ေမြးေန႔အႀကိဳေလးအျဖစ္ ကုသိုလ္ေကာင္းမႈေလးေတြ ျပဳလုပ္ေနခဲ့တဲ့ ဟန္တီ

ဟန္တီက ဇူလိုင္လ ၂၅ ရက္ေန႔ဆိုရင္ အသက္ ၂၂ ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႔မတိုင္ခင္ သစ္တံခါးေက်ာင္းမွာ အလႉလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။သ႐ုပ္ေဆာင္ ဟန္တီက သူမရဲ႕ ဇူလိုင္လ ၁၂ ရက္ေန႔မွာ သူမရဲ႕ ေမြးေန႔အလႉအျဖစ္ သစ္တံခါးေက်ာင္းတိုက္မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဟန္တီ့ရဲ႕ ေမြးေန႔အမွန္ကေတာ့ ဇူလိုင္လ ၂၅ ရက္ေန႔ ျဖစ္ပါတယ္။ ေမြးေန႔ မတိုင္ခင္ အလႉေလးေတြ လုပ္ျဖစ္ေနတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာေျဖဆိုခဲ့ပါတယ္။

ေမြးေန႔အႀကိဳေလးအျဖစ္ ကုသိုလ္ေကာင္းမႈေလးေတြ ျပဳလုပ္ေနခဲ့တဲ့ ဟန္တီ 1

ေမြးေန႔အႀကိဳေလးအျဖစ္ ကုသိုလ္ေကာင္းမႈေလးေတြ ျပဳလုပ္ေနခဲ့တဲ့ ဟန္တီ 2

‘’ ဒီေန႔ကေတာ့ ဟန္တီ့ရဲ႕ အသက္ ၂၂ ႏွစ္ျပည့္ ေမြးေန႔အလႉေလးေပါ့ေနာ္။ ဒီေမြးေန႔အလႉကို ဟန္တီက ရက္ေလးလည္း ရတုန္း၊ ေသာၾကာေန႔လည္းျဖစ္တဲ့အတြက္ ေမြးေန႔အႀကိဳ အလႉေလး လုပ္ျဖစ္တာပါ။ သစ္တံခါးေက်ာင္းတိုက္မွာ ေန႔ဆြမ္းေလးရယ္၊ သကၤန္းရယ္ ကပ္ျဖစ္တယ္။ ျမန္မာမုန႔္ေတြနဲ႔ ေနာက္ထပ္ ေန႔လည္စာပါ လႉဒါန္းသြားမွာေပါ့ေနာ္။ ဘုန္းဘုန္းကိုလည္း ကိုယ္တိုင္ ဆြမ္းကပ္တာ ဒါက ပထမဆုံးပါပဲ’’ လို႔ သူကေျပာပါတယ္။

ေမြးေန႔အႀကိဳေလးအျဖစ္ ကုသိုလ္ေကာင္းမႈေလးေတြ ျပဳလုပ္ေနခဲ့တဲ့ ဟန္တီ 3

အဲဒီေနာက္ ဟန္တီ့ရဲ႕ ေမြးေန႔အလႉကို ေရာက္ရွိလာတဲ့ ေဇယ်ကလည္း ဟန္တီ့အတြက္ ေမြးေန႔ ဆုေတာင္းစကားေျပာခဲ့ပါတယ္။‘’ ဟန္တီ ေမြးေန႔ကစၿပီး ေနာက္ႏွစ္ေပါင္းမ်ားစြာ အႏုပညာေလာကမွာ ေအာင္ျမင္ပါေစ။ ကိုယ္ျဖစ္ခ်င္တဲ့ လိုအင္ဆႏၵေတြလည္း တစ္လုံးတဝ ျပည့္စုံပါေစလို႔ ဆုေတာင္းေပးပါတယ္။ သူနဲ႔က VCD ေတြလည္း႐ိုက္ျဖစ္တယ္၊ အျပင္မွာလည္း ခင္ေနၾကတာဆိုေတာ့ သူ႔ ေမြးေန႔ ဖိတ္လို႔ လာျဖစ္တာပါ’’ လို႔ ဇူလိုင္လ ၁၂ ရက္ေန႔မွာ ျပဳလုပ္တဲ့ ဟန္တီ့ရဲ႕ ေမြးေန႔အလႉမွာ ေျဖဆိုခဲ့တာပါ။

