ေနာက္ႏွစ္ႏွစ္ေလာက္ေနရင္ ျမန္မာ့ရုပ္ရွင္ေလာက ေတာ္ေတာ္မုိက္သြားၿပီဆုိတဲ့ သားညီ

သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာအလုပ္ေတြ လႈပ္႐ွားခဲ့ေပမယ့္ အခုခ်ိန္မွာ႐ုပ္႐ွင္ကားႀကီးေတြကို ဖန္တီး႐ုိက္ကူးေနၿပီး ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ရပ္တည္ေနတဲ့ သားညီကိုေတာ့ အားလံုးသိၾကၿပီးျဖစ္မွာပါ။ သူနဲ႔ ပန္းပြင့္ မီဒီယာရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြသိေအာင္ေျပာျပေပးလိုက္ပါတယ္။

ေနာက္ႏွစ္ႏွစ္ေလာက္ေနရင္ ျမန္မာ့ရုပ္ရွင္ေလာက ေတာ္ေတာ္မုိက္သြားၿပီဆုိတဲ့ သားညီ 1

သ႐ုပ္ေဆာင္သစ္ေတြအတြက္ အႀကံေပးခ်င္တဲ့စကားေတြကို “ ကိုယ့္မွာ ထုိက္သင့္တဲ့႐ူးသြပ္မႈ အရည္ခ်င္းတစ္ခုမ႐ိွရင္ ရပ္တည္ဖို႔ အရမ္းခဲရင္းပါတယ္ ။ ဝမ္းစာလည္းမ်ားမ်ားျဖည့္ၾကပါ က်ေနာ္တုိ႔လည္း အသစ္ဘဝကလာတာပဲ အခုျဖစ္ေနတဲ့ Super Star ေတြလည္း အသစ္ဘဝက လာတာပဲ အသစ္အသစ္ေတြကို အဓိကက က်ေနာ္ျဖစ္ေစခ်င္တာက တကယ္ကို ဝါသနာပါၿပီး တကယ္ကို ႐ူးသြပ္ေစခ်င္တာပါ ။ အဲ့ဒီလိုမ်ိဳးလူေတြအတြက္ကေတာ့ ေနရာတစ္ခုဆိုတာ တျဖည္းျဖည္းနဲ႔႐ိွလာမွာပါ ။

ေနာက္ႏွစ္ႏွစ္ေလာက္ေနရင္ ျမန္မာ့ရုပ္ရွင္ေလာက ေတာ္ေတာ္မုိက္သြားၿပီဆုိတဲ့ သားညီ 2

ေကာင္းလာတယ္ အမ်ားႀကီးေကာင္းလာတယ္ ။ လူငယ္ဒါ႐ိုက္တာ အသစ္ေတြက ေသခ်ာျပင္ဆင္ၿပီးေတာ့ ဖန္တီးလာတာျဖစ္တဲ့အတြက္ ႐ိုက္ခ်က္ေတြလည္းေကာင္းလာတယ္ ဇာတ္လမ္းပံုစံေတြလည္းေကာင္းလာတယ္ ။ Effect ေတြလည္းေကာင္းလာတယ္ေပါ့ ။ အဲ့ဒီအတြက္က်ေနာ္ကေတာ့ ႀကိဳဆိုတယ္ ေနာက္ႏွစ္ႏွစ္ေလာက္ဆိုရင္ ေတာ္ေတာ္လန္ျပန္ထြက္ေနၿပီ ။ အမွန္တိုင္းေျပာရရင္ေတာ့ က်ေနာ္တို႔နည္းပညာအရ က်ေနာ္တို႔အမ်ာႀကီးလိုအပ္ေနပါေသးတယ္ ။

