ဖြူဖြူထွေးက အနာဂတ်အတွက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ဒါရိုက်တာ မြူခိုး
ဖြူဖြူထွေးက အနာဂတ်အတွက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ဒါရိုက်တာ မြူခိုး 1
ဖြူဖြူထွေးက အနာဂတ်အတွက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ဒါရိုက်တာ မြူခိုး 2
ဖြူဖြူထွေးက အနာဂတ်အတွက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ဒါရိုက်တာ မြူခိုး 3
ဖြူဖြူထွေးက အနာဂတ်အတွက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ဒါရိုက်တာ မြူခိုး 4
Unicode Version
ကြော်ငြာ များကို ရိုက်ကူးရင်း အနုပညာလောကထဲ ရောက်ရှိလာတဲ့တက်သစ်စ ဒါရိုက်တာ မြူခိုး ဟာဆိုရင် လတ်တလောမှာ ဖြူဖြူထွေး နဲ့အတူ လက်တွဲပြီး ကြော်ငြာ Video လေးတွေ ရိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဒါရိုက်တာ မြူခိုးက ဖြူဖြူထွေးနဲ့ ပတ်သက်ပြီး သူရဲ့အမြင်လေးတွေ ပြောထားတဲ့အကြောင်းကို မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
ဒါရိုက်တာ မြူခိုး က ” သူကတော်တယ်၊ ကျွန်တော် ဘာပဲခိုင်းခိုင်း သူကလုပ်နိုင်တယ် ကြိုးလည်းကြိုးစားတယ်။ ကျွန်တော်တွေ့ဖူးသမျှ သရုပ်ဆောင်တွေနဲ့မတူဘူး။ အနာဂတ်အတွက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်။သူနဲ့ပဲ နောက်ထပ်အနုပညာအလုပ်တွေ လုပ်ဖို့ရှိတယ်” လို့ ပြောထားပါတယ်။
ဖြူဖြူထွေးက စိတ်လည်းတစ်အားမြန်တယ်။ နယ်ကတက်လာတာမို့လို့ ရိုးသားကြိုးစားတယ်လို့လည်း ပြောထားပါသေးတယ်။ဖြူဖြူထွေးနဲ့ ကြော်ငြာရိုက်ဖို့ သုံးလေးခု လောက်ရှိသေးတယ်လို့ ဖြူဖြူထွေးနဲ့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်းကို ပြောထားပါတယ်။
ဒါရိုက်တာ မြူခိုး ရဲ့ဖြူဖြူထွေးအပေါ်အမြင်လေးတွေကို ပရိသတ်တွေ သိပြီးလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီး ကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။