ျမန္မာ အို္င္ေဒါ Season-4 မွာ ဒို္င္အျဖစ္ ျမင္ေတြ႕ရဖြယ္မရွိေတာ့တဲ့ ရန္ေအာင္

ျမန္မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲ Season – 4 တြင္ ဒိုင္အျဖစ္ ကမ္းလွမ္းထားျခင္း မရွိေၾကာင္း ၿပီးခဲ့သည့္ႏွစ္က ဒိုင္အျဖစ္ ပါဝင္ခဲ့သည့္ ရန္ေအာင္ကေျပာသည္။ျပန္စေတာ့မယ္ဆိုရင္ ေတာ့ မပါတာေသခ်ာၿပီ။ အရင္က မစခင္ သံုးလေလာက္ကတည္း က အားသည္၊ မအားသည္ ေျခာက္လ၊ ခုနစ္လ အခ်ိန္ယူတာ ကိုး။ အစီအစဥ္ေတြ ထြက္လာၿပီး အခ်ိန္ေတြ အမ်ားႀကီးေပးရတာ’’ ဟု ရန္ေအာင္က ေျပာသည္။ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲ Season -3 တြင္ ရန္ေအာင္က ျမန္မာျပည္သိန္းတန္၊ မ်ဳိးေက်ာ့ၿမိဳင္ ၊ တင္ဇာေမာ္တို႔ႏွင့္အတူ ဒိုင္တစ္ဦးအျဖစ္ ပါဝင္ခဲ့သည္။

ျမန္မာ အို္င္ေဒါ Season-4 မွာ ဒို္င္အျဖစ္ ျမင္ေတြ႕ရဖြယ္မရွိေတာ့တဲ့ ရန္ေအာင္ 1

ျမန္မာ အို္င္ေဒါ Season-4 မွာ ဒို္င္အျဖစ္ ျမင္ေတြ႕ရဖြယ္မရွိေတာ့တဲ့ ရန္ေအာင္ 2

‘‘ဟိုဘက္ အဖြဲ႕အစည္းေတြကိုလည္း လူစာရင္းေတြ ပို႔ေပးရတယ္လို႔ ၾကားပါတယ္။ ဟိုဘက္ကျပန္ ေရြးေပးတဲ့လူေတြကို ဒိုင္အျဖစ္ေရြးခ်ယ္တာ’’ဟု ျမန္မာအိုင္ေဒါက ဒိုင္အျဖစ္ ေရြးခ်ယ္မႈအေပၚ ၎၏အျမင္ကို ေျပာသည္။ထုတ္လုပ္သူအေနျဖင့္ဇာတ္ကားမ်ား ႐ို္က္ကူးရန္ရွိၿပီး ပထမဆံုး႐ိုက္ကူးရန္ စီစဥ္ထား သည့္ ဇာတ္ကားသည္ သ႐ုပ္ေဆာင္အင္အားမ်ားေသာေၾကာင့္ ႐ိုက္ကူးရန္ ရက္ညႇိေနရေၾကာင္း ရန္ေအာင္က ေျပာသည္။

ျမန္မာ အို္င္ေဒါ Season-4 မွာ ဒို္င္အျဖစ္ ျမင္ေတြ႕ရဖြယ္မရွိေတာ့တဲ့ ရန္ေအာင္ 3

ျမန္မာ အို္င္ေဒါ Season-4 မွာ ဒို္င္အျဖစ္ ျမင္ေတြ႕ရဖြယ္မရွိေတာ့တဲ့ ရန္ေအာင္ 4

ထုတ္လုပ္ေရး လုပ္ျဖစ္သည့္ အေၾကာင္းကို ‘‘ထုတ္လုပ္ေရး လုပ္တယ္ဆိုတာက ကိုယ္႐ိုက္ဖို႔အတြက္ ထုတ္႐ိုက္တာ မဟုတ္ဘူး။ ႐ုပ္ရွင္ ေလာကသားေတြ လည္း အဆင္ေျပေအာင္၊ ပရိသတ္ေတြလည္း ဇာတ္လမ္းေကာင္းေတြ ၾကည့္ရေအာင္’’ ဟု ရန္ေအာင္က ေျပာသည္။ပထမဆံုး ဇာတ္ကားကို ဟာသဇာတ္လမ္း႐ိုက္ကူးရန္ စီစဥ္ထားေသာ္လည္း လက္ရွိတြင္ ပရိသတ္အားေပးမႈအေပၚ မူတည္၍ ေရြးခ်ယ္မည္ဟု ၎ကဆိုသည္။7DaysNews

Unicode Version

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ Season – 4 တွင် ဒိုင်အဖြစ် ကမ်းလှမ်းထားခြင်း မရှိကြောင်း ပြီးခဲ့သည့်နှစ်က ဒိုင်အဖြစ် ပါဝင်ခဲ့သည့် ရန်အောင်ကပြောသည်။ပြန်စတော့မယ်ဆိုရင် တော့ မပါတာသေချာပြီ။ အရင်က မစခင် သုံးလလောက်ကတည်း က အားသည်၊ မအားသည် ခြောက်လ၊ ခုနစ်လ အချိန်ယူတာ ကိုး။ အစီအစဉ်တွေ ထွက်လာပြီး အချိန်တွေ အများကြီးပေးရတာ’’ ဟု ရန်အောင်က ပြောသည်။မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season -3 တွင် ရန်အောင်က မြန်မာပြည်သိန်းတန်၊ မျိုးကျော့မြိုင် ၊ တင်ဇာမော်တို့နှင့်အတူ ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

‘‘ဟိုဘက် အဖွဲ့အစည်းတွေကိုလည်း လူစာရင်းတွေ ပို့ပေးရတယ်လို့ ကြားပါတယ်။ ဟိုဘက်ကပြန် ရွေးပေးတဲ့လူတွေကို ဒိုင်အဖြစ်ရွေးချယ်တာ’’ဟု မြန်မာအိုင်ဒေါက ဒိုင်အဖြစ် ရွေးချယ်မှုအပေါ် ၎င်း၏အမြင်ကို ပြောသည်။ထုတ်လုပ်သူအနေဖြင့်ဇာတ်ကားများ ရိုက်ကူးရန်ရှိပြီး ပထမဆုံးရိုက်ကူးရန် စီစဉ်ထား သည့် ဇာတ်ကားသည် သရုပ်ဆောင်အင်အားများသောကြောင့် ရိုက်ကူးရန် ရက်ညှိနေရကြောင်း ရန်အောင်က ပြောသည်။

ထုတ်လုပ်ရေး လုပ်ဖြစ်သည့် အကြောင်းကို ‘‘ထုတ်လုပ်ရေး လုပ်တယ်ဆိုတာက ကိုယ်ရိုက်ဖို့အတွက် ထုတ်ရိုက်တာ မဟုတ်ဘူး။ ရုပ်ရှင် လောကသားတွေ လည်း အဆင်ပြေအောင်၊ ပရိသတ်တွေလည်း ဇာတ်လမ်းကောင်းတွေ ကြည့်ရအောင်’’ ဟု ရန်အောင်က ပြောသည်။ပထမဆုံး ဇာတ်ကားကို ဟာသဇာတ်လမ်းရိုက်ကူးရန် စီစဉ်ထားသော်လည်း လက်ရှိတွင် ပရိသတ်အားပေးမှုအပေါ် မူတည်၍ ရွေးချယ်မည်ဟု ၎င်းကဆိုသည်။7DaysNews

Be the first to comment

Leave a Reply

Your email address will not be published.


*