ေနတိုးကို သေဘာက်ေပမယ့္ အတူတူတြဲရိုက္ဖုိ႔ေတာ့ မေတြးရဲေသးဘူးဆိုတဲ့ သဇင္ထူးျမင့္

ဟာသ သရုပ္ေဆာင္ ခင္လိႈင္ရဲ့ သမီး သဇင္ထူးျမင့္ကေတာ့ လက္ရွိအခ်ိန္မွာ သူ႔အေနနဲ႔ ခ်စ္စရာေကာင္းျပီး ဆြဲေဆာင္မႈရွိတဲ့ ရုပ္ရည္ေၾကာင့္ အားေပးတဲ့ ပရိသတ္ ေတာ္ေတာ္မ်ားမ်ား ရွိလာျပီ ျဖစ္ပါတယ္။ သဇင္ထူးျမင့္ကေတာ့ သူ႔အေနနဲ႔ မင္းသားေနတိုးကို ငယ္ငယ္ေလးကတည္းက ၾကိဳက္ခဲ့ရျပီး လက္ရွိခ်ိန္မွာ အျပင္မွာေတြ႔ရင္လည္း ရင္ခုန္ရင္တုန္ ျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့ကာ ေနတိုးကိုလည္း မိန္းမရေစခ်င္ျပီလို႔ ေျပာၾကားသြား ခဲ့ပါတယ္။

ေနတိုးကို သေဘာက်ေပမယ့္ အတူတူတြဲရိုက္ဖုိ႔ေတာ့ မေတြးရဲေသးဘူးဆိုတဲ့ သဇင္ထူးျမင့္ 1

သရုပ္ေဆာင္ ခင္လိႈင္ရဲ့ သမီးေလး သဇင္ထူးျမင့္ကေတာ့ မင္းသားေနတိုးနဲ႔ ပတ္သက္ျပီး “ငယ္ငယ္ေလးကတည္းက အရမ္း သေဘာက်တာ။ ဘာလို႔မွန္းေတာ့မသိဘူးေပါေ့နာ္။ ကိုေနတိုးကားမွန္သမွ် ငယ္ငယ္ကတည္းက တေခြမွ အလြတ္မခံဘူးေပါ့ ၾကည့္တာ။ အရမ္းသေဘာက်ပါတယ္။ အျမင္မွာေတြ႔တိုင္းလည္း အျမဲရင္ခုန္ပါတယ္။ ေတြ႔တဲ့အခါတိုင္းလည္း ပံုစံတမ်ိဳးဆီနဲ႔ ရင္တုန္တာေပါ့ေနာ္။ ေထြေထြထူးထူးၾကီးေတာ့ မရွိဘူးေပါ့။ ရင္ေတာ့ တုန္ပါတယ္”

ေနတိုးကို သေဘာက်ေပမယ့္ အတူတူတြဲရိုက္ဖုိ႔ေတာ့ မေတြးရဲေသးဘူးဆိုတဲ့ သဇင္ထူးျမင့္ 2

“Dinner တခုမွာ ကိုေနတိုးက သမီးတို႔ရဲ့ အေနာက္ဝိုင္းမွာ ထိုင္ေနတာ။ သမီးတို႔ဝိုင္းမွာ ထိုင္ေနတဲ့သူေတြကလည္း အကုန္လံုး ကိုေနတိုးပရိသတ္ေပါ့။ အဲ့ကေလးေတြအကုန္လံုး သူ႔ကိုၾကိဳက္မွန္းသိေတာ့ သူဓါတ္ပံုလာရိုက္တဲ့အခ်ိန္မွာ အကုန္လံုးက အရမ္းေပ်ာ္တယ္။ ေပ်ာ္တုန္းပဲ ရွိေသးတယ္။ ကိုေနတိုးက သူ႕ေပ့ခ်္မွာပါ ထပ္တင္လုိက္ေတာ့ အရမ္းကို ေပ်ာ္သြားတယ္”

ေနတိုးကို သေဘာက်ေပမယ့္ အတူတူတြဲရိုက္ဖုိ႔ေတာ့ မေတြးရဲေသးဘူးဆိုတဲ့ သဇင္ထူးျမင့္ 3

“ကိုေနတိုးနဲ႔ တြဲရိုက္ရမယ္ဆိုတဲ့ အေတြးေတြကေတာ့ မေတြးရဲေသးပါဘူး။ သမီးတိ႔ုက အခုမွ အသစ္ေတြဆိုေတာ့ေလ။ သူ႔ဆီက အတုယူစရာေတြကေတာ့ အျပင္မွာေအးတယ္။ ဒါေပမယ့္လည္း သရုပ္ေဆာင္တဲ့ အခ်ိန္မွာ အရမ္းအားရတယ္။ ညီမလည္း အျပင္မွာ သြက္သြက္လက္လက္ မေနတတ္တာေပါ့ေလ”

