ရေဘေးသင့်ပြည်သူများအတွက် အများနဲ့မတူ တမူထူးခြားတဲ့ အလှူသွားရောက်ပြုလုပ်မည့် ထူးအယ်လင်း


ရေဘေးသင့်ပြည်သူများအတွက် အများနဲ့မတူ တမူထူးခြားတဲ့ အလှူသွားရောက်ပြုလုပ်မည့် ထူးအယ်လင်း 1


ရေဘေးသင့်ပြည်သူများအတွက် အများနဲ့မတူ တမူထူးခြားတဲ့ အလှူသွားရောက်ပြုလုပ်မည့် ထူးအယ်လင်း 2


ရေဘေးသင့်ပြည်သူများအတွက် အများနဲ့မတူ တမူထူးခြားတဲ့ အလှူသွားရောက်ပြုလုပ်မည့် ထူးအယ်လင်း 3


ရေဘေးသင့်ပြည်သူများအတွက် အများနဲ့မတူ တမူထူးခြားတဲ့ အလှူသွားရောက်ပြုလုပ်မည့် ထူးအယ်လင်း 4


ရေဘေးသင့်ပြည်သူများအတွက် အများနဲ့မတူ တမူထူးခြားတဲ့ အလှူသွားရောက်ပြုလုပ်မည့် ထူးအယ်လင်း 5


ရေဘေးသင့်ပြည်သူများအတွက် အများနဲ့မတူ တမူထူးခြားတဲ့ အလှူသွားရောက်ပြုလုပ်မည့် ထူးအယ်လင်း 6


ရေဘေးသင့်ပြည်သူများအတွက် အများနဲ့မတူ တမူထူးခြားတဲ့ အလှူသွားရောက်ပြုလုပ်မည့် ထူးအယ်လင်း 7

Unicode
အချစ်သီချင်းတွေကို အများနဲ့မတူတဲ့အသံနဲ့ သီဆိုနိုင်သူ၊ အသံကြားတာနဲ့ ဘယ်သူဆိုတာသိနိုင်လောက်အောင် ကို ထူးခြားတဲ့အသံပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ငယ်ငယ်လေးတည်းက ရင်ခုန်နှစ်ခြိုက်စွာ နားဆင်ခဲ့ရတဲ့ သီချင်းကောင်းလေးတွေထဲမှာ အဆိုတော်ထူးအယ်လင်းရဲ့သီချင်းတွေလည်း မပါမဖြစ်လည်းဖြစ်ပါတယ်။

ဂီတအလုပ်တွေအပြင် ဘုရားတည်၊ကျောင်းဆောက်လုပ်ငန်းတွေရော အလှူအတန်းတွေကိုလည်း လက်နဲ့မပြတ် အမြဲလုပ်ဖြစ်နေတဲ့ ထူးအယ်လင်းက သမီးကြီး ဖြူဖြူစင်စင်လင်း နဲ့ သားလေး (၂)ယောက်ကို ပါ ပိုင်ဆိုင်ထားပါတယ်။

ထူးအယ်လင်းဟာ ဆိုင်ကယ်ချစ်သူများအဖွဲ့ကို ဖွဲ့စည်းပြီး ဘုရားတည် ကျောင်းဆောက်တဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိပြီး လတ်တလောမှာတော့ မွန်ပြည်နယ်မှ ရေဘေးသင့် ပြည့်သူတွေအတွက် စားရေးသောက်ရေးများ လှူဒါန်းသူများတာကြောင့် အများနဲ့မတူ တမူထူးခြားစွာ ရေဘေးသင့်အရပ်များက ကျောင်းသားလူငယ်များအတွက် ရည်ရွယ်ပြီး စာရေးကရိယာ ဒါဇင်ပေါင်း တစ်ထောင့်ရှစ်ရာ ကိုသွားရောက်လှူဒါန်းမည့်အကြောင်းကို

“ရေးမြို့နယ်ထဲက ရေဘေးထိထားတဲ့အချို့ရွာတွေမှာ စားရေးသောက်ရေးမေးကြည့်တော့ တစ်လစာဖူုလုံတယ်ပြောတော့ စိတ်အေးမိပါတယ်(အားလုံးကိုတော့မဆိုလိုပါ)

အခုပြောချင်တဲ့အစီအစဉ်က ရေဘေးသင့်ရွာ ငါးရွာရှိ(အောက်တွင်ရွာအမည် ကျောင်းသားသူဦးရေစာရင်းဖေါ်ပြထားပါတယ်) ကျောင်းသား/သူ ကလေးတွေအတွက် စာရေးကရိယာ ဒါဇင်ပေါင်း တစ်ထောင့်ရှစ်ရာ / နှစ်ထောင်နီးနီး ကလေးအယောက် ခုနှစ်ရာ့ငါးဆယ်ခန့်စာ သွားလှူမည့်အစီအစဉ်ပါ။

ကျွန်တော်တို့ အဖွဲ့ (၈) လပိုင်း (၂၀/၂၁) ရက် မနက်ဖြန် သဘက်ခါလောက် သွားရောက်လှူဒါန်းပါမယ်ဗျ ။ ရွာအမည်နဲ့စာရင်းဖေါ်ပြပေးထားပါတယ်။ရေးမြို့နယ်၊ရေးချောင်းဖျားဒေသ၊ဖလန်းကျေးရွာ ရွာအလယ်ထိရေမြုပ်၊ခန့်မှန်းကျောင်းသား (၁၅၀)ရေးမြို့နယ်၊ရေးချောင်းဖျားဒေသ ၊ဂနိကျေးရွာ ခန့်မှန်းကျောင်းသား (၇၀)ရေးမြိုန့ယ်၊ ရေးချောင်းဖျားဒေသ၊ညီစားကျောင်း အမျိုးသားအဆောင်ထဲရေဝင် ခန့်မှန်းကျောင်းသား (၃၀၀)ရေးမြို့နယ် မရမ်းချောင်းတံတားတဖက်ကမ်း နယ်ပြားကျေးရွာ ခန့်မှန်းကျောင်းသား (၁၀၀)ရေးမြို့နယ်၊မရမ်းချောင်းတံတား တဖက်ကမ်း ကင်းမွန်ကျေးရွာ၊ခန့်မှန်းကျောင်းသား (၁၀၀)ကျွန်တော်တို့ညီကိုတွေ တက်ညီလက်ညီ ဆက် ချီတက်နေတယ်ဆိုတာ အလှူရှင် ခုနှစ်ရက်သားသမီး /ရာဟုသားသမီးအပါ အလှူရှင်တွေမြင်တွေ့သိစေချင်လို့ ရေးတင်ပေးလိုက်ရပါတယ်။

မင်္ဂလာပါဗျ “လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ထူးအယ်လင်းရဲ့ သူမတူတဲ့ အလှူဒါနလေးကို သာဓုခေါ်သွားကြပါဦးနော်။Source: Htoo El Lynn;Credit-CeleGabar