မြင်သူတကာ ငေးမောသွားရလောက်တဲ့ ဟန်နာယူရီရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ
မြင်သူတကာ ငေးမောသွားရလောက်တဲ့ ဟန်နာယူရီရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ 1
မြင်သူတကာ ငေးမောသွားရလောက်တဲ့ ဟန်နာယူရီရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ 2
မြင်သူတကာ ငေးမောသွားရလောက်တဲ့ ဟန်နာယူရီရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ 3
Unicode Version
အသားအရေလေးက ကြွေရုပ်လေးလို ဖြူဝင်းနေပြီးတော့ ချစ်စရာကောင်းတဲ့ ဘာဘီရုပ်မလေးလိုမျက်နှာမျိုးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် သရုပ်ဆောင်မလေး ဟန်နာယူရီဆိုတာ ပရိတ်သတ်တွေရဲ့ အသည်းကျော်လေးပါပဲနော်။ ရိုးရိုးလေးနဲ့ ချစ်ဖို့အရမ်းကောင်းသူလေးလည်းဖြစ်တဲ့အတွက် လတ်တလောမှာဆိုရင် လူမှုကွန်ယက်ပေါ်မှာ အရမ်းကိုရေပန်းစားပြီး တစ်ခဲနက်အားပေးခြင်းကိုခံနေရပါတယ်နော်။
သူမဟာ မျက်နှာလေးကလည်းအရမ်းကို ချစ်စရာကောင်းသလောက် စိတ်ထားလေးလည်းဖြူစင်သူလေးတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေ ပရဟိတတွေဆိုရင် ရှေ့ဆုံးကနေတတ်အားသရွေ့ လူကိုယ်တိုင်ပါဝင်ကုသိုလ်ယူတတ်ပါသေးတယ်နော်။ လူကောင်သေးသေးလေးဆိုပေမယ့် ဘယ်လိုပဲဝတ်ဝတ်အရမ်းကို လိုက်ဖက်တဲ့ ခန္ဓာကိုယ်လှလှလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့အတွက်ယောက်ျားလေး ပရိတ်သတ်တွေသာမက မိန်းကလေး ပရိတ်သတ်တွေကပါ သဘောကျအားပေးခြင်းကိုခံနေရသူပါနော်
အခုလည်း သူမတူအောင်ညှို့အားပြင်းလွန်းတဲ့ အနီရောင်ဖက်ရှင်လေးနဲ့ ပုရိသတွေရဲ့နှလုံးသားကို ဆွဲကိုင်လှုပ်ခဲ့ပြန်ပါပြီနော်။ ဘယ်အချိန်ကြည့်ကြည့် သဘာဝကျကျလေးလှပနေတဲ့သူမဟာ ဖြူဝင်းဖွေးဥနေတဲ့ သူမရဲ့ အသားအရေလေးနဲ့ အလွန်ပဲ လိုက်ဖက်လွန်းလှတဲ့ အနီရောင်လွင်လွင်ဖက်ရှင်လေးဟာ ပရိတ်သတ်တွေကို လုံးဝမျက်စိပသာဒဖြစ်စေပြီး အချစ်ပိုစေပါတယ်နော်။ကဲ… မြင်သူတိုင်းငေးမောသွားရလောက်တဲ့ ဟန်နာယူရီရဲ့ ပုံရိပ်လှလှလေးတွေကို ချစ်ရတဲ့ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။Myanmarload