ယောကျာ်းလေးတွေကိုပဲ လိုက်ကြည့်နေတဲ့ Ar Boy ကို သံသယတွေဝင်နေတဲ့ မြတ်ရတနာကျော်
ယောကျာ်းလေးတွေကိုပဲ လိုက်ကြည့်နေတဲ့ Ar Boy ကို သံသယတွေဝင်နေတဲ့ မြတ်ရတနာကျော် 1
ယောကျာ်းလေးတွေကိုပဲ လိုက်ကြည့်နေတဲ့ Ar Boy ကို သံသယတွေဝင်နေတဲ့ မြတ်ရတနာကျော် 2
ယောကျာ်းလေးတွေကိုပဲ လိုက်ကြည့်နေတဲ့ Ar Boy ကို သံသယတွေဝင်နေတဲ့ မြတ်ရတနာကျော် 3
ယောကျာ်းလေးတွေကိုပဲ လိုက်ကြည့်နေတဲ့ Ar Boy ကို သံသယတွေဝင်နေတဲ့ မြတ်ရတနာကျော် 4
ယောကျာ်းလေးတွေကိုပဲ လိုက်ကြည့်နေတဲ့ Ar Boy ကို သံသယတွေဝင်နေတဲ့ မြတ်ရတနာကျော် 5
ယောကျာ်းလေးတွေကိုပဲ လိုက်ကြည့်နေတဲ့ Ar Boy ကို သံသယတွေဝင်နေတဲ့ မြတ်ရတနာကျော် 6
တစိမ့်စိမ့် ထိုင်ငေးချင်လောက်အောင် လှလို့ အကြိမ်ကြိမ်ကြွေမိရပါသော ချစ်စရာကောင်မလေး မြတ်…
ယောကျာ်းလေးတွေကိုပဲ လိုက်ကြည့်နေတဲ့ Ar Boy ကို သံသယတွေဝင်နေတဲ့ မြတ်ရတနာကျော် 7
Unicode version
ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ တောင်ကြီးသူလေး မြတ်ရတနာကျော်ကတော့ အခုဆိုရင် သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော်ကတော့ ကလေးအမေလို့တောင် မဆိုရက်နိုင်လောက်အောင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ မြတ်ရတနာကျော်ကတော့ လတ်တလောမှာ မွေးရပ်မြေသို့ အလည်ပြန်တုန်းက ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တစိမ့်စိမ့်ကြည့်လေ လှလေဖြစ်တဲ့ မြတ်ရတနာကျော်ရဲ့ပုံရိပ်လေးတွေကတော့ နံနက်ခင်းရဲ့နေရောင်ခြည်လေးလို နူးညံ့လှပလွန်းပါတယ်နော်။ချစ်ပရိသတ်တွေအတွက် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ချစ်စရာကောင်မလေး မြတ်ရတနာကျော်ရဲ့အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မြတ်ရတနာကျော်ကတော့ “သစ်ပင်တွေကိုမခုတ်ပါနဲ့ တောတောင်သစ်ပင်ပြုန်းပီး ရာသီဥတု အရမ်းပူလာလို့ပါ 💚အခြားယောကျာ်းတွေကိုလိုက်မကြည့်ပါနဲ့ သံသယတွေဝင်ပီး ရင်တွေပူလာလို့ပါ 😌(ကိုကိုAr boyက ဘဲတွေအကြောင်းပဲပြောပီး ဘဲတွေကိုပဲ လိုက်ငမ်းတော့တာမို့ပါ) 😂🤣😅😆” ဆိုပြီး စစနောက်နောက်လေး ပြောရင်း သူမရဲ့ပုံလေးတွေကို တင်ထားတာပါ။
မြတ်ရတနာကျော်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို နားထားတယ်လို့လည်း သိရပါတယ်။မြတ်ရတနာကျော်ကတော့ ချစ်ရတဲ့ ခင်ပွန်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သမီးလေး Scarlett ကိုပါ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ Scarlett လေးရဲ့မေမေ မြတ်ရတနာကျော်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Momolay