၄၅ႏွစ္လံုးလံုး အိမ္ငွားေနၿပီး အႏုပညာအလုပ္ေတြ လုပ္ခဲ့တယ္ဆိုတဲ့ မလံုးတင္

ဟိုးလြန္ခဲ့တဲ့နွစ္ေတြအၾကာၾကီးကတည္းက အခုအခ်ိန္အထိ ရုပ္ရွင္ ဗီဒီယုိကားေတြမွာ ဟာသသရုပ္ေဆာင္အျဖစ္ေရာ ဇာတ္ပုိ႔ဇာတ္ရံေနရာေတြကပါ က်ရုာဇာတ္ရုပ္ကုိ ပို္င္နုိင္စြာသရုပ္ေဆာင္တတ္တဲ့ မလံုးတင္ကုိ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရင္းနီးျပီးသားျဖစ္ၾကမွာပါ။ အခုေနာက္ပိုင္းကာလေတြမွာ ပရိသတ္နဲ႔အဆက္ျပတ္ေနတာၾကာျပီျဖစ္တဲ့ မလံုးတင္က မၾကာေသးမီက MC နဲ႔ အင္တာဗ်ဴးမွာ ျဖတ္သန္းခဲ့တဲ့ အနုပညာခရီးလမ္းအေၾကာင္းကုိ စားျမံဳ႕ျပန္ေျပာျပသြားပါတယ္။

၄၅ႏွစ္လံုးလံုး အိမ္ငွားေနၿပီး အႏုပညာအလုပ္ေတြ လုပ္ခဲ့တယ္ဆိုတဲ့ မလံုးတင္ 1

မလံုးတင္က အနုပညာအလုပ္စလုပ္ကတည္းက (၄၅)နွစ္ၾကာေအာင္ေနျဖစ္တဲ့အိမ္ေလးအေၾကာင္းကုိ “အိမ္ေထာင္စက်ကတည္းက ဒီအိမ္ကုိေရာက္လာခဲ့တာေပါ့ေနာ္္။ ဒီအိမ္မွာေနတာ ၄၅နွစ္ေလာက္ေတာ့ရွိျပီ။ အန္တီလံုး သားၾကီးတစ္သက္ေပါ့။ အန္တီလံုးရဲ႕အမ်ိဳးသားက ဦးလွရွိန္လို႔ေခၚတယ္။ သူလည္း အန္တီလံုးလိုပဲအနုပညာလုပ္ငန္းလုပ္တယ္။ ရုပ္ရွင္လုပ္ငန္းလုပ္တယ္။ အန္တီလံုးတို႔ရဲ႕ မိသားစုေလးက ဒီအိမ္ေလးမွာပဲေနခဲ့ၾကတာ။ ဒီအိမ္ေလးမွာပဲေနျပီးအနုပညာအလုပ္ေတြလုပ္တယ္။ အန္တီလံုးအမ်ိဳးသားကလည္း အခုဆိုဆံုးသြားခဲ့တာၾကာခဲ့ပါျပီ။ဆယ့္နွစ္နွစ္ရွိျပီ”လို႔ ေျပာသြားခဲ့ပါတယ္။

