ေရေဘးကုိ အေၾကာင္းျပဳၿပီး မတရာေသာအားျဖင့္ စီးပြားမရွာၾကဖို႔ ေျပာလုိက္တဲ့ ဂၽြန္လြင္

လတ္တေလာမြန္ျပည္နယ္မွာျဖစ္ပြားခဲ့တဲ့ ေရေဘးနဲ႕ ပတ္သတ္ၿပီး အႏုပညာရွင္ေတြမ်ားစြာလဲ လွဴဒါန္းေနၾကသလို ကိုယ္တိုင္ သြားေရာက္လွဴဒါန္းသူေတြလဲ ရွိခဲ့ပါတယ္။ အဲ့ဒီထဲမွာေတာ့ ခ်မ္းခ်မ္းဟာ ဒုကၡေရာက္ေနသူေတြထံ ကိုယ္တိုင္သြားေရာက္ၾကည့္ရႈ႕ခဲ့ၿပီး လိုအပ္တာေတြ ထပ္မံလွဴဒါန္းဖို႔အတြက္ လဲ ေဆာင္ရြက္ေနခဲ့ပါတယ္။ ခ်မ္းခ်မ္းကို ပံ့ပိုး ၿပီး အလွဴခံေပးခဲ့ တာကတာ့ ဆရာဂၽြန္လြင္ဘဲ ျဖစ္ပါတယ္။ ဂၽြန္လြင္က သူကိုယ္တိုင္လဲ အလွဴေငြ ၅သိန္းလွဴဒါန္းခဲ့ သလိုတျခားမိတ္ေဆြေတြဆီကလဲ အလွဴခံခဲ့ပါတယ္။

ေရေဘးကုိ အေၾကာင္းျပဳၿပီး မတရာေသာအားျဖင့္ စီးပြားမရွာၾကဖို႔ ေျပာလုိက္တဲ့ ဂၽြန္လြင္ 1

ဂၽြန္လြင္က ေရေဘးနဲ႕ ပတ္သက္ၿပီး “ ေရေဘးျဖစ္ေနတာကိုသိတယ္။ ဘယ္ကေနစၿပီး လွဴရမလဲဆိုတာ စံုစမ္းေနတာ။ အဲ့အခ်ိန္မွာ ခ်မ္းခ်မ္းက ဆရာလွဴအံုးမလားဆိုၿပီးေျပာလာေတာ့ ကၽြန္ေတာ့္ အေမ့ေမြးေန႔အတြက္ ၅သိန္းလွဴခဲ့တယ္။ ေနာက္ၿပီး ေဖ့စ္ဘုတ္ကေနတင္ၿပီး ေၾကညာေပးခဲ့တယ္။ အဲ့လိုနဲ႕ အလွဴေငြ ၆၆သိန္း၄ေသာင္း ရရွိခဲ့ပါတယ္။ ေရၾကီး တဲ့ ေနရာအထိ ခ်မ္းခ်မ္းက သြားေရာက္ခဲ့ၿပီး သူေျပာတာက ကယ္ဆယ္ေရးစခန္း ၁၂ခုမွာ လူေပါင္း ၆ေထာင္ေက်ာ္ေရာက္ေနတယ္ဆိုတာ တကယ့္ကို စိတ္မေကာင္းစရာပါ ျမန္မာတစ္ႏိုင္ငံက လူတိုင္းလူတိုင္းက ကို္ယ့္ရဲ႕ ဘ၀ေတြအတြက္ ၾကိဳးစားရုန္းကန္ရွာေဖြေနရတယ္ဆိုတာသိပါတယ္ သိုေပမယ့္ တစ္က်ပ္တစ္ျပားပိုတဲ့ဟာေလးက ထည့္ေပးလိုက္ ျခင္းျဖစ္ သူ႔ရဲ႕ ထမင္းစရိတ္ေလးတစ္ခု ရသြားရင္ ျဖင့္ ေတာ္ေတာ္ေလးကုသိုလ္ ရသြားမွာပါ”

ေရေဘးကုိ အေၾကာင္းျပဳၿပီး မတရာေသာအားျဖင့္ စီးပြားမရွာၾကဖို႔ ေျပာလုိက္တဲ့ ဂၽြန္လြင္ 2

ေရေဘးကုိ အေၾကာင္းျပဳၿပီး မတရာေသာအားျဖင့္ စီးပြားမရွာၾကဖို႔ ေျပာလုိက္တဲ့ ဂၽြန္လြင္ 3

