မောင်လေးတွေရဲ့ မမဖြစ်ချင်နေသူလေး သံသာမိုးသိမ့်
မောင်လေးတွေရဲ့ မမဖြစ်ချင်နေသူလေး သံသာမိုးသိမ့် 1
မောင်လေးတွေရဲ့ မမဖြစ်ချင်နေသူလေး သံသာမိုးသိမ့် 2
မောင်လေးတွေရဲ့ မမဖြစ်ချင်နေသူလေး သံသာမိုးသိမ့် 3
မောင်လေးတွေရဲ့ မမဖြစ်ချင်နေသူလေး သံသာမိုးသိမ့် 4
မောင်လေးတွေရဲ့ မမဖြစ်ချင်နေသူလေး သံသာမိုးသိမ့် 5
Unicode Version
Mrtv-4 မင်းသမီးတစ်ဦးဖြစ်တဲ့ သံသာမိုးသိမ့်ဟာဆိုရင် “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲထဲမှာ မိန်းမချောအဖြစ် ဗီလင်ဇာတ်ရုပ်ကိုပိုင်နိုင်စွာ သရုပ်ဆောင်ထားမှုကြောင့် နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပင် ချီးကျူးခဲ့တာကိုအားလုံးသိရှိပြီးဖြစ်မှာပါ…။ ပရိသတ်တွေကလည်း သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်ပီပြင်မှုကြောင့် မမုန်းတဲ့အပြင် ချီးကျူးအားပေး ဝန်းရံလျက်ရှိတာဖြစ်ပါတယ်..။ သူမဟာဆိုရင် ချစ်ဖို့ ကောင်းတာဖြစ်ပြီး အခြားဇာတ်လမ်းတွဲတွေမှာလည်း ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေများစွာရရှိလာတာဖြစ်ပါတယ်..။
သံသာမိုးသိမ့်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ Photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကိုအမြဲလိုလိုတွေ့မြင်ကြရမှာပါ..။ “လေးပါးကျော့ရှိန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နိုင်ငံကျော်အနုပညာရှင်များနဲ့အတူ ပါဝင်ရိုက်ကူးခဲ့တာကို အားလုံးပဲသိရှိပြီးဖြစ်မှာပါ….။ သူမဟာဆိုရင် သူငယ်ချင်းတွေနဲ့အတူ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေပြီး အပန်းဖြေခရီးတွေလည်း ထွက်လေ့ရှိတာဖြစ်ပါတယ်…။
သံသာမိုးသိမ့်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း “မောင့်ရဲ့မမ” ဆိုတဲ့ status လေးနဲ့အတူ မောင်လေးတွေရဲ့ အသည်းနှလုံးကို လှုပ်ကိုင်လိုက်တဲ့ အလန်းစားပုံရိပ်တွေနဲ့တကွ သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်…။ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။Myanmarload
Be the first to comment
Leave a Reply
Your email address will not be published.
*