နိုင်ငံရပ်ခြားမှာ အနုပညာနဲ့ပတ်သတ်ပြီး ကျောင်းသွားတက်နေတဲ့ ပိုင်ဖြိုးသု
နိုင်ငံရပ်ခြားမှာ အနုပညာနဲ့ပတ်သတ်ပြီး ကျောင်းသွားတက်နေတဲ့ ပိုင်ဖြိုးသု 1
နိုင်ငံရပ်ခြားမှာ အနုပညာနဲ့ပတ်သတ်ပြီး ကျောင်းသွားတက်နေတဲ့ ပိုင်ဖြိုးသု 2
နိုင်ငံရပ်ခြားမှာ အနုပညာနဲ့ပတ်သတ်ပြီး ကျောင်းသွားတက်နေတဲ့ ပိုင်ဖြိုးသု 3
နိုင်ငံရပ်ခြားမှာ အနုပညာနဲ့ပတ်သတ်ပြီး ကျောင်းသွားတက်နေတဲ့ ပိုင်ဖြိုးသု 4
နိုင်ငံရပ်ခြားမှာ အနုပညာနဲ့ပတ်သတ်ပြီး ကျောင်းသွားတက်နေတဲ့ ပိုင်ဖြိုးသု 5
Unicode Version
သုသုလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ ပိုင်ဖြိုးသုကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။သူမရဲ့ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကြောင့် လူကြီးလူငယ်မရွးချစ်ခင်အားပေးကြတဲ့ မင်းသမီးတစ်ဦးဆိုလည်း မမှားပါဘူးနော်။မကြာသေးမီကသူမရဲ့ချစ်သူ ဒါရိုက်တာဏကြီးနဲ့ လက်ထပ်လိုက်တာဖြစ်ပြီး ပျော်ရွှင်စရာကောင်းလှတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားတာပါ။
လတ်တလောမှာတော့ပိုင်ဖြိုးသုဟာ New Yorkမြို့က နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ New York Film Academyကျောင်းကြီးမှာ Artingပိုင်းနဲ့ပတ်သက်ပြီး သွားရောက်သင်ယူမှာဖြစ်ပြီး ကျောင်းက (၁)လခွဲလောက်ကြာမှာလို့လည်း သိရပါတယ်။လက်ရှိမှာတော့ ပိုင်ဖြိုးသုက နယူယောက်မြို့ကိုကြိုတင်ရောက်ရှိနေတာဖြစ်ပြီး
“သုသု New Yorkရောက်နေပါပြီ။ ရောက်ရောက်ချင်း jet lagတွေရနေလို့ ဘာပုံမှမတင်ဖြစ်တာပါ။(သုသုရဲ့ Vitamin Tလေးတွေစိတ်ပူနေမှာစိုးလို့)ကျောင်းက August (5)ရက်မှစတက်ရမှာမို့ ခုလောလောဆယ်‌တော့‌မေမေ့သူငယ်ချင်းအန်တီတွေရဲ့အိမ်တွေလှည့်လည်မုန့်တွေစားနေပါတယ်လို့။ဒီပုံလေးက မေမေ့သူငယ်ချင်းအန်တီမေသီခအိမ်ရှေ့မှာ အန်တီမေသီကိုယ်တိုင်ရိုက်ပေးထားတာ “ဆိုပြီး နယူယောက်မြို့မှာ ရိုက်ကူးထားတဲ့ပုံလေးနဲ့အတူဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ရေခြားမြေခြားမှာသွားရောက်ပညာသင်ကြားနေတဲ့ သုသုပတွက် အားပေးစကားလေးတွေပြောသွားပေးပါဦးနော်။Celegabar
Be the first to comment
Leave a Reply
Your email address will not be published.
*