“ပစၥည္းကုိေစ်းတင္ၿပီး ေရာင္းခ်င္တဲ့ သူေတြအေနနဲ႕ လဲကၽြန္ေတာ္ေျပာျခင္တာက စီးပြားကိုရွာစားလို႔ ရပါတယ္ ဒါေပမယ့္ ဒုကၡေရာက္ေနတဲ့ သူေတြအေပၚကိုေတာ့ စီးပြားမရွာသင့္ပါဘူး အရက္မူးေနတဲ့သူေတြကို စီးပြားရွာတာကေတာ့ အျမတ္ဘ ယ္ေလာက္ဘဲတင္တင္ မူးရႈးၿပီးသိန္းတစ္ေထာင္ဘဲတင္တင္ျပႆနာမရွိဘူး အရင္က၁၀၀နဲ႕ေရာင္းေပမယ့္ေရ ေဘးလွဴခ်င္တဲ့သူေတြကို ၉၀ေလာက္နဲ႕ေလွ်ာ့ေရာင္းေပးတယ္ဆိုရင္ အမ်ားၾကီးေကာင္းပါတယ္။ ကိုယ့္အိပ္ထဲမွာရွိတဲ့ ဟာဘဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ အိပ္ထဲမွာပိုေနတဲ့ လက္ကိုင္ပ၀ါဘဲျဖစ္ျဖစ္ ကိုယ္မ၀တ္ေတာ့တဲ့ တီရွပ္တစ္ထည္ကလဲ သူတို႔အတြက္ အ၀တ္တစ္ထည္ကိုယ္တစ္ခုနဲ႕ ေနေနရတဲ့သူေတြအတြက္ အေထာက္အပံ့ျဖစ္ပါတယ္. ဆိုတဲ့ အေၾကာင္းကိုေျပာခ်င္တယ္”

ေရေဘးကုိ အေၾကာင္းျပဳၿပီး မတရာေသာအားျဖင့္ စီးပြားမရွာၾကဖို႔ ေျပာလုိက္တဲ့ ဂၽြန္လြင္ 4

ေရေဘးကုိ အေၾကာင္းျပဳၿပီး မတရာေသာအားျဖင့္ စီးပြားမရွာၾကဖို႔ ေျပာလုိက္တဲ့ ဂၽြန္လြင္ 5

“ ၀ိုင္း၀န္းၿပီး ကူညီေဖးမၾကပါလို႔ ေျပာခ်င္ပါတယ္။ ႏိုင္ငံတကာကလဲ ကူညီလိမ့္မယ္ထင္ပါတယ္ ႏိုင္ငံျခားကလဲ ကူညီတာထက္ ျပည္တြင္းကလူေတြကလဲ ကူညီၾကပါလို႔ ေျပာခ်င္ပါတယ္။ ကမၻာၾကီးကို ပ်က္ဆီးဆံုးရံႈးေအာင္ လုပ္တဲ့ သူေတြ သစ္ပင္ေတြ ခုတ္ခဲ့တဲ့သူေတြ ပလတ္စတစ္ သံုးစြဲတဲ့သူေတြ စြန္႔ျပစ္တဲ့သူေတြေၾကာင့္ ႏွစ္ေပါင္းမ်ားစြာလုပ္ခဲ့တဲ့ ဒဏ္ေတြေၾကာင့္ ရာသီဥတုေတြေဖာက္ျပန္တာျဖစ္ေနတာပါ မနက္ျဖန္မွ လုပ္မယ္ဆိုတဲ့ အစား ခုခ်က္ခ်င္းသစ္ပင္စိုက္မယ္ မလိုအပ္တဲ့အမႈိက္ေတြ မျပစ္ေတာ့ဘူး။ မလိုအပ္တဲ့ ပလတ္စတစ္ေတြမသံုးေတာ့ဘူး ဆိုရင္လဲ ၾကိဳတင္ကာကြယ္ရာေရာက္ပါတယ္” လို႔ ဆရာဂၽြန္လြင္က ေျပာျပလာပါတယ္။ဂၽြန္လြင္ရဲ႕ စိတ္နဲ႕ ထပ္တူၾကတဲ့ သူေတြရွိရင္ မွ်ေ၀သြားဖို႔မေမ႔ပါနဲ႕ေနာ္။ ဖတ္ရႈ႕ေပးတဲ့ မိုမိုေလးခ်စ္ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။Nanmalgyi

Unicode version

လတ်တလောမွန်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရေဘေးနဲ့ ပတ်သတ်ပြီး အနုပညာရှင်တွေများစွာလဲ လှူဒါန်းနေကြသလို ကိုယ်တိုင် သွားရောက်လှူဒါန်းသူတွေလဲ ရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ ချမ်းချမ်းဟာ ဒုက္ခရောက်နေသူတွေထံ ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့ပြီး လိုအပ်တာတွေ ထပ်မံလှူဒါန်းဖို့အတွက် လဲ ဆောင်ရွက်နေခဲ့ပါတယ်။ ချမ်းချမ်းကို ပံ့ပိုး ပြီး အလှူခံပေးခဲ့ တာကတာ့ ဆရာဂျွန်လွင်ဘဲ ဖြစ်ပါတယ်။ ဂျွန်လွင်က သူကိုယ်တိုင်လဲ အလှူငွေ ၅သိန်းလှူဒါန်းခဲ့ သလိုတခြားမိတ်ဆွေတွေဆီကလဲ အလှူခံခဲ့ပါတယ်။