၄၅ႏွစ္လံုးလံုး အိမ္ငွားေနၿပီး အႏုပညာအလုပ္ေတြ လုပ္ခဲ့တယ္ဆိုတဲ့ မလံုးတင္ 2

အနုပညာေလာကထဲကုိစေရာက္လာခဲ့ပံုကုိ မလံုးတင္က “အန္တီလံုးရဲ႕ လက္ဦးဆရာက အဆိုေတာ္သရုပ္ေဆာင္ဒါရိုက္တာ ဦးသန္းေဖေလးပါ။ ဦးသန္းေဖေလးဒါရိုက္တာလုပ္ျပီးရိုက္တဲ့ လြမ္းပုိေအာင္ဆိုတဲ့ ဗီဒီယုိကားေလးနဲ႔ရိုက္ျဖစ္တာ။ အန္တီလံုးတို႔ အလွျပင္ဆိုင္ေလးမွာ ဦးသန္းေဖေလးက အျမဲတမ္းဆံပင္လာညွပ္တယ္။ အဲဒီကတည္းက လံုးတင္ နင္ရုပ္ရွင္ရိုက္မလားဆိုေတာ့ ရိုက္မယ္ေပါ့။ အဲဒီ လြမ္းပိုေအာင္ဆိုတဲ့ကားမွာက်ေတာ့ တကယ္လာေခၚတာ။ နက္ျဖန္ငါ့အိမ္လာခဲ့ ကန္ေတာ့ပြဲရွိတယ္။ နင္ပါမွာနင့္ကိုထည့္ရိုက္မွာဆိုေတာ့ တကယ္ရို္က္ရမွာလားဆိုေတာ့ တကယ္ေပါ့တဲ့။ အဲဒီအခ်ိန္ကေနစျပီး လံုးတင္ဆိုတဲ့နာမည္ေလးကုိ ဆရာဦးသန္းေဖေလးက တင္ေပးခဲ့တဲ့အတြက္အခုအခ်ိန္အထိ လံုးတင္ျဖစ္ေနခဲ့တာပါ”လို႔ ေျပာျပထားပါတယ္။

၄၅ႏွစ္လံုးလံုး အိမ္ငွားေနၿပီး အႏုပညာအလုပ္ေတြ လုပ္ခဲ့တယ္ဆိုတဲ့ မလံုးတင္ 3

အရင္ေခတ္တုန္းက ရုပ္ရွင္ေလာကအေၾကာင္းကို မလံုးတင္က “တစ္ခ်ိန္တုန္းက ရုပ္ရွင္ေလာက ဗီဒီယုိေလာကဆိုတာ အရမ္းေကာင္းလာခဲ့တာေလ။အန္တီလံုးတို႔ လုပ္တဲ့ေခတ္မွာဆိုရင္ ေတာ္ေတာ္ေကာင္းတာ။ အန္တီလံုးတုိ႔တစ္ေန႔ုကို သံုးကားေလာက္ကုိခုတ္တာ။ဟုိေျပးဒီေျပး အဲ့လိုေတြခုတ္ၾကတာ။ အဲဒီေခတ္တုန္းကဆိုရင္ အခုေခတ္မွာ ခုတ္စရာလည္းမရွိဘူး။ ကားလည္းမရွိေတာ့ဘူး။ ဒီသရုပ္ေဆာင္ေတြဇာတ္ပုိ႔ဇာတ္ရံေတြက အခုေခတ္မွာ တစ္ဖက္မွာ ေျခကုပ္စရာမရွိရင္ဘယ္လိုမွအဆင္မေျပနုိင္ဘူးလို႔ထင္တာပဲ။ ကုိယ္က ဒါပဲလုပ္တတ္တာေလ။ ဒီျပင္စီးပြားေရးလည္း လုပ္စားတတ္ဖို႔က လမ္းမျမင္ဘူး။ အခုအန္တီလံုးလုပ္ေနတဲ့အလုပ္ေတာင္မွ မလုပ္ေတာ့ဘူး။သားသမီးေက်ာေထာက္ေနာက္ခံေလးရွိလို႔ ကုိယ့္အဖို႔ေတာ့ နည္းနည္းေတာ့အသက္ရႈေခ်ာင္တယ္လို႔ေျပာရမွာေပ့ါ”လို႔ ေျပာထားပါတယ္။