ေနာက္ႏွစ္ႏွစ္ေလာက္ေနရင္ ျမန္မာ့ရုပ္ရွင္ေလာက ေတာ္ေတာ္မုိက္သြားၿပီဆုိတဲ့ သားညီ 3

ေနာက္ႏွစ္ႏွစ္ေလာက္ေနရင္ ျမန္မာ့ရုပ္ရွင္ေလာက ေတာ္ေတာ္မုိက္သြားၿပီဆုိတဲ့ သားညီ 4

နည္းပညာပိုင္းေတြ ဘတ္ဂ်တ္ အကုန္က်ခံႏိုင္မႈေတြ ဇာတ္လမ္းဇာတ္အိမ္စဥ္းစားတဲ့ပံုစံေတြမွာ အမ်ားႀကီး ကိုေနာက္က်ေနပါေသးတယ္ ။ ဒါေပမယ့္အခု ႐ုပ္႐ွင္က တျဖည္းျဖည္းနဲ႔စၿပီးေတာ့ ေျပာင္းလဲလာပါၿပီ ႏိုင္ငံတကာနဲ႔ ဆက္သြယ္ၿပီးေတာ့အလုပ္လုပ္ႏိုင္ တဲ့လူငယ္ေတြအမ်ားႀကီး ဒီ Industry ထဲဝင္လာၿပီဆိုေတာ့ နည္းပညာ႐ွင္ေတြေရာ ဝင္လာတဲ့အခ်ိန္က်ေတာ့ က်ေနာ္တို႔႐ုပ္႐ွင္က တျဖည္းေလးတျဖည္းေလးေတာ့ တိုးတက္လာၿပီေပါ့ ။ ခ်က္ျခင္းႀကီး ဟုန္းကနဲ ေမွာ္ႀကိမ္လံုးနဲ႔ တို႔လိုက္သလိုေတာ့ ေျပာင္းလဲလာမွာမဟုတ္ပါဘူး ။ ဒါေပမယ့္ ေနာက္ႏွစ္ႏွစ္ေလာက္ဆို ခုနက က်ေနာ္ေျပာသလိုေပါ့ ေတာ္ေတာ္ေလးကို မိုက္သြားၿပီ လို႔ယံုၾကည္ပါတယ္။”ဆိုၿပီးေျပာျပသြားပါတယ္။Nanmalgyi

Unicode Version

သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေ လှုပ်ရှားခဲ့ပေမယ့် အခုချိန်မှာရုပ်ရှင်ကားကြီးတွေကို ဖန်တီးရိုက်ကူးနေပြီး ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ သားညီကိုတော့ အားလုံးသိကြပြီးဖြစ်မှာပါ။ သူနဲ့ ပန်းပွင့် မီဒီယာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

သရုပ်ဆောင်သစ်တွေအတွက် အကြံပေးချင်တဲ့စကားတွေကို “ ကိုယ့်မှာ ထိုက်သင့်တဲ့ရူးသွပ်မှု အရည်ချင်းတစ်ခုမရှိရင် ရပ်တည်ဖို့ အရမ်းခဲရင်းပါတယ် ။ ဝမ်းစာလည်းများများဖြည့်ကြပါ ကျနော်တို့လည်း အသစ်ဘဝကလာတာပဲ အခုဖြစ်နေတဲ့ Super Star တွေလည်း အသစ်ဘဝက လာတာပဲ အသစ်အသစ်တွေကို အဓိကက ကျနော်ဖြစ်စေချင်တာက တကယ်ကို ဝါသနာပါပြီး တကယ်ကို ရူးသွပ်စေချင်တာပါ ။ အဲ့ဒီလိုမျိုးလူတွေအတွက်ကတော့ နေရာတစ်ခုဆိုတာ တဖြည်းဖြည်းနဲ့ရှိလာမှာပါ ။

ကောင်းလာတယ် အများကြီးကောင်းလာတယ် ။ လူငယ်ဒါရိုက်တာ အသစ်တွေက သေချာပြင်ဆင်ပြီးတော့ ဖန်တီးလာတာဖြစ်တဲ့အတွက် ရိုက်ချက်တွေလည်းကောင်းလာတယ် ဇာတ်လမ်းပုံစံတွေလည်းကောင်းလာတယ် ။ Effect တွေလည်းကောင်းလာတယ်ပေါ့ ။ အဲ့ဒီအတွက်ကျနော်ကတော့ ကြိုဆိုတယ် နောက်နှစ်နှစ်လောက်ဆိုရင် တော်တော်လန်ပြန်ထွက်နေပြီ ။ အမှန်တိုင်းပြောရရင်တော့ ကျနော်တို့နည်းပညာအရ ကျနော်တို့အမျာကြီးလိုအပ်နေပါသေးတယ် ။

နည်းပညာပိုင်းတွေ ဘတ်ဂျတ် အကုန်ကျခံနိုင်မှုတွေ ဇာတ်လမ်းဇာတ်အိမ်စဉ်းစားတဲ့ပုံစံတွေမှာ အများကြီး ကိုနောက်ကျနေပါသေးတယ် ။ ဒါပေမယ့်အခု ရုပ်ရှင်က တဖြည်းဖြည်းနဲ့စပြီးတော့ ပြောင်းလဲလာပါပြီ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီးတော့အလုပ်လုပ်နိုင် တဲ့လူငယ်တွေအများကြီး ဒီ Industry ထဲဝင်လာပြီဆိုတော့ နည်းပညာရှင်တွေရော ဝင်လာတဲ့အချိန်ကျတော့ ကျနော်တို့ရုပ်ရှင်က တဖြည်းလေးတဖြည်းလေးတော့ တိုးတက်လာပြီပေါ့ ။ ချက်ခြင်းကြီး ဟုန်းကနဲ မှော်ကြိမ်လုံးနဲ့ တို့လိုက်သလိုတော့ ပြောင်းလဲလာမှာမဟုတ်ပါဘူး ။ ဒါပေမယ့် နောက်နှစ်နှစ်လောက်ဆို ခုနက ကျနော်ပြောသလိုပေါ့ တော်တော်လေးကို မိုက်သွားပြီ လို့ယုံကြည်ပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။Nanmalgyi