ေမာ္လၿမိဳင္ၿမိဳ႕ ငါးပုဇြန္ဒိုင္အခ်ိဳ႕တြင္ ေဖာ္မလင္သုံးစြဲထားသည္ကို စစ္ေဆးေတြ႕ရွိတာေၾကာင့္ ခံဝန္လက္မွတ္ထိုးခိုင္းထား

စက္တင္ဘာလ ၉ ရက္ေန႔က ေမာ္လၿမိဳင္ၿမိဳ႕နယ္ အစားစာေဆးဝါးႀကီးၾကပ္မွုေကာ္မတီ ျပည္နယ္စားသုံးေရးရာဦးစီးဌါနတို႔ ပူးေပါင္း၍ ေက်ာက္မီးေသြး႐ုံ ငါးပုဇြန္လက္ကားဒိုင္မ်ားသို႔ ဝင္ေရာက္စစ္ေဆးခဲ့ရာ ဒိုင္အခ်ိဳ႕ရွိ ငါးမ်ားတြင္ တာရွည္ခံေဆးေဖာ္မလင္ သုံးစြဲထားေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။ FDA မွ မိုဘိုင္းဓါတ္ခြဲခန္းကားနဲ႔အတူ ငါးပုဇြန္ဒိုင္မ်ားရွိရာသို႔ သတင္းအရ ေရွာင္တခင္ သြားေရာက္စစ္ေဆးခဲ့ရာ ငါးပုဇြန္ဒိုင္ ၁၅ ဆိုင္မွ သံသယရွိနမူနာ ၁၃ မ်ိဳးကို စစ္ေဆးခဲ့ျခင္းျဖစ္သည္။

ေမာ္လၿမိဳင္ၿမိဳ႕ ငါးပုဇြန္ဒိုင္အခ်ိဳ႕တြင္ ေဖာ္မလင္သုံးစြဲထားသည္ကို စစ္ေဆးေတြ႕ရွိတာေၾကာင့္ ခံဝန္လက္မွတ္ထိုးခိုင္းထား 1

ယင္းသို႔ စစ္ေဆးေနစဥ္ ဒိုင္ ၄ ခုမွ က်န္ရွိေနေသာ ငါးႏွပ္၊ ငါးက်န္မ်ားကို စစ္ေဆးရာ ေဖာ္မလင္သုံးစြဲထားေၾကာင္း ဓါတ္ခြဲစစ္ေဆးၿပီး အတည္ျပဳနိုင္ခဲ့သျဖင့္ ငါးပိႆာခ်ိန္ ၁၈၀ ကို သိမ္းဆည္းကာ မုေယာင္းအမွိုက္က်င္းသို႔ စြန႔္ပစ္မွုမ်ား ျပဳလုပ္ခဲ့သည္။

ေမာ္လၿမိဳင္ၿမိဳ႕ ငါးပုဇြန္ဒိုင္အခ်ိဳ႕တြင္ ေဖာ္မလင္သုံးစြဲထားသည္ကို စစ္ေဆးေတြ႕ရွိတာေၾကာင့္ ခံဝန္လက္မွတ္ထိုးခိုင္းထား 2

ငါးပုဇြန္မ်ားမွာ အနယ္အရပ္ရပ္နဲ႔ ထိုင္းနိုင္ငံတို႔မွပါ တင္သြင္းလာေသာငါးမ်ားျဖစ္ၿပီး ေဖာ္မလင္သုံးစြဲထားမွုမွာ ငါးပုဇြန္ဒိုင္မ်ားက သုံးစြဲထားျခင္းမဟုတ္ပဲ ငါးမ်ားဖမ္းဆီး သယ္ယူရာလမ္းတေလၽွာက္တြင္ နည္းနည္းျခင္း ထည့္သြင္းလာေသာ အေျခအေနမ်ိဳး ေတြ႕ရွိခဲ့ရသျဖင့္ ငါးပုဇြန္ဒိုင္ ပိုင္ရွင္မ်ားကို ပထမဆုံးအႀကိမ္အျဖစ္ ခံဝန္လက္မွတ္ ထိုးေစခဲ့ေၾကာင္း သိရသည္။