ေနတိုးကို သေဘာက်ေပမယ့္ အတူတူတြဲရိုက္ဖုိ႔ေတာ့ မေတြးရဲေသးဘူးဆိုတဲ့ သဇင္ထူးျမင့္ 4

ကိုေနတိုး မိန္းမ မယူေသးတ့ဲ အေပၚမွာေတာ့ “အဲ့လုိမ်ိဳးေတာ့ မရွိပါဘူး။ သူကလည္း လူပဲဆိုေတာ့ေလ အရြယ္ေရာက္လာတဲ့အခါမွာေတာ့ ယူေစခ်င္ပါတယ္” လတ္တေလာ အႏုပညာလႈပ္ရွားမႈ နဲ႔ ပတ္သက္ျပီး “ေၾကာ္ျငာေလးေတြေတာ့ ရိုက္ေနပါတယ္။ ျပီးေတာ့ သူငယ္ခ်င္းေတြနဲ႔က မေတြ႔ျဖစ္ေတာ့ဘူး။ အလုပ္ေတြနဲ႔ဆိုေတာ့။ ေရႊၾကိဳေမာင္ႏွမေတြနဲ႔ေတာ့ ေတြ႔ျဖစ္မွာပါ” ဆိုျပီးေတာ့ ေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode Version

ဟာသ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်ကတော့ လက်ရှိအချိန်မှာ သူ့အနေနဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် အားပေးတဲ့ ပရိသတ် တော်တော်များများ ရှိလာပြီ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ သူ့အနေနဲ့ မင်းသားနေတိုးကို ငယ်ငယ်လေးကတည်းက ကြိုက်ခဲ့ရပြီး လက်ရှိချိန်မှာ အပြင်မှာတွေ့ရင်လည်း ရင်ခုန်ရင်တုန် ဖြစ်တယ်လို့ ပြောကြားသွားခဲ့ကာ နေတိုးကိုလည်း မိန်းမရစေချင်ပြီလို့ ပြောကြားသွား ခဲ့ပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်ကတော့ မင်းသားနေတိုးနဲ့ ပတ်သက်ပြီး “ငယ်ငယ်လေးကတည်းက အရမ်း သဘောကျတာ။ ဘာလို့မှန်းတော့မသိဘူးပေါေ့နာ်။ ကိုနေတိုးကားမှန်သမျှ ငယ်ငယ်ကတည်းက တခွေမှ အလွတ်မခံဘူးပေါ့ ကြည့်တာ။ အရမ်းသဘောကျပါတယ်။ အမြင်မှာတွေ့တိုင်းလည်း အမြဲရင်ခုန်ပါတယ်။ တွေ့တဲ့အခါတိုင်းလည်း ပုံစံတမျိုးဆီနဲ့ ရင်တုန်တာပေါ့နော်။ ထွေထွေထူးထူးကြီးတော့ မရှိဘူးပေါ့။ ရင်တော့ တုန်ပါတယ်”

“Dinner တခုမှာ ကိုနေတိုးက သမီးတို့ရဲ့ အနောက်ဝိုင်းမှာ ထိုင်နေတာ။ သမီးတို့ဝိုင်းမှာ ထိုင်နေတဲ့သူတွေကလည်း အကုန်လုံး ကိုနေတိုးပရိသတ်ပေါ့။ အဲ့ကလေးတွေအကုန်လုံး သူ့ကိုကြိုက်မှန်းသိတော့ သူဓါတ်ပုံလာရိုက်တဲ့အချိန်မှာ အကုန်လုံးက အရမ်းပျော်တယ်။ ပျော်တုန်းပဲ ရှိသေးတယ်။ ကိုနေတိုးက သူ့ပေ့ချ်မှာပါ ထပ်တင်လိုက်တော့ အရမ်းကို ပျော်သွားတယ်”

“ကိုနေတိုးနဲ့ တွဲရိုက်ရမယ်ဆိုတဲ့ အတွေးတွေကတော့ မတွေးရဲသေးပါဘူး။ သမီးတိ့ုက အခုမှ အသစ်တွေဆိုတော့လေ။ သူ့ဆီက အတုယူစရာတွေကတော့ အပြင်မှာအေးတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင်တဲ့ အချိန်မှာ အရမ်းအားရတယ်။ ညီမလည်း အပြင်မှာ သွက်သွက်လက်လက် မနေတတ်တာပေါ့လေ”

ကိုနေတိုး မိန်းမ မယူသေးတဲ့ အပေါ်မှာတော့ “အဲ့လိုမျိုးတော့ မရှိပါဘူး။ သူကလည်း လူပဲဆိုတော့လေ အရွယ်ရောက်လာတဲ့အခါမှာတော့ ယူစေချင်ပါတယ်” လတ်တလော အနုပညာလှုပ်ရှားမှု နဲ့ ပတ်သက်ပြီး “ကြော်ငြာလေးတွေတော့ ရိုက်နေပါတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့က မတွေ့ဖြစ်တော့ဘူး။ အလုပ်တွေနဲ့ဆိုတော့။ ရွှေကြိုမောင်နှမတွေနဲ့တော့ တွေ့ဖြစ်မှာပါ” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*