ေနရာက မန္းေလးျမိဳ႔ အခ်ိန္က ည ၉နာရီခြဲ ျမင္လိုက္ရတဲ့ ျမင္ကြင္းက အံ့ၾသမွင္သက္စရာျမင္ကြြင္း

အခ်ိန္က ည ၉ နာရီခြဲခါနီး။ မႏၲေလးၿမိဳ႕ရဲ႕ အထင္ကရလမ္းမႀကီးတစ္ခုေပၚမွာ ကားကိုေျဖးေျဖးမွန္မွန္ေမာင္းလာရင္း ကားေရွ႕ လမ္းမီးေရာင္ေအာက္မွာ ကိုယ္ေတြ႕လိုက္ရတဲ႔အရာတစ္ခုကို ၾကည္႔ျပီး အံ႔အားသင္႔မိတယ္။

တရုတ္နိုင္ငံကေန ဘာကြာလတီမွမပါပဲ ထုတ္ထားတဲ႔ ဆိုင္ကယ္အစုတ္ေပၚမွာ ဧရာမအထုပ္ၾကီးတစ္ထုပ္။ ထိုအထုပ္ရဲ႕အေပၚမွာ လူတစ္ေယာက္ထိုင္လို႔ ။ ကိုယ္ေတ္ာ္ေတာ္ေလး အံ႕ၾသတၾကီးကိုေငးၾကည္႔မိတယ္။ ဘယ္ေလာက္ အႏၱရာယ္မ်ားလိုက္သလဲ။ ဆိုင္ကယ္ဆိုတာ ဘီး ၂ ဘီးေပၚမွာ ဟန္ခ်က္နဲ႔ထိန္းျပီး လမ္းေပၚသြားေနတာေလ။ ျပဳတ္က်တာပဲျဖစ္ျဖစ္ ဆိုင္ကယ္လဲတာပဲျဖစ္ျဖစ္ အသက္အႏၱရာယ္ရွိတာေပါ႔။

ေနရာက မန္းေလးျမိဳ႔ အခ်ိန္က ည ၉နာရီခြဲ ျမင္လိုက္ရတဲ့ ျမင္ကြင္းက အံ့ၾသမွင္သက္စရာျမင္ကြြင္း 1

ဆိုင္ကယ္ကလဲ ေျဖးေျဖးပဲေမာင္းေနတာဆိုေတာ႔ ကိုယ္႔ကားက သူတို႔ကိုေက်ာ္တက္နိုင္သြားတယ္။ အဲ႔ဒီအခါမွာ ကိုယ္ခုနက အံ႕အားသင္႔ တယ္ဆိုတာထက္ပိုျပီး အ႔႔ံအားသင္႔မိပံုက ပါးစပ္အေဟာင္းသားနဲ႔ သူတို႔ကိုေငးၾကည္႔မိတယ္။ အထုပ္ၾကီးေပၚထိုင္လိုက္လာတာက အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနတယ္။ ဒါတင္မကေသး သူ႕ရင္ခြင္ထဲမွာ ၄-၅ နွစ္အရြယ္ လူမမယ္ကေလးတစ္ေယာက္ပါေသးတယ္။ ဒါတင္မကေသးဘူး ဆိုင္ကယ္ေမာင္းသူရဲ႕ ေရွ႕ရင္ခြင္ထဲမွာ အရြယ္မေရာက္တေရာက္ ကေလးမေလး။ စုစုေပါင္း လူ ၄ ေယာက္ နဲ႔ ဧရာမအထုပ္ၾကီးတစ္ထုပ္ တရုတ္ဆိုင္ကယ္တစ္စီး။ ေပတစ္ရာလမ္းေပၚက မိသားစုတစ္စုသူတို႔ကိုၾကည္႔ရင္း ကိုယ္အကဲခတ္မိတာက မိသားစုတစ္စု ဆိုင္ကယ္နဲ႔ အမွိဳက္လိုက္ေကာက္ၾကျပီး ျပန္လာတာျဖစ္မယ္။

