မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား ဆယ်လီဇနီးမောင်နှံ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား ဆယ်လီဇနီးမောင်နှံ 1
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား ဆယ်လီဇနီးမောင်နှံ 2
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား ဆယ်လီဇနီးမောင်နှံ 3
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား ဆယ်လီဇနီးမောင်နှံ 4
Unicode Version
အချစ်စစ်မှာ ဘယ်အရာမှ အတားအဆီးနဲ့ပိတ်ပင်လို့ မရနိုင်ပါဘူး။ အချစ်တစ်ခုကို ချစ်ကြတဲ့အချိန်မှာလည်း အပေါ်ယံအလှတရားတွေဟာ မလိုအပ်မှန်း နာမည်ကြီး ဆယ်လီစုံတွဲတချို့ကို ကြည့်ရင်း သိရှိနိုင်ပါတယ်နော်။
အပေါ်ယံအလှတရားတွေဟာ ခဏတာအတွက်သာ ပျော်ရွှင်မှုတွေကိုဖန်တီးနိုင်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ၊ သစ္စာရှိမှုတွေကသာလျှင် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကောင်းကောင်းအထောက်အပံ့ပေးနိုင်ခဲ့တာပါ။
အွန်လိုင်းပေါ်မှာလည်း အချစ်စစ်တစ်ခုကြောင့် အပေါ်ယံအလှတရားကိုလျစ်လျူရှုပြီး ပေါင်းဖက်သွားတဲ့ ဆယ်လီစုံတွဲတွေကို ပရိသတ်တွေ သိရှိမှာပါ။ ဖြူဖွေးဝင်းအိနေတဲ့အသားအရည်နဲ့ ချစ်ဖို့ကောင်းတဲ့အသွင်အပြင်ရှိသူ ကမ္ဘောဒီးယား ကောင်မလေးတစ်ယောက်ဟာ သူမနဲ့ဆန့်ကျင်ဘက်အသားအရည်ပိုင်ဆိုင်သူ တစ်ဦးနဲ့ ဘဝတစ်ခုကို ပေါင်းဖက်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့ (၂) ဦးရဲ့အသားအရည်ဟာ ကွဲပြားခြားနားလွန်းလှတာကြောင့် လူမှုကွန်ယက်ပေါ်မှာ ရှယ်လုပ်သူ၊ မှတ်ချက်ပေးသူတွေနဲ့ ပေါ်ပြူလာဖြစ်ခဲ့တာတွေ့ရပါတယ်။ သူတို့ (၃) ဦးရဲ့ဓာတ်ပုံတွေကြောင့် အချစ်မှာ မျက်စိမရှိပါလားဆိုတဲ့ မှတ်ချက်ရေးသားမှုတွေကိုလည်း တွေ့ရပါတယ်။
ဒီကမ္ဘောဒီးယားဇနီးမောင်နှံဟာ ခုဆိုရင် သားသမီးလေးတွေတောင် ထွန်းကားနေပါပြီနော်။ ထူးခြားတာကတော့ သူတို့ နှစ်ဦးဟာ လက်ရှိမှာ မြန်မာနိုင်ငံကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက အထင်ကရမြို့ကြီးတစ်မြို့ဖြစ်တဲ့ မန္တလေးကိုရောက်ရှိနေပြီးတော့ တန်ခိုးကြီးဘုရားတွေကိုလည်း သွားရောက်ဖူးမြော် လည်ပတ်နေတာ တွေ့ရပါတယ်။ဒါ့အပြင် သူမကလည်း မြန်မာ့ရိုးရာဝတ်စုံ လေးကိုဝတ်ဆင်ပြီး အတော်သဘောကျနှစ်ခြိုက်နေတာကို တွေ့ရပါတယ်။ဆယ်လီဇနီးမောင်နှံ (၂) ဦးရဲ့ မြန်မာနိုင်ငံရောက်ရှိနေတဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
Be the first to comment
Leave a Reply
Your email address will not be published.
*