ယောကျာ်းတစ်ယောက်လိုဝတ်စားဆင်ယင်ပြီး မိတ်ကပ်လင်းလင်းကိုရည်းစားစကားပြောခဲ့တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း)


ယောကျာ်းတစ်ယောက်လိုဝတ်စားဆင်ယင်ပြီး မိတ်ကပ်လင်းလင်းကိုရည်းစားစကားပြောခဲ့တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) 1


ယောကျာ်းတစ်ယောက်လိုဝတ်စားဆင်ယင်ပြီး မိတ်ကပ်လင်းလင်းကိုရည်းစားစကားပြောခဲ့တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) 2


ယောကျာ်းတစ်ယောက်လိုဝတ်စားဆင်ယင်ပြီး မိတ်ကပ်လင်းလင်းကိုရည်းစားစကားပြောခဲ့တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) 3


ယောကျာ်းတစ်ယောက်လိုဝတ်စားဆင်ယင်ပြီး မိတ်ကပ်လင်းလင်းကိုရည်းစားစကားပြောခဲ့တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) 4


ယောကျာ်းတစ်ယောက်လိုဝတ်စားဆင်ယင်ပြီး မိတ်ကပ်လင်းလင်းကိုရည်းစားစကားပြောခဲ့တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) 5


ယောကျာ်းတစ်ယောက်လိုဝတ်စားဆင်ယင်ပြီး မိတ်ကပ်လင်းလင်းကိုရည်းစားစကားပြောခဲ့တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) 6

Unicode
လက်ရှိမှာရိုက်ကူးရေးလုပ်နေတဲ့ သုသုတစ်ယောက် မနေ့ညက သူမရဲ့ယောကျာ်းတစ်ယောက်လို ပုံစံအသွင်အပြင်နဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ခုကို ပရိသတ်တွေကို ချပြလိုက်တာပဲဖြစ်ပါတယ်။

ဒီပုံလေးနဲ့ပဲ သူငယ်ချင်းဖြစ်သူ မိတ်ကပ်လင်းလင်းကို Video Call ခေါ်ပြီး ရည်းစားစကားပြောခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရယ်မောပျော်ရွှင်ရအောင် စနောက်တတ်တဲ့ သူမတို့နှစ်ယောက်ရဲ့ အပြန်အလှန်စကားလုံးလေးတွေနဲ့ အပြုအမူလေးတွေက တကယ့်ကိုရယ်ချင်စရာပါ။

” ကျားကျားကြိုက်ကြိုက် ” ဇာတ်ကားမှာလည်း အတူတူသရုပ်ဆောင်ခဲ့ကြပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ နောက်ထပ်ဇာတ်လမ်းရိုက်ကူးဖို့အတွက်လည်း ထပ်မံကမ်းလှမ်းခံခဲ့ရပါသေးတယ်။

Funny Video လေးတွေရိုက်တတ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားနိုင်တဲ့ သုသုကတော့ သူမကိုယ်တိုင်လည်း ပျော်အောင်နေပြီး ပရိသတ်တွေကိုပျော်ရအောင် အမြဲဖန်တီးတင်ဆက်ပေးနေသူတစ်ယောက်ပါ။

သူမတို့နှစ်ယောက်ရဲ့ ပျော်စရာဟာသအဖြစ်အပျက်လေးကို သုသုက ” အကိုကြီးတစ်ယောက် ရည်စားစကားလာပြောနေလို သူက ညီအံ့ကျော်တဲ့ စိတ်ညစ်လိုက်တာ ” ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

ဒီအောက်မှာလည်း ရယ်မောစေရတဲ့ ဟာသ မှတ်ချက်လေးတွေနဲ့ အပြန်အလှန်အရွှန်းဖောက်ထားတာလေးက တကယ့်ကိုပြုံးချင်စရာလေးတွေပါ။Photo – Lin Linn / Nyi Nyi Maung

Be the first to comment

Leave a Reply

Your email address will not be published.


*