ေနရာက မန္းေလးျမိဳ႔ အခ်ိန္က ည ၉နာရီခြဲ ျမင္လိုက္ရတဲ့ ျမင္ကြင္းက အံ့ၾသမွင္သက္စရာျမင္ကြြင္း 2

ေကာက္လို႔ရတဲ႔ အမွိဳက္ေတြကို အခုညတြင္းျခင္းမ်ား အေဟာင္းဒိုင္မွာ သြားသြင္းၾကမလို႔လား။ ဒီကေလးေတြ ေက်ာင္းမ်ားေနရရဲ႕လား။ က်န္းမာေရးေရာ ေကာင္းၾကရဲ႕လား။ အို .. စံုေနေအာင္ကို ေတြးပူေနမိတယ္။ တကယ္ေတာ႔ က်န္းမာေရးနဲ႔ ပညာေရးဟာ လူသားတိုင္းအခမဲ႔ တန္းတူရရွိသင္႔တဲ႔ လူ႔အခြင္႔အေရးအစစ္အမွန္ပါ။ အခုေတာ့ ပိုက္ဆံရွိတဲ့သူမွ ေစ်းႀကီးႀကီး က်န္းမာေရးအေထာက္အကူပစၥည္းေတြ သံုးစြဲႏိုင္တယ္။

ေနရာက မန္းေလးျမိဳ႔ အခ်ိန္က ည ၉နာရီခြဲ ျမင္လိုက္ရတဲ့ ျမင္ကြင္းက အံ့ၾသမွင္သက္စရာျမင္ကြြင္း 3

ပိုက္ဆံရွိတဲ့ ေလးေတြမွ အဆင့္ျမင့္ပညာေတြ သင္ႏိုင္ၾကတယ္။ဒါေတြကိုျမင္မွ တိုင္းျပည္တိုးတက္ဖို႔ အလြန္အေရးၾကီးတယ္ဆိုတာ ပိုသိလာတယ္။ သူတို႔ေလးေတြအတြက္ ကၽြန္ေတာ္ဘာမ်ားလုပ္ေပးနိုင္မလဲ စဥ္းစားမိတယ္။ ဒီလုိရွင္သန္ေနရတဲ႔ မိသားစုေတြေရာ ျမန္မာျပည္မွာ ဘယ္ေလာက္မ်ား ရွိေနၾကမလဲ။ ျမန္မာျပည္ၾကီးေရ ကေလးေတြရဲ႕ အနာဂတ္အတြက္ အျမန္တိုးတက္ပါေတာ႔ဗ်ာက..

Pyi Soe Oo

Unicode Version

အချိန်က ည ၉ နာရီခွဲခါနီး။ မန္တလေးမြို့ရဲ့ အထင်ကရလမ်းမကြီးတစ်ခုပေါ်မှာ ကားကိုဖြေးဖြေးမှန်မှန်မောင်းလာရင်း ကားရှေ့ လမ်းမီးရောင်အောက်မှာ ကိုယ်တွေ့လိုက်ရတဲ့အရာတစ်ခုကို ကြည့်ပြီး အံ့အားသင့်မိတယ်။

တရုတ်နိုင်ငံကနေ ဘာကွာလတီမှမပါပဲ ထုတ်ထားတဲ့ ဆိုင်ကယ်အစုတ်ပေါ်မှာ ဧရာမအထုပ်ကြီးတစ်ထုပ်။ ထိုအထုပ်ရဲ့အပေါ်မှာ လူတစ်ယောက်ထိုင်လို့ ။ ကိုယ်တေ်ာ်တော်လေး အံ့သြတကြီးကိုငေးကြည့်မိတယ်။ ဘယ်လောက် အန္တရာယ်များလိုက်သလဲ။ ဆိုင်ကယ်ဆိုတာ ဘီး ၂ ဘီးပေါ်မှာ ဟန်ချက်နဲ့ထိန်းပြီး လမ်းပေါ်သွားနေတာလေ။ ပြုတ်ကျတာပဲဖြစ်ဖြစ် ဆိုင်ကယ်လဲတာပဲဖြစ်ဖြစ် အသက်အန္တရာယ်ရှိတာပေါ့။

