ေဒၚေအာင္ဆန္းစုၾကည္ကိုျမင္တိုင္း စိတ္ဓာတ္ခြန္အားရတယ္ဆိုတဲ့ ခရစၥတီးနားခီ

ခရစၥတီးနားခီက သူမအတြက္ စိတ္ခြန္အားျဖစ္ေစသူကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ျဖစ္ေၾကာင္းေျပာပါတယ္။ ဒါေပမယ့္ ခင္ပြန္းျဖစ္သူကလည္း သူမအတြက္ အားကိုးစရာတစ္ေယာက္ျဖစ္ခဲ့ပါတယ္တဲ့။

ေဒၚေအာင္ဆန္းစုၾကည္ကိုျမင္တိုင္း စိတ္ဓာတ္ခြန္အားရတယ္ဆိုတဲ့ ခရစၥတီးနားခီ 1

ဒါ႐ိုက္တာ ခရစၥတီးနားခီဟာ သူမကိုယ္တိုင္ စိတ္ဓာတ္က်စရာေတြရွိရင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ၾကည့္ၿပီး အားတင္းတယ္လို႔ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကိုျမင္တိုင္း စိတ္ဓာတ္ခြန္အားရတယ္ဆိုတဲ့ ခရစၥတီးနားခီ 2

‘’အလုပ္နဲ႔ဘဝကို attachment ခြဲျခား ကြဲျပားစြာ ေနႏိုင္မွသာ ဒီႏိုင္ငံမွာ ဒီလို ၾကည္လင္စြာၿပဳံးႏိုင္ပါလိမ့္မယ္။ အၿမဲတမ္း ေယာက်ၤားကလည္း သတိေပးသလို ကိုယ္တိုင္လည္း စိတ္ဓါတ္က်ခါနီးတိုင္း အေမစုကို အၿမဲျမင္ၿပီး ဘာမွမဟုတ္ေသးဘူးလို႔သတိေပးမိ အားျပန္တင္းရင္းနဲ႔သာ ပတ္ခ်ာလည္ေနမိ’’ ဆိုၿပီးေတာ့ ဇူလိုင္လ ၁၃ ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကိုျမင္တိုင္း စိတ္ဓာတ္ခြန္အားရတယ္ဆိုတဲ့ ခရစၥတီးနားခီ 3

ဒါ႐ိုက္တာ ခရစၥတီးနားခီက လက္ရွိမွာ ေအာင္ျမင္တဲ့ ဒါ႐ိုက္တာ တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။ ဒီေလာကထဲကို စတင္ဝင္ေရာက္ခဲ့စဥ္က ႐ုပ္ရွင္ကို ေပၚပင္လုပ္ၿပီး ႐ိုက္တယ္ဆိုတဲ့ စကားေတြလည္း ရွိခဲ့တယ္လို႔ Duwun Media ကေန ေျပာျပခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကိုျမင္တိုင္း စိတ္ဓာတ္ခြန္အားရတယ္ဆိုတဲ့ ခရစၥတီးနားခီ 4

‘’လမ္းေၾကာင္း ႏွစ္ခုရွိေနတဲ့ အထဲမွာမွ ကိုယ္က ေနာက္ထပ္ လမ္းေၾကာင္းတစ္ခုအေနနဲ႔ ရပ္တည္ေနရတယ္။ ရပ္တည္ေနတဲ့အခ်ိန္မွာ ပရိသတ္က ႐ုပ္ရွင္ကို လာထြက္ၾကည့္တယ္။ အမွန္အတိုင္းေျပာရရင္ ႏွစ္အစေလာက္ကဆိုေတာ့ အစ္မတို႔႐ုပ္ရွင္ေတြကို ေမ့သြားၿပီ၊ တခ်ိဳ႕ကဆိုရင္ ေပၚပင္လို႔ေတာင္ ထင္ၾကတယ္ေပါ့ေနာ္။ အစ္မတို႔ ႏွစ္ေယာက္က ႐ုပ္ရွင္ေတြကို ေပၚပင္အေနနဲ႔ ထၿပီးေတာ့ ျဖစ္တယ္လို႔ထင္ေပမယ့္ အကယ္ဒမီ ေပးပြဲလည္းေရာက္ေရာ၊ အစ္မတု႔ိက ေပၚပင္မဟုတ္ဘူးလို႔ ထြက္ေျပာျပေပးတဲ့အတြက္ အစ္မတို႔လည္း အလုပ္လုပ္ရတာ ပိုၿပီးေတာ့ အဆင္ေျပလာတယ္’’ လို႔ ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကိုျမင္တိုင္း စိတ္ဓာတ္ခြန္အားရတယ္ဆိုတဲ့ ခရစၥတီးနားခီ 5

