ျဖတ္ေလ်ာက္ဘဝကေနစတင္ခဲ့ရတဲ့ သူ႔ဘဝအေၾကာင္းအရာေတြကို စာအုပ္ထုတ္ေဝသြားမယ္ဆိုတဲ့ ကိုေပါက္

သ႐ုပ္ေဆာင္ ဘဝမွာလည္း အႏုအၾကမ္းစံေအာင္သ႐ုပ္ေဆာင္ ႏိုင္ခဲ့ၿပီး အခု ဒါ႐ိုက္တာဘဝမွာလည္း ပရိသတ္ႀကီးအတြက္ ေျဖေဖ်ာ္မႈရသေတြကို ဖန္တီးေပးႏိုင္တဲ့ ဒါ႐ိုက္တာ ကိုေပါက္ကို အားလံုးပဲသိၾကမယ္ထင္ပါတယ္။ အခု သူနဲ႔ Myanmar Celebrity နဲ႔ အင္တာဗ်ဴးမွာ သူေျပာျပသြားတဲ့ အေၾကာင္းအရာေလးေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြသိေအာင္ ေျပာျပေပးလိုက္ပါတယ္ ။

ျဖတ္ေလ်ာက္ဘဝကေနစတင္ခဲ့ရတဲ့ သူ႔ဘဝအေၾကာင္းအရာေတြကို စာအုပ္ထုတ္ေဝသြားမယ္ဆိုတဲ့ ကိုေပါက္ 1

ကိုေပါက္က “ က်ေနာ္ေရးတာ က တစ္ခါက က်ေနာ္ေလွ်ာက္ခဲ့ေသာလမ္း ေပါ့ေခါင္းစဥ္ကေလ တစ္ခါက က်ေနာ္ေလွ်ာက္ခဲ့ေသာလမ္း ျဖစ္တဲ့အတြက္ က်ေနာ္ဘဝရဲ႕ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ားကို မခၽြန္းမခ်န္ေပါ့ ေရးမွာပါ ။ေနာက္ထပ္ေတာ့ က်န္ေသးတာေပါ့ တခ်ိဳ႕ဟာေတြေတာ့ တခ်ိဳ႕လူေတြရဲ႕ Personal အရေသာ္လည္း တခ်ိဳ႕ကိစၥေတြ ခ်ျပ လို႔မရတဲ့အေၾကာင္းအရာေလးေတြေလာက္ပဲ ခ်န္တာေပါ့ ။ ဒါေပမယ့္ ၇၅ ရာခိုင္ႏႈန္းေလာက္ကေတာ့ က်ေနာ္ တစ္စိတ္ တစ္ေဒသေတာ္ေတာ္မ်ားမ်ားပါတယ္ ။

ျဖတ္ေလ်ာက္ဘဝကေနစတင္ခဲ့ရတဲ့ သူ႔ဘဝအေၾကာင္းအရာေတြကို စာအုပ္ထုတ္ေဝသြားမယ္ဆိုတဲ့ ကိုေပါက္ 2

အခုမွ က်ေနာ္ရပ္သြားတာေပါ့ အပိုင္း ၁၆ မွာလားမသိ က်ေနာ္ရပ္သြားတယ္ က်ေနာ္အလုပ္ေတြ ႐ႈပ္ေတာ့ ဆက္မေရးႏိုင္ဘူး ဒါေပမယ့္ၿပီးရင္ေတာ့ က်ေနာ္ဆက္ေရးမွာပါ ။ က်ေနာ္အထင္ကေတာ့ က်ေနာ္ Schedule ဆြဲထားတာ အပိုင္း ၈၀ေလာက္ေတာ့ ထိေတာ့သြားမယ္ေပါ့ အပိုင္း၈၀ေလာက္ သြားၿပီးရင္ေတာ့ က်ေနာ္ စာအုပ္တစ္အုပ္အေနနဲ႔ လည္းအမွတ္တရ က်ေနာ္ ထုတ္ျဖစ္မွာပါ ။

ျဖတ္ေလ်ာက္ဘဝကေနစတင္ခဲ့ရတဲ့ သူ႔ဘဝအေၾကာင္းအရာေတြကို စာအုပ္ထုတ္ေဝသြားမယ္ဆိုတဲ့ ကိုေပါက္ 3

