ေမြးေန႔အမွတ္တရအျဖစ္ တရားစခန္းဝင္ျပီးကုသုိလ္ယူေနတဲ့ သက္မြန္ျမင့္

သ႐ုပ္ေဆာင္ သက္မြန္ျမင့္ဟာ ဇူလိုင္လ ၂၃ ရက္ေန႔က အသက္ ၃၇ ႏွစ္ျပည့္ၿပီးျဖစ္ပါတယ္။ သူမဟာ ေမြးေန႔မွာေတာ့ ေမွာ္ဘီၿမိဳ႕မွာရွိတဲ့ ေအာင္ဇဗၺဴေတာရတရားရိပ္သာမွာ တရားစခန္း ဝင္ေနတယ္လို႔လည္း သိရပါတယ္။ ေမြးေန႔မတိုင္ခင္တုန္းက သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ အတူ ေမြးေန႔ပါတီ က်င္းပခဲ့ေသးတယ္လို႔ ခင္ပြန္းျဖစ္သူ ကိုစစ္ႏိုင္က ေျပာပါတယ္။

ေမြးေန႔အမွတ္တရအျဖစ္ တရားစခန္းဝင္ျပီးကုသုိလ္ယူေနတဲ့ သက္မြန္ျမင့္ 1

‘’ေမြးေန႔မွာ တရားစခန္းဝင္ေနလို႔ wish လုပ္သူေတြအတြက္ ေက်းဇူးတင္စကားေတြျပန္မေျပာႏိုင္တဲ့ ခ်စ္သက္ကိုယ္စား ေမြးေန႔အႀကိဳ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ေပ်ာ္ခဲ့ရတဲ့ Birthday dinner party ေလးကို ေမြးေန႔အမွတ္တရအေနနဲ႔ Fan ေတြအားလုံးကို အေပ်ာ္ေတြမွ်ေဝတဲ့အေနနဲ႔ တင္ေပးလိုက္ပါတယ္။

ေမြးေန႔အမွတ္တရအျဖစ္ တရားစခန္းဝင္ျပီးကုသုိလ္ယူေနတဲ့ သက္မြန္ျမင့္ 2

အားလုံး ထပ္တူထပ္မွ်ေပ်ာ္႐ႊင္ ၾကည္ႏူးၾကပါေစ’’ ဆိုၿပီးေတာ့ ဇူလိုင္လ ၂၃ ရက္ေန႔ ည ၇ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္။

ေမြးေန႔အမွတ္တရအျဖစ္ တရားစခန္းဝင္ျပီးကုသုိလ္ယူေနတဲ့ သက္မြန္ျမင့္ 3

သက္မြန္ျမင့္ဟာ လက္ရွိမွာေတာ့ အကယ္ဒမီ ၂ ဆုရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။ ၂၀၁၀ ျပည့္ႏွစ္မွာ “အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ၊ ၂၀၁၆ ခုႏွစ္မွာ “ခ်စ္လွစြာေသာ အမုန္း”႐ုပ္ရွင္ကားေတြနဲ႔ အေကာင္းဆုံုး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ဆြတ္ခူးခဲ့သူ ျဖစ္ပါတယ္။

ေမြးေန႔အမွတ္တရအျဖစ္ တရားစခန္းဝင္ျပီးကုသုိလ္ယူေနတဲ့ သက္မြန္ျမင့္ 4

၂၀၁၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာေတာ့ ခင္ပြန္းျဖစ္သူ ကိုစစ္ႏိုင္နဲ႔ လက္ထပ္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ သားေလး အားခ်စ္နဲ႔ သမီးေလး လဝန္းေမ ဆိုတဲ့ သားနဲ႔ သမီးေလးကို ပိုင္ဆိုင္ထားၿပီ ျဖစ္ပါတယ္။

ေမြးေန႔အမွတ္တရအျဖစ္ တရားစခန္းဝင္ျပီးကုသုိလ္ယူေနတဲ့ သက္မြန္ျမင့္ 5

သူမကိုေတာ့ ပရိသတ္ေတြက Music Video ေတြကေနတဆင့္ စတင္အားေပးခဲ့ၾကတာပါ။ သက္မြန္ျမင့္ရဲ႕ ထူးျခားခ်က္ကေတာ့ ခ်စ္စရာေကာင္းတဲ့ မ်က္ဝန္း၊ ေအးခ်မ္းတဲ့ အၿပဳံးကို ပိုင္ဆိုင္ထားတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး အရပ္ျမင့္ျမင့္၊ ခႏၶာကိုယ္ ေတာင့္ေတာင့္ေလးနဲ႔ လွပတဲ့မိန္းကေလးတစ္ေယာက္ပါ။ အႏုပညာကို ဝါသနာပါလြန္းတာေၾကာင့္ ေမြးရပ္ေျမ ခ်င္းေတာင္တန္းကေန ရန္ကုန္ကို ေရာက္ရွိလာတဲ့ ခ်င္းတိုင္းရင္းသူေလး တစ္ေယာက္ပါ။ credit – duwun

ေမြးေန႔အမွတ္တရအျဖစ္ တရားစခန္းဝင္ျပီးကုသုိလ္ယူေနတဲ့ သက္မြန္ျမင့္ 6

Unicode
သရုပ်ဆောင် သက်မွန်မြင့်ဟာ ဇူလိုင်လ ၂၃ ရက်နေ့က အသက် ၃၇ နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သူမဟာ မွေးနေ့မှာတော့ မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရတရားရိပ်သာမှာ တရားစခန်း ဝင်နေတယ်လို့လည်း သိရပါတယ်။ မွေးနေ့မတိုင်ခင်တုန်းက သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူ မွေးနေ့ပါတီ ကျင်းပခဲ့သေးတယ်လို့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်က ပြောပါတယ်။

‘’မွေးနေ့မှာ တရားစခန်းဝင်နေလို့ wish လုပ်သူတွေအတွက် ကျေးဇူးတင်စကားတွေပြန်မပြောနိုင်တဲ့ ချစ်သက်ကိုယ်စား မွေးနေ့အကြို မိသားစု၊ သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့ Birthday dinner party လေးကို မွေးနေ့အမှတ်တရအနေနဲ့ Fan တွေအားလုံးကို အပျော်တွေမျှဝေတဲ့အနေနဲ့ တင်ပေးလိုက်ပါတယ်။

အားလုံး ထပ်တူထပ်မျှပျော်ရွှင် ကြည်နူးကြပါစေ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၃ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

သက်မွန်မြင့်ဟာ လက်ရှိမှာတော့ အကယ်ဒမီ ၂ ဆုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေ ဆိုတဲ့ သားနဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

သူမကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် စတင်အားပေးခဲ့ကြတာပါ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။ credit – duwun