ထားဟာ ခေတ်လူငယ်ပီပီ အတိုအပြတ်လေးတွေကို ဝတ်ဆင်လေ့ရှိပြီးဆွဲဆောင်မှုရှိစွာ လှပနေတာပါ…။ မြန်မာဝတ်စုံလေးတွေကိုလည်း ရိုးယဉ်စွာ ဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ်….။
နော်ဖောအယ်ထားရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးလျက်ရှိပြီး အသစ်သစ်သော ရိုက်ကွင်းတွေ အတွက် ကြိုးစားပြင်ဆင်နေတာဖြစ်ပါတယ်…။ နော်ဖောအယ်ထားက သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေထွက်လေ့ရှိပြီး ခရီးသွား မှတ်တမ်းပုံရိပ်လေးတွေကိုလည်း ရိုက်ကူးတင်ဆက်ပေးလေ့ရှိတာပါနော်…။ စင်ကာပူနိုင်ငံမှာလည်း ပညာတော်သင်သွားရောက် ကျောင်းတက်ခဲ့တဲ့သူမကတော့ အနုပညာဘက်မှာတင်မဟုတ်ပဲ ပညာရေးဘက်မှာပါ ထူးချွန်သူဖြစ်ပါတယ်…။
နော်ဖောအယ်ထားက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။ အခုတစ်ခါမှာဆိုရင်လည်း “Sweet but psycho” ဆိုတဲ့ status လေးနဲ့အတူ photographer ရိုက်ကူးပေးထားတဲ့ အလှပုံရိပ်လေးတွေကို တင်ဆက်ထားတာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။Myanmarload