ေမြးေန႔အႀကိဳေလးအျဖစ္ ကုသိုလ္ေကာင္းမႈေလးေတြ ျပဳလုပ္ေနခဲ့တဲ့ ဟန္တီ 4

ေမြးေန႔အႀကိဳေလးအျဖစ္ ကုသိုလ္ေကာင္းမႈေလးေတြ ျပဳလုပ္ေနခဲ့တဲ့ ဟန္တီ 5

ဟန္တီဟာ ၂၀၁၆ခုႏွစ္မွာ အေမရိကန္မွာရွိတဲ့ New York Film Academy မွာ Acting Associates Degree ကို တက္ေရာက္သင္ယူခဲ့ပါတယ္။ ေက်ာင္းတက္ၿပီး ျပန္လာၿပီးေနာက္မွာလည္း Miss Myanmar World 2018 ၿပိဳင္ပြဲႀကီးကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး Winner ဆုကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ ထို႔ေနာက္ တ႐ုတ္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ Miss World 2018 ၿပိဳင္ပြဲႀကီးကို ျမန္မာကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ရပါတယ္။

ေမြးေန႔အႀကိဳေလးအျဖစ္ ကုသိုလ္ေကာင္းမႈေလးေတြ ျပဳလုပ္ေနခဲ့တဲ့ ဟန္တီ 6

ဟန္တီက အႏုပညာအလုပ္ေတြလည္း လုပ္ေနရသူျဖစ္သလို ပရဟိတလုပ္ငန္းေတြမွာလည္း Organization ေတြနဲ႔ ျဖစ္ေစ၊ Miss Myanmar Charity အဖြဲ႕နဲ႔ ျဖစ္ေစ၊ တစ္ေယာက္တည္းျဖစ္ေစ အားသြန္ခြန္စိုက္ ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။ အဲဒီေနာက္ ၂၀၁၉ ခုႏွစ္အတြင္းမွာလဲ ေတာင္ကိုရီးယားႏိုင္ငံက ဆုခ်ီးျမႇင့္တဲ့ Asia Model Award ဆုကို ရရွိပိုင္ဆိုင္ခဲ့ပါေသးတယ္။Cele Yatkwat

Unicode Version

ဟန်တီက ဇူလိုင်လ ၂၅ ရက်နေ့ဆိုရင် အသက် ၂၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မတိုင်ခင် သစ်တံခါးကျောင်းမှာ အလှူလုပ်ခဲ့တယ်လို့ ဆိုပါတယ်။သရုပ်ဆောင် ဟန်တီက သူမရဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ သူမရဲ့ မွေးနေ့အလှူအဖြစ် သစ်တံခါးကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟန်တီ့ရဲ့ မွေးနေ့အမှန်ကတော့ ဇူလိုင်လ ၂၅ ရက်နေ့ ဖြစ်ပါတယ်။ မွေးနေ့ မတိုင်ခင် အလှူလေးတွေ လုပ်ဖြစ်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ်။

‘’ ဒီနေ့ကတော့ ဟန်တီ့ရဲ့ အသက် ၂၂ နှစ်ပြည့် မွေးနေ့အလှူလေးပေါ့နော်။ ဒီမွေးနေ့အလှူကို ဟန်တီက ရက်လေးလည်း ရတုန်း၊ သောကြာနေ့လည်းဖြစ်တဲ့အတွက် မွေးနေ့အကြို အလှူလေး လုပ်ဖြစ်တာပါ။ သစ်တံခါးကျောင်းတိုက်မှာ နေ့ဆွမ်းလေးရယ်၊ သင်္ကန်းရယ် ကပ်ဖြစ်တယ်။ မြန်မာမုန့်တွေနဲ့ နောက်ထပ် နေ့လည်စာပါ လှူဒါန်းသွားမှာပေါ့နော်။ ဘုန်းဘုန်းကိုလည်း ကိုယ်တိုင် ဆွမ်းကပ်တာ ဒါက ပထမဆုံးပါပဲ’’ လို့ သူကပြောပါတယ်။

အဲဒီနောက် ဟန်တီ့ရဲ့ မွေးနေ့အလှူကို ရောက်ရှိလာတဲ့ ဇေယျကလည်း ဟန်တီ့အတွက် မွေးနေ့ ဆုတောင်းစကားပြောခဲ့ပါတယ်။‘’ ဟန်တီ မွေးနေ့ကစပြီး နောက်နှစ်ပေါင်းများစွာ အနုပညာလောကမှာ အောင်မြင်ပါစေ။ ကိုယ်ဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွေလည်း တစ်လုံးတဝ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။ သူနဲ့က VCD တွေလည်းရိုက်ဖြစ်တယ်၊ အပြင်မှာလည်း ခင်နေကြတာဆိုတော့ သူ့ မွေးနေ့ ဖိတ်လို့ လာဖြစ်တာပါ’’ လို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ဟန်တီ့ရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Organization တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်အတွင်းမှာလဲ တောင်ကိုရီးယားနိုင်ငံက ဆုချီးမြှင့်တဲ့ Asia Model Award ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။Cele Yatkwat