ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 1
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 2
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 3
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 4
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 5
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 6
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 7
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 8
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 9
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 10
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 11
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 12
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 13
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 14
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 15
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 16
ပေါင် ၄၀ လောက်ဝိတ်ကျသွားတဲ့ အကြောင်းကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလာတဲ့ သရုပ်ဆောင်ချောရတနာ 9
Unicode
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာလောကထဲမှာ မင်းသမီး တစ်ယောက်အဖြစ် ရပ်တည်လာတဲ့ ချောရတနာကိုတော့ အားလုံးလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။
သူမကတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း အိမ်ထောင်ပြုလိုက်တာကြောင့် အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်တာ သိပ်ပြီး မတွေ့ရတော့တဲ့အကြောင်းရင်းနဲ့ ဝိတ်ချဖြစ်ခဲ့ရတဲ့ အကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။
အလုပ်ပြန်လုပ်ချင်တာ မလုပ်ချင်တာထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့တယ်။ အဝတ်အစားတွေ ဝတ်ရတာလည်း အဆင်မပြေဘူး။ အဝတ်စားဝတ်ရတာတွေ အဆင်မပြေတာများလာတော့ ဘယ်ပွဲမှလည်း မတက်ချင်တော့ဘူး ရှက်လာတာပေါ့နော်။
ပြီးတော့ လူကအရမ်းဝတော့လေ နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ မောလာတာကိုလည်း မကြိုက်ဘူး။ အဲ့ဒါတွေကြောင့်လည်း ဝိတ်ချလိုက်တာတစ်ကြောင်း လှချင်တာလည်းပါတာပေါ့နော်။
ပေါင်၁၈၀လောက်ထိတက်သွားတာ အဲ့တုန်းက သမီးလေးကိုယ်ဝန်ရှိနေတာဆိုတော့ အဲ့လောက်ထိဖြစ်သွားပြီး အဲ့ကနေ သမီးလေးကို မွေးပြီး ဆေးရုံဆင်းလာတော့ ကလေးလည်းထွက်လာပြီဆိုတော့ တော်တော်ပြန်ကျသွားမယ်ထင်တာ ချိန်ကြည့်တော့ ၁၇၈ပေါင်ရှိတယ်။
၂ပေါင်ပဲလျော့သွားတယ် ကလေးလည်းငယ်သေးတော့ အဲ့အချိန် ဝိတ်ချလို့မရသေးတာနဲ့ ၆လလောက်နေတော့ ကိုယ်က အစားအသောက်ကို ဆင်ခြင်နေရင်းနဲ့ တစ်နှစ်ကျော်လောက်မှပဲ ကောင်းကောင်းချဖြစ်တာပါ။အခုကတော့ ပေါင်ချိန် ၁၃၅ပဲ ရှိတော့တယ်။
ချောကို ဝိတ်ချပေးနေတဲ့ အစ်မက မသဉ္ဇာပါ။ သူက ကိုယ့်ကို ကိုယ်ထက်တောင် ပိုပြီး လှလှပပနေစေချင်တာ သူ့ကျေးဇူးတွေလည်းပါတယ်။ သူ့ဆီက meal planတွေ မှာစားဖြစ်တယ်။ အစားအသောက်တော့ တော်တော်လေးကို ဆင်ခြင်ရပါတယ်။
