ရွှေပေါက္ကံမြို့နယ်က သမီးလေးအတွက် အစစအရာရာ ကူညီပေးနေကြတဲ့ လင်းလင်းတို့ မိသားစု
ရွှေပေါက္ကံမြို့နယ်က သမီးလေးအတွက် အစစအရာရာ ကူညီပေးနေကြတဲ့ လင်းလင်းတို့ မိသားစု 1
ရွှေပေါက္ကံမြို့နယ်က သမီးလေးအတွက် အစစအရာရာ ကူညီပေးနေကြတဲ့ လင်းလင်းတို့ မိသားစု 2
ရွှေပေါက္ကံမြို့နယ်က သမီးလေးအတွက် အစစအရာရာ ကူညီပေးနေကြတဲ့ လင်းလင်းတို့ မိသားစု 3
ရွှေပေါက္ကံမြို့နယ်က သမီးလေးအတွက် အစစအရာရာ ကူညီပေးနေကြတဲ့ လင်းလင်းတို့ မိသားစု 4
Unicode Version
လွန်ခဲ့တဲ့ ဇွန်လက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက္ကံမြို့နယ် သက်ငယ်မုဒိန်းမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက မိဘပြည်သူတွေ စိတ်မကောင်း ဖြစ်နေကြတာပါ။ လူမဆန်တဲ့ လူတစ်ယောက်ကြောင့် အပြစ်မရှိတဲ့ ၁နှစ်ကျော်အရွယ် သမီးလေးကတော့ လက်ရှိမှာ အရွယ်နဲ့မလိုက်တဲ့ ဝေဒနာတွေကို ခံစားနေရပြီး ဆေးကုသမှုခံနေရတာ ဖြစ်ပါတယ်။ သမီးလေးရဲ့ မိဘများနဲ့ ထပ်တူ အားလုံးက စိတ်မကောင်း ဝမ်းနည်းနေကြပြီး မုဒိန်းသမားကို ဒေါသတွေဖြစ်နေကြလျက်ရှိပါတယ်။
Victoria အမှုနဲ့ ပက်သတ်ပြီး ကူညီမှုတွေ ပြုလုပ်ပေးနေတဲ့ အဆိုတော်လင်းလင်းကလည်း ရွှေပေါက္ကံက သမီးလေးအတွက် အကူအညီတွေ ပေးသွားမယ်လို့ သိရပါတယ်။ လင်းလင်းက ထိုအကြောင်းအရာနဲ့ ပက်သတ်ပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ပြောပြထားပါတယ်။
“သိက္ခာ သမာဓိပြည့်စုံတဲ့ ဦးဇင်းတစ်ပါးနဲ့ ညီအကိုလိုရင်းနှီးချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကူညီမှုကြောင့် ရွှေပေါက်ကံက ကလေးလေးရဲ့ မိသားစုနဲ့တွေ့ဆုံခဲ့ပြီးပါပြီ။ ကလေးလေးအတွက် လက်ဆောင်တချို့နဲ့ လက်တလောအဆင်ပြေရေး သုံးဖို့အလှူငွေ ကူရင်းနဲ့ပါ။”“အဓိက,ကတော့ ကလေးလေးရဲ့ အနာဂတ်အတွက် နေရာထိုင်ခင်း အလုပ်အကိုင် ပတ်ဝန်းကျင်အားလုံး အသစ်ကပြန်စရေးအတွက် ဖခင်၊ မိခင်နဲ့ ဆွေးနွေးတိုင်ပင်ပါတယ်။ “
“ကျွန်တော်တို့မိသားစုမှ လိုအပ်တာများကို ပြင်ဆင်ထောက်ပံ့ဝန်းရံပေးသွားမှာပါ။ လက်ရှိမှာလဲ ပြည်သူများရဲ့ဝန်းရံပံ့ပိုးမှုကြောင့် လက်တလော အဆင်ပြေမှုတွေ တွေ့ရလို့ဝမ်းသာမိပါတယ်။ ပြည်သူ့ခေါင်းဆောင်စစ်စစ် လူထုခေါင်းဆောင်ရဲ့ အရိပ်အောက်မှာ အားလုံးကျန်းမာကြပါစေ 🙏🏼🙏🏼🙏🏼” ဆိုပြီး ပြောထားပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ တကယ်ကို စိတ်စေတနာ ကောင်းတဲ့ ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မေတ္တာစေတနာတွေကြောင့် သမီးလေးလည်း အမြန်ဆုံး စိတ်ရောကိုယ်ပါ သက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Momolay