ဂျွန်လွင်က ရေဘေးနဲ့ ပတ်သက်ပြီး “ ရေဘေးဖြစ်နေတာကိုသိတယ်။ ဘယ်ကနေစပြီး လှူရမလဲဆိုတာ စုံစမ်းနေတာ။ အဲ့အချိန်မှာ ချမ်းချမ်းက ဆရာလှူအုံးမလားဆိုပြီးပြောလာတော့ ကျွန်တော့် အမေ့မွေးနေ့အတွက် ၅သိန်းလှူခဲ့တယ်။ နောက်ပြီး ဖေ့စ်ဘုတ်ကနေတင်ပြီး ကြေညာပေးခဲ့တယ်။ အဲ့လိုနဲ့ အလှူငွေ ၆၆သိန်း၄သောင်း ရရှိခဲ့ပါတယ်။ ရေကြီး တဲ့ နေရာအထိ ချမ်းချမ်းက သွားရောက်ခဲ့ပြီး သူပြောတာက ကယ်ဆယ်ရေးစခန်း ၁၂ခုမှာ လူပေါင်း ၆ထောင်ကျော်ရောက်နေတယ်ဆိုတာ တကယ့်ကို စိတ်မကောင်းစရာပါ မြန်မာတစ်နိုင်ငံက လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ ဘဝတွေအတွက် ကြိုးစားရုန်းကန်ရှာဖွေနေရတယ်ဆိုတာသိပါတယ် သိုပေမယ့် တစ်ကျပ်တစ်ပြားပိုတဲ့ဟာလေးက ထည့်ပေးလိုက် ခြင်းဖြစ် သူ့ရဲ့ ထမင်းစရိတ်လေးတစ်ခု ရသွားရင် ဖြင့် တော်တော်လေးကုသိုလ် ရသွားမှာပါ”

“ပစ္စည်းကိုဈေးတင်ပြီး ရောင်းချင်တဲ့ သူတွေအနေနဲ့ လဲကျွန်တော်ပြောခြင်တာက စီးပွားကိုရှာစားလို့ ရပါတယ် ဒါပေမယ့် ဒုက္ခရောက်နေတဲ့ သူတွေအပေါ်ကိုတော့ စီးပွားမရှာသင့်ပါဘူး အရက်မူးနေတဲ့သူတွေကို စီးပွားရှာတာကတော့ အမြတ်ဘ ယ်လောက်ဘဲတင်တင် မူးရှုးပြီးသိန်းတစ်ထောင်ဘဲတင်တင်ပြဿနာမရှိဘူး အရင်က၁၀၀နဲ့ရောင်းပေမယ့်ရေ ဘေးလှူချင်တဲ့သူတွေကို ၉၀လောက်နဲ့လျှော့ရောင်းပေးတယ်ဆိုရင် အများကြီးကောင်းပါတယ်။ ကိုယ့်အိပ်ထဲမှာရှိတဲ့ ဟာဘဲဖြစ်ဖြစ် ကိုယ့်ရဲ့ အိပ်ထဲမှာပိုနေတဲ့ လက်ကိုင်ပဝါဘဲဖြစ်ဖြစ် ကိုယ်မဝတ်တော့တဲ့ တီရှပ်တစ်ထည်ကလဲ သူတို့အတွက် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ နေနေရတဲ့သူတွေအတွက် အထောက်အပံ့ဖြစ်ပါတယ်. ဆိုတဲ့ အကြောင်းကိုပြောချင်တယ်”

“ ဝိုင်းဝန်းပြီး ကူညီဖေးမကြပါလို့ ပြောချင်ပါတယ်။ နိုင်ငံတကာကလဲ ကူညီလိမ့်မယ်ထင်ပါတယ် နိုင်ငံခြားကလဲ ကူညီတာထက် ပြည်တွင်းကလူတွေကလဲ ကူညီကြပါလို့ ပြောချင်ပါတယ်။ ကမ္ဘာကြီးကို ပျက်ဆီးဆုံးရှုံးအောင် လုပ်တဲ့ သူတွေ သစ်ပင်တွေ ခုတ်ခဲ့တဲ့သူတွေ ပလတ်စတစ် သုံးစွဲတဲ့သူတွေ စွန့်ပြစ်တဲ့သူတွေကြောင့် နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ ဒဏ်တွေကြောင့် ရာသီဥတုတွေဖောက်ပြန်တာဖြစ်နေတာပါ မနက်ဖြန်မှ လုပ်မယ်ဆိုတဲ့ အစား ခုချက်ချင်းသစ်ပင်စိုက်မယ် မလိုအပ်တဲ့အမှိုက်တွေ မပြစ်တော့ဘူး။ မလိုအပ်တဲ့ ပလတ်စတစ်တွေမသုံးတော့ဘူး ဆိုရင်လဲ ကြိုတင်ကာကွယ်ရာရောက်ပါတယ်” လို့ ဆရာဂျွန်လွင်က ပြောပြလာပါတယ်။ဂျွန်လွင်ရဲ့ စိတ်နဲ့ ထပ်တူကြတဲ့ သူတွေရှိရင် မျှဝေသွားဖို့မမေ့ပါနဲ့နော်။ ဖတ်ရှု့ပေးတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*