အဓိကကေတာ့ ဇြဲ လို႔ပဲ က်ေနာ္ထင္ပါတယ္ ။က်ေနာ္ တစုိက္မတ္မတ္ နဲ႔ ဟို အရင္တုန္းက က်ေနာ္ဒီအတိုင္း ျဖတ္ေလွ်ာက္ဘဝကေန ေမာ္ဒယ္ ဘဝ ေနာက္ၿပီးေတာ့ က်ေနာ္ ဒီေဂ် ဘဝ ၊ ဇာတ္ညႊန္းေရးဆရာ ဘဝ ဇာတ္ပို႔ ၊ ဇာတ္ရံဘဝေပါ့ ကေန တျဖည္းတျဖည္း ေနရာေလးေတြ တစ္ခုၿပီးတစ္ခု ရလာတာသည္ က်ေနာ္ရဲ႕ ဇြဲ႐ိွ႐ိွ ျဖတ္သန္းမႈ တစ္ခုလို႔ပဲ က်ေနာ္ေျပာခ်င္ပါတယ္ ။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။Nanmalgyi

Unicode Version

သရုပ်ဆောင် ဘဝမှာလည်း အနုအကြမ်းစံအောင်သရုပ်ဆောင် နိုင်ခဲ့ပြီး အခု ဒါရိုက်တာဘဝမှာလည်း ပရိသတ်ကြီးအတွက် ဖြေဖျော်မှုရသတွေကို ဖန်တီးပေးနိုင်တဲ့ ဒါရိုက်တာ ကိုပေါက်ကို အားလုံးပဲသိကြမယ်ထင်ပါတယ်။ အခု သူနဲ့ Myanmar Celebrity နဲ့ အင်တာဗျူးမှာ သူပြောပြသွားတဲ့ အကြောင်းအရာလေးတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

ကိုပေါက်က “ ကျနော်ရေးတာ က တစ်ခါက ကျနော်လျှောက်ခဲ့သောလမ်း ပေါ့ခေါင်းစဉ်ကလေ တစ်ခါက ကျနော်လျှောက်ခဲ့သောလမ်း ဖြစ်တဲ့အတွက် ကျနော်ဘဝရဲ့ ရာခိုင်နှုန်းတော်တော်များများကို မချွန်းမချန်ပေါ့ ရေးမှာပါ ။နောက်ထပ်တော့ ကျန်သေးတာပေါ့ တချို့ဟာတွေတော့ တချို့လူတွေရဲ့ Personal အရသော်လည်း တချို့ကိစ္စတွေ ချပြ လို့မရတဲ့အကြောင်းအရာလေးတွေလောက်ပဲ ချန်တာပေါ့ ။ ဒါပေမယ့် ၇၅ ရာခိုင်နှုန်းလောက်ကတော့ ကျနော် တစ်စိတ် တစ်ဒေသတော်တော်များများပါတယ် ။

အခုမှ ကျနော်ရပ်သွားတာပေါ့ အပိုင်း ၁၆ မှာလားမသိ ကျနော်ရပ်သွားတယ် ကျနော်အလုပ်တွေ ရှုပ်တော့ ဆက်မရေးနိုင်ဘူး ဒါပေမယ့်ပြီးရင်တော့ ကျနော်ဆက်ရေးမှာပါ ။ ကျနော်အထင်ကတော့ ကျနော် Schedule ဆွဲထားတာ အပိုင်း ၈၀လောက်တော့ ထိတော့သွားမယ်ပေါ့ အပိုင်း၈၀လောက် သွားပြီးရင်တော့ ကျနော် စာအုပ်တစ်အုပ်အနေနဲ့ လည်းအမှတ်တရ ကျနော် ထုတ်ဖြစ်မှာပါ ။

အဓိကကတော့ ဇွဲ လို့ပဲ ကျနော်ထင်ပါတယ် ။ကျနော် တစိုက်မတ်မတ် နဲ့ ဟို အရင်တုန်းက ကျနော်ဒီအတိုင်း ဖြတ်လျှောက်ဘဝကနေ မော်ဒယ် ဘဝ နောက်ပြီးတော့ ကျနော် ဒီဂျေ ဘဝ ၊ ဇာတ်ညွှန်းရေးဆရာ ဘဝ ဇာတ်ပို့ ၊ ဇာတ်ရံဘဝပေါ့ ကနေ တဖြည်းတဖြည်း နေရာလေးတွေ တစ်ခုပြီးတစ်ခု ရလာတာသည် ကျနော်ရဲ့ ဇွဲရှိရှိ ဖြတ်သန်းမှု တစ်ခုလို့ပဲ ကျနော်ပြောချင်ပါတယ် ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။Nanmalgyi