ရွှေစက်တော်ရဲ့ဘုရားဝန်းအတွင်းမှာ သစ်ပင်ပေါင်း ၁၀၀၀ စိုက်ပျိုးခဲ့တဲ့ ကွီးနေထူးနိုင်တို့အဖွဲ့
ရွှေစက်တော်ရဲ့ဘုရားဝန်းအတွင်းမှာ သစ်ပင်ပေါင်း ၁၀၀၀ စိုက်ပျိုးခဲ့တဲ့ ကွီးနေထူးနိုင်တို့အဖွဲ့ 1
ရွှေစက်တော်ရဲ့ဘုရားဝန်းအတွင်းမှာ သစ်ပင်ပေါင်း ၁၀၀၀ စိုက်ပျိုးခဲ့တဲ့ ကွီးနေထူးနိုင်တို့အဖွဲ့ 2
ရွှေစက်တော်ရဲ့ဘုရားဝန်းအတွင်းမှာ သစ်ပင်ပေါင်း ၁၀၀၀ စိုက်ပျိုးခဲ့တဲ့ ကွီးနေထူးနိုင်တို့အဖွဲ့ 3
ရွှေစက်တော်ရဲ့ဘုရားဝန်းအတွင်းမှာ သစ်ပင်ပေါင်း ၁၀၀၀ စိုက်ပျိုးခဲ့တဲ့ ကွီးနေထူးနိုင်တို့အဖွဲ့ 4
Unicode Version
ဖိုက်တင်မင်းသားတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိနေတဲ့ နေထူးနိုင်ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ နယ်ကြိုက်ဇာတ်ကားတွေကို ပရိသတ်ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်ပြီးတော့ ပရိသတ်အားပေးမှုတွေကို သိမ်းပိုက်ရရှိနေတာလည်းဖြစ်ပါတယ်။
“အပူဒဏ်ကာကွယ်ဖိုသစ်ပင်စိုက်ကြစို့”အစီအစဉ်မှာ နေထူးနိုင်က ဦးဆောင်ပြီးတော့ သစ်ပင်တွေကို စိုက်ပျိုးခဲ့တာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း နေထူးနိုင်ဟာဆိုရင်မြန်မာနိုင်ငံရဲ့ တန်ခိုးကြီး ဘုရားဖြစ်တဲ့ ရွှေစက်တော်ရဲ့ဘုရားဝန်းအတွင်းမှာ ဘုရားဖူးသူ ခရီးသွားများနဲ့ နောင်လာနောက်သားများအတွက် အရိပ်ရစေရန်အလို့ငှာ သစ်ပင်များကို SO Group နှင့်အနုပညာရှင်များ ပူးပေါင်းပါဝင်ပြီးတော့ လှူဒါန်းစိုက်ပျိုး ခဲ့ကြတာဖြစ်ပါတယ်။
ဒီစုပေါင်း သစ်ပင်စိုက်ပျိုးလှူဒါန်းပွဲလေးအကြောင်းကို “ဒီနေ့ရွှေစက်တော်ဘုရားဝန်းကျင်တွင်သစ်ပင်(၁၀၀၀)စိုက်ပျိုးကြသည်”ဆိုပြီးတော့ လူမှုကွန်ရက်စာမျက်နှာ ထက်ကနေ လှုပ်ရှားမှု ပုံရိပ်များနှင်တကွ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ လှူဒါန်းစိုက်ပျိုးတဲ့ နေရာမှာ နေထူးနိုင်အပါအဝင် မင်းရာဇာ ၊ ဖြူဖြူထွေး၊ဟန်ဆက်လူနဲ့ တခြားသော ဇာတ်ပို့ဇာတ်ရံ အနုပညာရှင်တွေက ပါဝင်းခဲ့ပြီး ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ကမ္ဘာကြီးအပူဒဏ်ကာကွယ်ဖို့ အပင်လေးတွေကို စိုက်ပျိုးနေတဲ့ မင်းသားနေထူးနိုင် အတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦးနော်။Celegabar