နေထူးနိုင်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်
နေထူးနိုင်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် 1
နေထူးနိုင်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် 2
နေထူးနိုင်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် 3
နေထူးနိုင်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် 4
နေထူးနိုင်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် 5
နေထူးနိုင်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် 6
နေထူးနိုင်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် 7
နေထူးနိုင်ကြောင့် ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ် 8
Unicode
မြန်မာ့ဗီဒီယိုလောကဈေးကွက် ကောင်းတဲ့အချိန်တုန်းက ဇာတ်ကားကောင်းများစွာကို ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဗီဒီယိုလောကပျက်လို့ အလုပ်မရှိချိန် စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကိုနေထူးနိုင်က ကျနေတဲ့ စိတ်ဓာတ်တွေကို တင်ပေးသွားလို့ အကုန်သိမီဒီယာရဲ့ အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။
နှိူင်းယှဉ်မြင့်မိုရ်က “အကုန်လုံးတစ်ယောက်တစ်မျိုးစီ စီးပွားရေးတွေလုပ်နေကြတယ်။ စမ်းလုပ်ကြည့်တာပေါ့နော် ဒါပေမဲ့ မနေ့က နှိုင်းယှဉ်တို့ပြောတာဆိုတော့ နှိုင်းယှဉ်ဆိုလည်း အွန်လိုင်းပေါ်မှာ အလျင်မှီတာလေးတွေရောင်းတယ်ပေါ့နော်။
အန်တီကြူကြူသင်းတို့ုဆိုလည်းရောင်းတယ်။ မနေ့က တစ်ယောက်နဲ့တစ်ယောက်ပြောကျိတာ ငါတို့ ပျော်လားဆိုတော့ မပျော်ဘူးပေါ့နော် တကယ်လို့ ပိုက်ဆံရသည့်တိုင်အောင် အဲ့ပိုက်ဆံကို သုံးရတာမပျော်ဘူး။
ငါတိုအိုက်တင်ပဲ လုပ်ချင်တာ ဘယ်လောက် ပင်ပန်းပန်း အိုက်တင်လုပ်တယ် ရတာနည်းပါစေ အဲ့ပိုက်ဆံလေးနဲ့ ပျော်ပြီးတော့ အိမ်ပြန်လာချင်တာ အခုလုပ်ရတဲ့အလုပ့်နဲ့ ကိုယ့်ဝါသနာနဲ့ တစ်ထပ်တည်း မကျတဲ့အခါကျတော့ လုပ်ရတာ မပျော်သလို အောင်မြင်မှာလဲ မဟုတ်ဘူးလေ။”လို့ပြောသွားခဲ့ပါတယ်။
ကိုနေထူးနိုင်နဲ့ တွေ့ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး “အမှန်တိုင်းပြောရမယ်ဆိုရင် နှိုင်းယှဉ်တစ်ယောက်တည်း အလုပ်မရှိတာမဟုတ်ဘူးလေ ဇာတ်ပို့ဇာတ်ရံ တော်တော်များများ အကြီးအငယ်တွေအကုန်လုံး အလုပ်မရှိကြတော့ဘူး အလုပ်မရှိတာကို ကြိတ်မှိတ်ပြီး ငြိမ်နေကြတယ်။
တစ်ဖြေးဖြေးနဲ့မှ ခံစားချက်တွေကို ရေးလာကြတယ်ပေါ့နော် အဲ့အပေါ်မှာ နှိုင်းယှဉ်တို့တွေ ဘာကိုစောင့်လို့စောင့်နေရမှန်းမသိဘူးပေါ့။ ငါ့ဆီဘယ်တော့ အလုပ်လာမှာလဲ ဘယ်သူက ငါတို့ကို ရှေ့ဆောင်လမ်းပြပေးမှာလဲ ဘယ်သူကငါတို့ကို လက်တွဲခေါ်မှာလဲ။ ဒါပေမဲ့ ပဟေဠိ ပေါ့နော် ကိုယ့်ဘာသာကို ဘယ်သူကဆိုတဲ့ ဟာကြီးကို စောင့်နေရတာပေါ့ ဘယ်သူကလာကယ်မှာလဲ။
အဲ့လိုတွေ ဖြစ်နေတဲ့အချိန်မှာ ဇာတ်ပို့တိုင်း ဖြစ်နေကြတာ အဲ့အချိန်မှာ ကိုနေထူးနိုင်ကနေပြီးတော့ ညီမလေး ကိုကြီး ညီမလေးတို့နဲ့ စကားပြောချင်တယ် အချိန်ပေးနိုင်မလားပေါ့နော် ဟုတ်ကဲ့ ကိုကြီးပေးနိုင်တယ်ဆိုပြီးတော့ မနေ့က သွားပြီးတော့ အစည်းအဝေးလုပ်တာမဟုတ်ဘူးနော် နှိုင်းယှဉ်တို့ ရိုးရိုးတန်းတန်းမုန့်စားပြီးတော့ သွားပြီး ဆွေးနွေးကြတာပါ။
ဆွေးနွေးတဲ့အချိန်မှာ.သူက သူရဲ့လမ်းကြောင်းလေးကို ပြောပြတယ်ပေါ့နော် ဒီလိုလေးတွေ ညီမလေးတို့ လုပ်လို့ရတယ် ညီမလေးတို့သိလားဆိုတော့ အဲ့တော့ သမီးတို့က မသိဘူး သမီးတို့က သရုပ်ဆောင်ဖို့ပဲ သိတာ ဈေးကွက်တွေ စီးပွားရေးတွေကျတော့ သမီးတို့ နားမလည်ဘူး။ ကိုနေထူးနိုင်က သမီးတို့ကို သေချာလေးရှင်းပြတယ်။
လက်တွဲခေါ်တယ် မနေ့ကတော့ ကျနေတဲ့ စိတ်ဓာတ်လေးတွေ ပြန်တက်လာတယ် သူ့စကားကြောင့်။”လို့ပြောသွားခဲ့ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။ credit – nanmalgyi