ခရစၥတီးနားခီကိုေတာ့ ‘’ဥပါယ္တံမ်ဥ္’’႐ုပ္ရွင္ကားႀကီးရဲ႕ ပုံေဖာ္သူ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ ‘’မုုျဒာရဲ႕ ေခၚသံ’’ ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ုံတင္ျပသၿပီးခ်ိန္မွာေတာ့ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့ပါတယ္။ လက္ရွိမွာေတာ့ ‘’Now & Ever’’ ဆိုတဲ့ ႐ုပ္ရွင္ကားႀကီး ႐ိုက္ကူးခဲ့ၿပီးျဖစ္ပါတယ္။ သူမဟာ အႏုပညာနဲ႔ ပတ္သက္လာရင္ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္သာမက ျမန္မာအက ကိုလည္း ကြၽမ္းကြၽမ္းက်င္က်င္ ကျပႏိုင္သူ တစ္ဦးျဖစ္ပါတယ္။ CRD-Cele yatkwat

ေဒၚေအာင္ဆန္းစုၾကည္ကိုျမင္တိုင္း စိတ္ဓာတ္ခြန္အားရတယ္ဆိုတဲ့ ခရစၥတီးနားခီ 6

UNICODE

ဒေါ်အောင်ဆန်းစုကြည်ကိုမြင်တိုင်း စိတ်ဓာတ်ခွန်အားရတယ်ဆိုတဲ့ ခရစ္စတီးနားခီ
ခရစ္စတီးနားခီက သူမအတွက် စိတ်ခွန်အားဖြစ်စေသူကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်းပြောပါတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူကလည်း သူမအတွက် အားကိုးစရာတစ်ယောက်ဖြစ်ခဲ့ပါတယ်တဲ့။

ဒါရိုက်တာ ခရစ္စတီးနားခီဟာ သူမကိုယ်တိုင် စိတ်ဓာတ်ကျစရာတွေရှိရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပြီး အားတင်းတယ်လို့ဆိုပါတယ်။

‘’အလုပ်နဲ့ဘဝကို attachment ခွဲခြား ကွဲပြားစွာ နေနိုင်မှသာ ဒီနိုင်ငံမှာ ဒီလို ကြည်လင်စွာပြုံးနိုင်ပါလိမ့်မယ်။ အမြဲတမ်း ယောင်္ကျားကလည်း သတိပေးသလို ကိုယ်တိုင်လည်း စိတ်ဓါတ်ကျခါနီးတိုင်း အမေစုကို အမြဲမြင်ပြီး ဘာမှမဟုတ်သေးဘူးလို့သတိပေးမိ အားပြန်တင်းရင်းနဲ့သာ ပတ်ချာလည်နေမိ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီက လက်ရှိမှာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်လို့နေပါပြီ။ ဒီလောကထဲကို စတင်ဝင်ရောက်ခဲ့စဉ်က ရုပ်ရှင်ကို ပေါ်ပင်လုပ်ပြီး ရိုက်တယ်ဆိုတဲ့ စကားတွေလည်း ရှိခဲ့တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’လမ်းကြောင်း နှစ်ခုရှိနေတဲ့ အထဲမှာမှ ကိုယ်က နောက်ထပ် လမ်းကြောင်းတစ်ခုအနေနဲ့ ရပ်တည်နေရတယ်။ ရပ်တည်နေတဲ့အချိန်မှာ ပရိသတ်က ရုပ်ရှင်ကို လာထွက်ကြည့်တယ်။ အမှန်အတိုင်းပြောရရင် နှစ်အစလောက်ကဆိုတော့ အစ်မတို့ရုပ်ရှင်တွေကို မေ့သွားပြီ၊ တချို့ကဆိုရင် ပေါ်ပင်လို့တောင် ထင်ကြတယ်ပေါ့နော်။ အစ်မတို့ နှစ်ယောက်က ရုပ်ရှင်တွေကို ပေါ်ပင်အနေနဲ့ ထပြီးတော့ ဖြစ်တယ်လို့ထင်ပေမယ့် အကယ်ဒမီ ပေးပွဲလည်းရောက်ရော၊ အစ်မတု့ိက ပေါ်ပင်မဟုတ်ဘူးလို့ ထွက်ပြောပြပေးတဲ့အတွက် အစ်မတို့လည်း အလုပ်လုပ်ရတာ ပိုပြီးတော့ အဆင်ပြေလာတယ်’’ လို့ ဆိုပါတယ်။

ခရစ္စတီးနားခီကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးရဲ့ ပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုဒြာရဲ့ ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ‘’Now & Ever’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက မြန်မာအက ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သူ တစ်ဦးဖြစ်ပါတယ်။