ဆိုင်ကယ်ကလဲ ဖြေးဖြေးပဲမောင်းနေတာဆိုတော့ ကိုယ့်ကားက သူတို့ကိုကျော်တက်နိုင်သွားတယ်။ အဲ့ဒီအခါမှာ ကိုယ်ခုနက အံ့အားသင့် တယ်ဆိုတာထက်ပိုပြီး အ့့ံအားသင့်မိပုံက ပါးစပ်အဟောင်းသားနဲ့ သူတို့ကိုငေးကြည့်မိတယ်။ အထုပ်ကြီးပေါ်ထိုင်လိုက်လာတာက အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်။ ဒါတင်မကသေး သူ့ရင်ခွင်ထဲမှာ ၄-၅ နှစ်အရွယ် လူမမယ်ကလေးတစ်ယောက်ပါသေးတယ်။ ဒါတင်မကသေးဘူး ဆိုင်ကယ်မောင်းသူရဲ့ ရှေ့ရင်ခွင်ထဲမှာ အရွယ်မရောက်တရောက် ကလေးမလေး။ စုစုပေါင်း လူ ၄ ယောက် နဲ့ ဧရာမအထုပ်ကြီးတစ်ထုပ် တရုတ်ဆိုင်ကယ်တစ်စီး။ ပေတစ်ရာလမ်းပေါ်က မိသားစုတစ်စုသူတို့ကိုကြည့်ရင်း ကိုယ်အကဲခတ်မိတာက မိသားစုတစ်စု ဆိုင်ကယ်နဲ့ အမှိုက်လိုက်ကောက်ကြပြီး ပြန်လာတာဖြစ်မယ်။

ကောက်လို့ရတဲ့ အမှိုက်တွေကို အခုညတွင်းခြင်းများ အဟောင်းဒိုင်မှာ သွားသွင်းကြမလို့လား။ ဒီကလေးတွေ ကျောင်းများနေရရဲ့လား။ ကျန်းမာရေးရော ကောင်းကြရဲ့လား။ အို .. စုံနေအောင်ကို တွေးပူနေမိတယ်။ တကယ်တော့ ကျန်းမာရေးနဲ့ ပညာရေးဟာ လူသားတိုင်းအခမဲ့ တန်းတူရရှိသင့်တဲ့ လူ့အခွင့်အရေးအစစ်အမှန်ပါ။ အခုတော့ ပိုက်ဆံရှိတဲ့သူမှ စျေးကြီးကြီး ကျန်းမာရေးအထောက်အကူပစ္စည်းတွေ သုံးစွဲနိုင်တယ်။

ပိုက်ဆံရှိတဲ့ လေးတွေမှ အဆင့်မြင့်ပညာတွေ သင်နိုင်ကြတယ်။ဒါတွေကိုမြင်မှ တိုင်းပြည်တိုးတက်ဖို့ အလွန်အရေးကြီးတယ်ဆိုတာ ပိုသိလာတယ်။ သူတို့လေးတွေအတွက် ကျွန်တော်ဘာများလုပ်ပေးနိုင်မလဲ စဉ်းစားမိတယ်။ ဒီလိုရှင်သန်နေရတဲ့ မိသားစုတွေရော မြန်မာပြည်မှာ ဘယ်လောက်များ ရှိနေကြမလဲ။ မြန်မာပြည်ကြီးရေ ကလေးတွေရဲ့ အနာဂတ်အတွက် အမြန်တိုးတက်ပါတော့ဗျာက..

Pyi Soe Oo