ပြစ်မှုကြူးလွန်တိုင်းသာ ဝန်ခံကြမယ်ဆိုရင် အင်းစိန်ထောင်ကြီး ပြည့်နေမှာပေါ့ဆိုတဲ့ သင်းသင်း
ပြစ်မှုကြူးလွန်တိုင်းသာ ဝန်ခံကြမယ်ဆိုရင် အင်းစိန်ထောင်ကြီး ပြည့်နေမှာပေါ့ဆိုတဲ့ သင်းသင်း 1
ပြစ်မှုကြူးလွန်တိုင်းသာ ဝန်ခံကြမယ်ဆိုရင် အင်းစိန်ထောင်ကြီး ပြည့်နေမှာပေါ့ဆိုတဲ့ သင်းသင်း 2
ပြစ်မှုကြူးလွန်တိုင်းသာ ဝန်ခံကြမယ်ဆိုရင် အင်းစိန်ထောင်ကြီး ပြည့်နေမှာပေါ့ဆိုတဲ့ သင်းသင်း 3
ပြစ်မှုကြူးလွန်တိုင်းသာ ဝန်ခံကြမယ်ဆိုရင် အင်းစိန်ထောင်ကြီး ပြည့်နေမှာပေါ့ဆိုတဲ့ သင်းသင်း 4
Unicode Version
သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းက ရေဆုံးမြေဆုံးထိ တရားရင်ဆိုင်ဖို့ ပြင်ဆင်နေဆဲပါ။ ဝေဠုကျော်ကို မကျေနပ်ချက်တွေ များနေတဲ့ သင်းသင်းက ပင်လယ်ကြီးကို အော်ပြီး မုန်းတဲ့လူတွေကို ကိုရီးယားဆန်ဆန် အော်ပြောခဲ့ပါသေးတယ်။ ရုံးချိန်းမှာ အသံဖိုင်ကိုတင်ပြပြီး လျှောက်လဲခဲ့ပေမဲ့ ဝေဠုကျော်က ငြင်းနေတဲ့အပေါ် သင်းသင်းက ခုလို ပြောသွားပါတယ်။
“ ဒီနေ့ကတော့ ရက်ချိန်းယူလိုက်တာ။ ဂိုရှယ်လေး ပေ့ချ်မှာ တင်ထားတာ ရှိတယ်။ အဲ့မှာ သူ့အကြောင်းကို ဖော်ထုတ်ထားတာ ရှိတယ်။ ကြည့်တဲ့သူတွေတော့ သိလိမ့်မယ်။ သူကတော့ အသံဖိုင်ကို ကျွန်တော် မသွင်းခိုင်းဘူးလို့ ပြောတယ်။ အမကတော့ ပြောချင်တာက ပြစ်မှု ကျူးလွန်သူကလေ ဘယ်သူမှ ဝန်မခံဘူးလေ။ အဲ့လိုသာ ဝန်ခံမယ်ဆိုရင် အင်းစိန်ထောင်ကြီးက ပြည့်လျှံနေတော့မှာပေါ့။ သူ့ဘက်က ငြင်းတာကို အမ အပြစ်မပြောပါဘူး။ တကယ်လို့များ ပြစ်မှု ကျူးလွန်သူကသာ ကျွန်တော် လုပ်တာပါလို့ ဝန်ခံလိုက်မယ်ဆိုရင် အခုအချိန်မှာ သူ့ကို စစ်စရာတောင် မလိုဘူး။ သူထောင်ထဲမှာ ရောက်နေပြီ။” လို့ ဆိုပါတယ်။မီဒီယာတွေကို သတိပေးချင်တဲ့ စကားကိုလည်း သင်းသင်းက ခုလို ပြောသွားပါတယ်။
“အမဘက်ကတော့ တရားစွဲဆိုထားသူ တစ်ယောက်အနေနဲ့ တရားသူကြီး လက်ခံနိုင်တဲ့ ပြစ်မှုနဲ့ သက်သေကို တင်ရမှာ။ ပြစ်မှု ကျူးလွန်ထားသူကတော့ ငြင်းမှာပဲလေ။ အင်းစိန်ထောင်ထဲမှာ ရှိတဲ့သူတိုင်းကို သွားမေးကြည့်ပါ။ ကျွန်တော် ပြစ်မှု ကျူးလွန်ပါတယ်ဆိုပြီး ဝန်ခံသူကို မကြားဖူးဘူးလေနော်။ အဲ့တော့ တစ်ချို့ တစ်ချို့ မီဒီယာတွေလည်း လူကြည့်တာများဖို့အတွက် ဘာမှတောင် မဖြစ်သေးဘူး။ မီဒီယာက လုပ်လို့ မရဘူး။ မီဒီယာတစ်ခုကို လစာနဲ့ မငှားနိုင်ဘူးလေနော်။ အမ နောက်ကို လိုက်ပေးပါဆိုပြီးတော့ မငှားနိုင်ဘူး။ တစ်ချို့ တစ်ချို့သော လူတွေကို ပြောပြချင်တာပါ။” ဆိုပြီး သတိပေးသွားပါတယ်။Nanmalgyi
Be the first to comment
Leave a Reply
Your email address will not be published.
*