ေမာ္လၿမိဳင္ၿမိဳ႕ ငါးပုဇြန္ဒိုင္အခ်ိဳ႕တြင္ ေဖာ္မလင္သုံးစြဲထားသည္ကို စစ္ေဆးေတြ႕ရွိတာေၾကာင့္ ခံဝန္လက္မွတ္ထိုးခိုင္းထား 3

ေမာ္လၿမိဳင္ၿမိဳ႕ ငါးပုဇြန္ဒိုင္အခ်ိဳ႕တြင္ ေဖာ္မလင္သုံးစြဲထားသည္ကို စစ္ေဆးေတြ႕ရွိတာေၾကာင့္ ခံဝန္လက္မွတ္ထိုးခိုင္းထား 4

ဆက္လက္၍ ေဖာ္မလင္ကို အသုံးျပဳခဲ့သည့္ မူရင္းေနရာမ်ားကို ဆက္လက္စုံစမ္း ေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း အစားစာေဆးဝါးႀကီးၾကပ္မွုေကာ္မတီ ေမာ္လၿမိဳင္မွ သတင္းရရွိသည္။ သတင္း/ဓါတ္ပုံ – TTS

Unicode Version

စက်တင်ဘာလ ၉ ရက်နေ့က မော်လမြိုင်မြို့နယ် အစားစာဆေးဝါးကြီးကြပ်မှုကော်မတီ ပြည်နယ်စားသုံးရေးရာဦးစီးဌါနတို့ ပူးပေါင်း၍ ကျောက်မီးသွေးရုံ ငါးပုဇွန်လက်ကားဒိုင်များသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ဒိုင်အချို့ရှိ ငါးများတွင် တာရှည်ခံဆေးဖော်မလင် သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ FDA မှ မိုဘိုင်းဓါတ်ခွဲခန်းကားနဲ့အတူ ငါးပုဇွန်ဒိုင်များရှိရာသို့ သတင်းအရ ရှောင်တခင် သွားရောက်စစ်ဆေးခဲ့ရာ ငါးပုဇွန်ဒိုင် ၁၅ ဆိုင်မှ သံသယရှိနမူနာ ၁၃ မျိုးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးနေစဉ် ဒိုင် ၄ ခုမှ ကျန်ရှိနေသော ငါးနှပ်၊ ငါးကျန်များကို စစ်ဆေးရာ ဖော်မလင်သုံးစွဲထားကြောင်း ဓါတ်ခွဲစစ်ဆေးပြီး အတည်ပြုနိုင်ခဲ့သဖြင့် ငါးပိဿာချိန် ၁၈၀ ကို သိမ်းဆည်းကာ မုယောင်းအမှိုက်ကျင်းသို့ စွန့်ပစ်မှုများ ပြုလုပ်ခဲ့သည်။

ငါးပုဇွန်များမှာ အနယ်အရပ်ရပ်နဲ့ ထိုင်းနိုင်ငံတို့မှပါ တင်သွင်းလာသောငါးများဖြစ်ပြီး ဖော်မလင်သုံးစွဲထားမှုမှာ ငါးပုဇွန်ဒိုင်များက သုံးစွဲထားခြင်းမဟုတ်ပဲ ငါးများဖမ်းဆီး သယ်ယူရာလမ်းတလျှောက်တွင် နည်းနည်းခြင်း ထည့်သွင်းလာသော အခြေအနေမျိုး တွေ့ရှိခဲ့ရသဖြင့် ငါးပုဇွန်ဒိုင် ပိုင်ရှင်များကို ပထမဆုံးအကြိမ်အဖြစ် ခံဝန်လက်မှတ် ထိုးစေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖော်မလင်ကို အသုံးပြုခဲ့သည့် မူရင်းနေရာများကို ဆက်လက်စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း အစားစာဆေးဝါးကြီးကြပ်မှုကော်မတီ မော်လမြိုင်မှ သတင်းရရှိသည်။ သတင်း/ဓါတ်ပုံ – TTS

Be the first to comment

Leave a Reply

Your email address will not be published.


*