၄၅ႏွစ္လံုးလံုး အိမ္ငွားေနၿပီး အႏုပညာအလုပ္ေတြ လုပ္ခဲ့တယ္ဆိုတဲ့ မလံုးတင္ 4

လက္ရွိအနုပညာအလုပ္ေတြကုိေတာ့ မလံုးတင္က “မၾကာေသးမီကမွထြက္သြားတဲ့ ကြ်န္မက မေဟသီဆိုတဲ့ဇာတ္လမ္းတြဲေလးမွာ အန္တီလံုးက ဘိုးဘြားရိပ္သာက အဖြားအိုၾကီးအျဖစ္သရုပ္ေဆာင္ရေတာ့ပရိသတ္က အန္တီလံုးကုိသိသထက္ပုိသိသြားတာေပ့ါ။ ျပီးခဲ့တ့ဲေလးငါးေျခာက္နွစ္တုန္းက ရို္က္ထားတဲ့ ဟာသေက်းရြာဆိုတဲ့ဇာတ္ကားမွာေတာ့ လက္တုန္ျပီးေတာ့ နတ္ေခၚရတဲ့အေမတုန္ဆိုတဲ့ ေနရာနဲ႔ နာမည္ေလးရခဲ့တယ္ေပါ့။ အခုေတာ့ ဆန္းဦးရဲ႕အဖြား ေဒၚျမျမစန္းဆိုျပီးေတာ့ နာမည္ေလးတစ္လံုးရတယ္။ ပရိသတ္ေတြက ဒါဆန္းဦးအဖြားေပါ့ ဒါအေမတုန္ေလလို႔ေျပာၾကတဲ့အခါမွာအရမ္းပီတိျဖစ္တယ္”လို႔လည္းရင္ဖြင့္ထားပါတယ္။Nanmalgyi

Unicode Version

ဟိုးလွန်ခဲ့တဲ့နှစ်တွေအကြာကြီးကတည်းက အခုအချိန်အထိ ရုပ်ရှင် ဗီဒီယိုကားတွေမှာ ဟာသသရုပ်ဆောင်အဖြစ်ရော ဇာတ်ပို့ဇာတ်ရံနေရာတွေကပါ ကျရုာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်တတ်တဲ့ မလုံးတင်ကို ပရိသတ်တော်တော်များများရင်းနီးပြီးသားဖြစ်ကြမှာပါ။ အခုနောက်ပိုင်းကာလတွေမှာ ပရိသတ်နဲ့အဆက်ပြတ်နေတာကြာပြီဖြစ်တဲ့ မလုံးတင်က မကြာသေးမီက MC နဲ့ အင်တာဗျူးမှာ ဖြတ်သန်းခဲ့တဲ့ အနုပညာခရီးလမ်းအကြောင်းကို စားမြုံ့ပြန်ပြောပြသွားပါတယ်။

မလုံးတင်က အနုပညာအလုပ်စလုပ်ကတည်းက (၄၅)နှစ်ကြာအောင်နေဖြစ်တဲ့အိမ်လေးအကြောင်းကို “အိမ်ထောင်စကျကတည်းက ဒီအိမ်ကိုရောက်လာခဲ့တာပေါ့နော်။ ဒီအိမ်မှာနေတာ ၄၅နှစ်လောက်တော့ရှိပြီ။ အန်တီလုံး သားကြီးတစ်သက်ပေါ့။ အန်တီလုံးရဲ့အမျိုးသားက ဦးလှရှိန်လို့ခေါ်တယ်။ သူလည်း အန်တီလုံးလိုပဲအနုပညာလုပ်ငန်းလုပ်တယ်။ ရုပ်ရှင်လုပ်ငန်းလုပ်တယ်။ အန်တီလုံးတို့ရဲ့ မိသားစုလေးက ဒီအိမ်လေးမှာပဲနေခဲ့ကြတာ။ ဒီအိမ်လေးမှာပဲနေပြီးအနုပညာအလုပ်တွေလုပ်တယ်။ အန်တီလုံးအမျိုးသားကလည်း အခုဆိုဆုံးသွားခဲ့တာကြာခဲ့ပါပြီ။ဆယ့်နှစ်နှစ်ရှိပြီ”လို့ ပြောသွားခဲ့ပါတယ်။