အဲ့ meal plan မဝယ်တဲ့အချိန်မှာလည်း ကိုယ်ကိုတိုင် ဆင်ခြင်ဖြစ်သွားတယ် ဘာလို့လဲဆိုတော့ အစာအိမ်က အူကျဉ်းသွားသလိုဖြစ်သွားတာလား မသိဘူး။ ပြီးတော့ အဲ့အစ်မရဲ့meal planတွေ မဝယ်ခင်တုန်းကလည်း ထမင်းကို နည်းနည်းချင်းစီ လျှော့စားဖြစ်တယ်။
အခုခေတ်က မိန်းကလေးတွေ အိမ်ထောင်ကျပြီးရင်လည်း ပိုပြီးလှချင်လာတဲ့အပေါ်မှာ ချောအနေနဲ့ကတော့ အခုနောက်ပိုင်း Gymသွားဆော့တဲ့ အမျိုးသမီးတွေလည်းများလာတယ်။ အမှန်တကယ်ကတော့ ကျန်းမာရေးအတွက်လည်းကောင်းတယ်။ အဝတ်စားဝတ်တဲ့အခါမှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေတာပေါ့နော်။
ဘယ်သူမဆိုပေါ့နော်အမှန်တကယ်ကတော့ အခုခေတ် မိန်းကလေးတွေ အနေနဲ့ ကိုယ့်အလုပ်ကိုလည်း လုပ်မှ အမေတွေအနေနဲ့ ကိုယ့်ကိုကိုယ် ပိုပြီး Confidentရှိတာပေါ့နော်။ ချောလိုနေတာကတော့ မကောင်းပါဘူး တော်ကြာအတုယူမှားကုန်ကြမှာစိုးလို့ပါ။
ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူ ကိုယ့်မိန်းမကို လှစေချင်တာပဲလေ။ ချော ခင်ပွန်းဆို ဆိုက်ကိုတော်တော်သွင်းတာ တော်တော်ရုပ်ဆိုးနေပြီ သွားပြီ ရစရာမရှိတော့ဘူး သူပြောတာမှ နေ့တိုင်းထိုင်ငိုရမလိုကိုဖြစ်တာပါ။ ဗိုက်ခေါက်တွေက ဘယ်လို ရွံစရာကြီး ဆိုပြီး ဝိတ်မချ ချအောင် ဆိုက်ကိုတွေသွင်းတာပေါ့။ သူ့ကိုလည်း မကောင်းတာတွေပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။
အမျိုးသားက သိပ်ပြီး ရိုတဲ့ထဲမှာတော့ မပါဘူး ဒါပေမယ့် ချောကိုတော့ လိုအပ်တာမှန်သမျှ ဂရုစိုက်ပေးတယ် ဖြည့်ဆည်းပေးပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း ဆက်လုပ်ဖို့လည်း့ပြောပါတယ်။ ချောကိုယ်တိုင်ကိုက အသည်းပိုတာ ကလေးတွေအတွက်ပဲ သူတို့ကိုပဲ အလုပ်ထက် ပိုပြီး ဦးစားပေးချင်တယ် ပိုချစ်သလိုဖြစ်သွားတာပါ။
လူတွေက ကိုယ့်ကို ဗီလိန်ဇာတ်ဝင်ခန်းတွေနဲ့ သိတာများတော့ ပထမစစချင်းတုန်းကဆို ငါ့ကိုတော့ မုန်းတော့မှာပဲ ရိုက်မိတာမှားပြီလားဆိုပြီး ငိုတောင်ငိုသေးတယ်။ ဒါပေမယ့် အမှန်တကယ်ကျတော့ ကိုယ်တိုင်ကိုက အဲ့လိုကာရိုက်တာကို ကြိုက်နေတာ ဖြစ်နေတယ်။
နောက်ပိုင်းတွေလည်း အဲ့လိုကာရိုက်တာမျိုးတွေပဲ ရိုက်ချင်တယ် ဘာလို့လည်းဆိုတော့ ချောကိုယ်တိုင်ကိုက အရမ်းနုနုရွရွ မပြောတတ်ဘူး အဲ့တော့ အဲ့လို ကာရိုက်တာနဲ့ ပိုပြီး လိုက်မယ်လို့ထင်ပါတယ်။
ပထမဦးဆုံး ဗီလိန်ဇာတ်ကားရိုက်တုန်းက မကြီးစိုးနဲ့ ပြေတီဦးတို့နဲ့ ရိုက်တာ ဇာတ်ကားနာမည်က ချစ်ပန်းဝင့်ဝါ အဲ့ကားလည်း တော်တော်ပေါက်သွားတယ်။ အဲ့ဇာတ်ကားတုန်းကလည်း ရိုက်နေရင်းနဲ့ တစ်ခါတစ်လေ ဝမ်းနည်းပြီး ထငိုတာတွေလည်း ရှိတယ်။
တီတီတို့ကဆို ကိုယ့်ကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးရှာတယ်။ တစ်ခါတစ်လေ ကိုယ့်မိသားစုအကြောင်းရာနဲ့ တိုက်ဆိုင်ရင်လည်း ငိုမိတာမျိုးတို့ ဖြစ်တယ်။ အဲ့ကားလေးမှာ ပေါက်သွားတာလည်း မကြီးစိုးတို့ တီတီတို့ရဲ့စိတ်ရှည်ပြီး သင်ပြပေးမှုတွေကြောင့်လည်းပါပါတယ်။
ချစ်တဲ့ပရိသတ်တွေ အတွက်လည်း အခွင့်အရေးရရင် ဇာတ်ကားရိုက်ဖြစ်တဲ့အခါ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်သွားပါမယ်။လို့ ဖြေကြားသွားပေးခဲ့ပါတယ်။
Be the first to comment
Leave a Reply
Your email address will not be published.
*