ယောက်ျားကောင်းတွေမှာရှိတဲ့ အင်္ဂါရပ်တွေကို ပြောပြလာတဲ့ ကျော်ထွဋ်ဆွေ
ယောက်ျားကောင်းတွေမှာရှိတဲ့ အင်္ဂါရပ်တွေကို ပြောပြလာတဲ့ ကျော်ထွဋ်ဆွေ 1
ယောက်ျားကောင်းတွေမှာရှိတဲ့ အင်္ဂါရပ်တွေကို ပြောပြလာတဲ့ ကျော်ထွဋ်ဆွေ 2
ယောက်ျားကောင်းတွေမှာရှိတဲ့ အင်္ဂါရပ်တွေကို ပြောပြလာတဲ့ ကျော်ထွဋ်ဆွေ 3
ယောက်ျားကောင်းတွေမှာရှိတဲ့ အင်္ဂါရပ်တွေကို ပြောပြလာတဲ့ ကျော်ထွဋ်ဆွေ 4
ယောက်ျားကောင်းတွေမှာရှိတဲ့ အင်္ဂါရပ်တွေကို ပြောပြလာတဲ့ ကျော်ထွဋ်ဆွေ 5
Unicode Version
အရမ်းကို ဂေါ်လွန်းလို့ လူငယ်ပရိသတ်တွေ သဲသဲလှုပ် ချစ်ခင်အားပေးကြတဲ့ အဆိုတော် ကျော်ထွဋ်ဆွေကတော့ ပျော်ပျော်နေတတ်သူတစ်ဦးမို့ မကြာခဏဆိုသလို ပရိသတ်တွေကို ပျော်အောင် စနောက်လေ့ရှိသူတစ်ဦးပါ။ ချစ်သူချောချောလေးကို ပိုင်ဆိုင်ထားတဲ့ ကျော်ထွဋ်ဆွေကတော့ ဝါသနာချင်းတူတဲ့ ချစ်သူနဲ့အတူ အနုပညာအလုပ်တွေကို အတူလုပ်နေသူတစ်ဦးဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ ကျော်ထွဋ်ဆွေက ယောက်ျားကောင်းတွေမှာရှိတဲ့ အင်္ဂါရပ်တွေကို စစနောက်နောက်နဲ့ ထုတ်ပြောထားတာကြောင့် ပရိသတ်တွေအားလုံးက သဘောကျနေကြတာပဲ ဖြစ်ပါတယ်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ကျော်ထွဋ်ဆွေ ပြောလာတဲ့ ယောက်ျားကောင်းတွေရဲ့အင်္ဂါရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကျော်ထွဋ်ဆွေကတော့ “ယောင်္ကျားကောင်းတို့၏ အင်္ဂါရပ်များ- အသားမဲ၊ သွားကြဲ၊ နားရွက်ကပ်၊ မျက်ခုံးမရှိ၊ နှဖူးအဆီပြန်၊ မျက်စိကျဉ်း၊ နှာခေါင်းပြား၊ နှုတ်ခမ်းထော်၊ ပါးဖေါင်း၊ သဘောကောင်း 🤣” ဆိုပြီး စစနောက်နောက်နဲ့ ပြောထားတာပါ။ ကျော်ထွဋ်ဆွေရဲ့အဖြေကိုတော့ ပရိသတ်တွေအားလုံးက အရမ်းကို သဘောကျနေကြတာပဲ ဖြစ်ပါတယ်။
ချစ်သူသက်တမ်း နှစ်ပေါငးများစွာကြာအောင် ခိုင်ခိုင်မြဲလက်တွဲထားနိုင်တဲ့ ကျော်ထွဋ်ဆွေကတော့ အခုအချိန်အထိကို ချစ်ရသူလေးကို အရိပ်တကြည့်ကြည့်နဲ့ ကြည်နူးစရာ ဘဝခရီးကို ရှေ့ဆက်နေတာပဲဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေများစွာနဲ့ ရှေ့ဆက်နေကြတာ အခုဆိုရင် ချစ်သူသက်တမ်း ၉နှစ်နီးပါး ရှိနေပြီပဲ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေ ကိုယ်စီလုပ်ရင်း အနာဂါတ်အတွက် ကြိုးစားနေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ယောက်ျားကောင်းတွေရဲ့အင်္ဂါရပ်တွေကို ထုတ်ပြောလာတဲ့ ကျော်ထွဋ်ဆွေရဲ့အဆိုကို လက်ခံရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Momolay
Be the first to comment
Leave a Reply
Your email address will not be published.
*