အနုပညာလောကထဲကိုစရောက်လာခဲ့ပုံကို မလုံးတင်က “အန်တီလုံးရဲ့ လက်ဦးဆရာက အဆိုတော်သရုပ်ဆောင်ဒါရိုက်တာ ဦးသန်းဖေလေးပါ။ ဦးသန်းဖေလေးဒါရိုက်တာလုပ်ပြီးရိုက်တဲ့ လွမ်းပိုအောင်ဆိုတဲ့ ဗီဒီယိုကားလေးနဲ့ရိုက်ဖြစ်တာ။ အန်တီလုံးတို့ အလှပြင်ဆိုင်လေးမှာ ဦးသန်းဖေလေးက အမြဲတမ်းဆံပင်လာညှပ်တယ်။ အဲဒီကတည်းက လုံးတင် နင်ရုပ်ရှင်ရိုက်မလားဆိုတော့ ရိုက်မယ်ပေါ့။ အဲဒီ လွမ်းပိုအောင်ဆိုတဲ့ကားမှာကျတော့ တကယ်လာခေါ်တာ။ နက်ဖြန်ငါ့အိမ်လာခဲ့ ကန်တော့ပွဲရှိတယ်။ နင်ပါမှာနင့်ကိုထည့်ရိုက်မှာဆိုတော့ တကယ်ရိုက်ရမှာလားဆိုတော့ တကယ်ပေါ့တဲ့။ အဲဒီအချိန်ကနေစပြီး လုံးတင်ဆိုတဲ့နာမည်လေးကို ဆရာဦးသန်းဖေလေးက တင်ပေးခဲ့တဲ့အတွက်အခုအချိန်အထိ လုံးတင်ဖြစ်နေခဲ့တာပါ”လို့ ပြောပြထားပါတယ်။

အရင်ခေတ်တုန်းက ရုပ်ရှင်လောကအကြောင်းကို မလုံးတင်က “တစ်ချိန်တုန်းက ရုပ်ရှင်လောက ဗီဒီယိုလောကဆိုတာ အရမ်းကောင်းလာခဲ့တာလေ။အန်တီလုံးတို့ လုပ်တဲ့ခေတ်မှာဆိုရင် တော်တော်ကောင်းတာ။ အန်တီလုံးတို့တစ်နေ့ုကို သုံးကားလောက်ကိုခုတ်တာ။ဟိုပြေးဒီပြေး အဲ့လိုတွေခုတ်ကြတာ။ အဲဒီခေတ်တုန်းကဆိုရင် အခုခေတ်မှာ ခုတ်စရာလည်းမရှိဘူး။ ကားလည်းမရှိတော့ဘူး။ ဒီသရုပ်ဆောင်တွေဇာတ်ပို့ဇာတ်ရံတွေက အခုခေတ်မှာ တစ်ဖက်မှာ ခြေကုပ်စရာမရှိရင်ဘယ်လိုမှအဆင်မပြေနိုင်ဘူးလို့ထင်တာပဲ။ ကိုယ်က ဒါပဲလုပ်တတ်တာလေ။ ဒီပြင်စီးပွားရေးလည်း လုပ်စားတတ်ဖို့က လမ်းမမြင်ဘူး။ အခုအန်တီလုံးလုပ်နေတဲ့အလုပ်တောင်မှ မလုပ်တော့ဘူး။သားသမီးကျောထောက်နောက်ခံလေးရှိလို့ ကိုယ့်အဖို့တော့ နည်းနည်းတော့အသက်ရှုချောင်တယ်လို့ပြောရမှာပေ့ါ”လို့ ပြောထားပါတယ်။

လက်ရှိအနုပညာအလုပ်တွေကိုတော့ မလုံးတင်က “မကြာသေးမီကမှထွက်သွားတဲ့ ကျွန်မက မဟေသီဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ အန်တီလုံးက ဘိုးဘွားရိပ်သာက အဖွားအိုကြီးအဖြစ်သရုပ်ဆောင်ရတော့ပရိသတ်က အန်တီလုံးကိုသိသထက်ပိုသိသွားတာပေ့ါ။ ပြီးခဲ့တဲ့လေးငါးခြောက်နှစ်တုန်းက ရိုက်ထားတဲ့ ဟာသကျေးရွာဆိုတဲ့ဇာတ်ကားမှာတော့ လက်တုန်ပြီးတော့ နတ်ခေါ်ရတဲ့အမေတုန်ဆိုတဲ့ နေရာနဲ့ နာမည်လေးရခဲ့တယ်ပေါ့။ အခုတော့ ဆန်းဦးရဲ့အဖွား ဒေါ်မြမြစန်းဆိုပြီးတော့ နာမည်လေးတစ်လုံးရတယ်။ ပရိသတ်တွေက ဒါဆန်းဦးအဖွားပေါ့ ဒါအမေတုန်လေလို့ပြောကြတဲ့အခါမှာအရမ်းပီတိဖြစ်တယ်”လို့လည်းရင်ဖွင့်ထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*