နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး ဟန်နာယူရီ
နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး ဟန်နာယူရီ 1
နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး ဟန်နာယူရီ 2
နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး ဟန်နာယူရီ 3
နုပျိုလှပတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေသူလေး ဟန်နာယူရီ 4
Unicode Version
ဟန်နာယူရီဆိုပြီး ပရိတ်သတ်တွေလက်ခံအားပေးတဲ့နေရာတစ်ခုကို အတိုင်းအတာတစ်ခုအထိပိုင်ဆိုင်ထားတဲ့ ယင်းဟာ အားလုံးရဲ့အချစ်တော်လေးပါပဲနော်။ မျက်နှာပေါက်လေးက ကိုရီးယားအရမ်းဆန်ပြီးတော့ ကပြားမလေးပီပီ အလှသွေးကြွယ်လွန်းတာကြောင့် ယောက်ျားလေးပရိတ်သတ်တွေတင်သာမက မိန်းကလေးအချင်းချင်းလည်း အချစ်ပိုအားပေးခြင်းကိုခံနေရပါတယ်နော်။
သူမဟာ short filmလေးတွေ နဲ့ ကြော်ငြာလေးတွေကို ရိုက်ဖြစ်နေတာတွေ့ရပြီးတော့ အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားလျှောက်လှမ်းနေခဲ့ပါတယ်နော်။ သူမရဲ့ နောက်ထပ်ကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ Make-up ပိုင်းမှာဆိုရင်လည်း ကိုယ်ပိုင် သင်တန်းလေးဖွင့်ပြီးတော့ သူမရဲ့အသိပညာတွေကိုမျှဝေပေးတဲ့ ဆရာမလေးတစ်ယောက်ဖြစ်လို့နေခဲ့ပါပြီနော်။
နဂိုကလည်း ချစ်စရာကောင်းပြီးသားဖြစ်တဲ့ ဟန်နာယူရီယာ အရမ်းကြီးပြင်ဆင်နေစရာတောင်မလိုဘဲ လှနေပြီးသာသူလေးတစ်ယောက်ပါနော်။ ပြည့်တင်းတဲ့မျက်နှာလေးနဲ့ မျက်လုံးပြူးပြူးလေးတို့က ဘာဘီရုပ်မလေးအလားထင်မှတ်မှားစေနိုင်လောက်အောင် လှလွန်းချစ်စရာကောင်းလွန်းနေတဲ့အတွက် ပရိတ်သတ်တွေ ချစ်ပြီးရင်း ချစ်နေခဲ့ကြရပါတယ်နော်။ အခုလည်း အရုပ်လေးတစ်ရုပ်လို့တောင်ထင်မှတ်မှားစေနိုင်လောက်မယ့်သူမရဲ့ ပုံလှလှလေးတွေကို လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာကိုတွေ့ရပါတယ်နော်။ကဲ… ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းလောက်အောင်လှပလွန်းနေတဲ့ ယင်းလေးရဲ့ အကြွေတစ်လိုင်းပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Myanmarload