မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ မိုးစက်ဝိုင်
မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ မိုးစက်ဝိုင် 1
မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ မိုးစက်ဝိုင် 2
မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ မိုးစက်ဝိုင် 3
မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ မိုးစက်ဝိုင် 4
Unicode Version
ပရိသတ်ကြီးရေ….”Miss Universe Myanmar 2013″ ဆုရှင်ဖြစ်တဲ့ မိုးစက်ဝိုင်ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်…။ သူမဟာဆိုရင် “နိုင်ငံံကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် အနုပညာလောကထဲသို့ ဝင်ရောက်လာတာဖြစ်ပြီး” အခုလက်ရှိတိုင် အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာပါ…။ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်ထက်မြတ်တဲ့ သူမဟာဆိုရင် ” Myanmar’s Heart – မြန်မာ့နှလုံးသား” ဆိုတဲ့ လူမှုကူညီရေး ပရဟိတအဖွဲ့အစည်းကို တည်ထောင်ထားသူလေးလည်းဖြစ်ပါတယ်…။
မိုးစက်ဝိုင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလက်ခံရိုက်ကူးလျက်ရှိပြီး ရုပ်ရှင်ဇာတ်လမ်းတွဲကိုလည်း လက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်…။ လူသားတိုင်းအပေါ် ရိုးသားဖြူစင်စွာချစ်ခင်ပေါင်းသင်းတဲ့ အတွက်ကြောင့် သူမရဲ့စိတ်ထားအလှဟာလည်း ရိုးရှင်းတဲ့သူမမျက်နှာပေါ်မှာပေါ်လွင်နေတာဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးဟာတည်ငြိမ်လျက်ရှိပြီး သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးထွက်လေ့ရှိကာ ကမ်းခြေထက်က ပုံရိပ်လေးတွေဟာဆိုရင်လည်း တစ်ကယ့်ကိုစွဲမက်စေတာပါနော်…။
မိုးစက်ဝိုင်က ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲ ဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း “ရန်ကုန်သို့ပြန်ရောက်ပါပြီရှင့် .. ရောက်တာနဲ့ မြန်မာမလေးပြန်ဖြစ်သွားရော .အထူးသတိပြုရန်ကတော့ ဝလာတာမဟုတ်ပါ .. လှလာတာ…ဝတ်စုံလေးကိုအရမ်းကြိုက်လို့ ဒီနေ့တကူတကပုံထရိုက်ရတာ . Shayi ရဲ့ ဒီဇိုင်းလေး..” ဆိုတဲ့ status လေးနဲ့ တကွ မြန်မာဝတ်စုံလေးတွေနဲ့ ရိုက်ကူးထားခဲ့တဲ့ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး ပရိသတ်ကြီးအတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်…။Myanmarload