ရှေးဟောင်းသစ်မြစ်ဆုံဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို အများပြည်သူဖူးမျှော်နိုင်ဖို့ ပင့်ဖိတ်လာတဲ့ ကျော်သူ


ရှေးဟောင်းသစ်မြစ်ဆုံဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို အများပြည်သူဖူးမျှော်နိုင်ဖို့ ပင့်ဖိတ်လာတဲ့ ကျော်သူ 1


ရှေးဟောင်းသစ်မြစ်ဆုံဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို အများပြည်သူဖူးမျှော်နိုင်ဖို့ ပင့်ဖိတ်လာတဲ့ ကျော်သူ 2


ရှေးဟောင်းသစ်မြစ်ဆုံဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို အများပြည်သူဖူးမျှော်နိုင်ဖို့ ပင့်ဖိတ်လာတဲ့ ကျော်သူ 3

စေတီပုံနှင့်ထီးတော်တို့တွင်ဗုဒ္ဓဆင်းတုတော်များပါရှိကာ သစ်ဆုံပေါ်တွင် ရဟန်းန္တာငါးပါး၊ ရှင်သီဝလိ၊ ရှင်ဥပဣရဟန်းန္တာကိုယ်တော်မြတ်ကြီးအပြင် အဖိုးသကြားမင်း၊ အဘရသေ့တို့နှင့် ဟသာင်္တံခွန်တိုင်တို့ ပါရှိကာရွှေအတိချပူဇော်ထားသည့်ထူးခြားသောရှေးဟောင်းဆင်းတုတော်ဖြစ်ပေသည်။

ရှေးဟောင်းသစ်မြစ်ဆုံဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို အများပြည်သူဖူးမျှော်နိုင်ဖို့ ပင့်ဖိတ်လာတဲ့ ကျော်သူ 4


ရှေးဟောင်းသစ်မြစ်ဆုံဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို အများပြည်သူဖူးမျှော်နိုင်ဖို့ ပင့်ဖိတ်လာတဲ့ ကျော်သူ 5

Unicode
ကျော်သူကတော့ မြန်မာအနုပညာရှင်လောမှာ အောင်မြင်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ဇာတ်အိမ်ဇာတ်လမ်းတွေကို ပီပြင်အောင်သရုပ်ဖော်ရိုက်ကူးတဲ့ နေရာမှာ အရည်အချင်းရှိတဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့” ဂမ္ဘီရမျက်လုံး “နှင့် “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ဇာတ်ကားကြီး(၂)ကားကို စိတ်ကြိုက်ပုံဖော်ရိုက်ကူး ပီးစီခဲ့ပြီးဖြစ်ပါတယ်။

ဦးကျော်သူဟာဆိုရင် ရန်ကုန်နာရေးကူညီမှုအသင်းကြီးရဲ့ ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပြီး ပရဟိတအလုပ်တွေကို အသင်းသားများနဲ့အတူ တက်ညီလက်ညီလုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်ပြီး “သစ်မြစ်ဆုံ(သစ်ဖေါက်)ဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်” ကို အများပြည့်သူလူထု ဖူးမျှော်နိုင်ရန် ပင့်ဆောင်လာပြန်တာဖြစ်ပါတယ်။

ထိုဗုဒ္ဓဆင်းတုတော်အတွက် အလှူရှင်များက နာရေးကူညီမှုအသင်းကို လာရောက်လှူဒါန်းခဲ့ကြောင်း ” ထူးခြားလှသည့် ရှေးဟောင်း သစ်မြစ်ဆုံ(သစ်ဖေါက်)ဆုတောင်းပြည့်ဗုဒ္ဓဆင်းတုတော်တစ်ဆူ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ကျွန်တော့်ထံသို့ကြွရောက်လာခဲ့သည်။

စေတီပုံနှင့်ထီးတော်တို့တွင်ဗုဒ္ဓဆင်းတုတော်များပါရှိကာ သစ်ဆုံပေါ်တွင် ရဟန်းန္တာငါးပါး၊ ရှင်သီဝလိ၊ ရှင်ဥပဣရဟန်းန္တာကိုယ်တော်မြတ်ကြီးအပြင် အဖိုးသကြားမင်း၊ အဘရသေ့တို့နှင့် ဟသာၤတံခွန်တိုင်တို့ ပါရှိကာရွှေအတိချပူဇော်ထားသည့်ထူးခြားသောရှေးဟောင်းဆင်းတုတော်ဖြစ်ပေသည်။

ဘုရားအလှူရှင် ဒေါ်ကျင်တင်(ကျောက်ကုန်း) မှ ပြည်မြို့ရှိ ပရဟိတအောင်တော်မူစေတီတော်တွင် အများပြည်သူတို့ ဖူးမျှော်နိုင်ရန် ရည်စူး၍လှူဒါန်းခဲ့ခြင်းဖြစ်သည်” လို့ ဝမ်းသာပီတိဖြစ်စွာ ပရိသတ်တွေကို ဖူးမျှော်လို့ရအောင်ဖော်ပြထားခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ကျော်သူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။ Credit – CeleGabar / Source: Kyaw Thu