ေဆးကုသခြင့္လုိင္စင္ျပန္ရဖုိ႔ အသနားခံစာ တင္သြားမယ္ဆိုတဲ့ နန္းေမြစံ

ေဆးကုသခြင့္လုိင္စင္ပိတ္သိမ္းခံတဲ့ ေမာ္ဒယ္လ္ နန္းေမြစံဟာ လုိင္စင္ျပန္လည္ရရွိဖို႔ အသနားခံစာတင္သြားမယ္ဆိုၿပီး အကုန္သိသတင္းဌာနကို ေျပာပါတယ္။ေဒါက္တာနန္းေမြစံဟာ ျမန္မာ့ယဥ္ေက်းမႈနဲ႔ကိုက္ညီမႈမရွိဘဲ ၀တ္စားဆင္ယင္ထားတဲ့ပံုေတြကုိ Facebook ေပၚ မတင္ေတာ့ပါဆုိၿပီး ျမန္မာႏုိင္ငံေဆးေကာင္စီမွာ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၁၄ ရက္ကတိျပဳခဲ့ေပမဲ့ ဓါတ္ပံုအျပင္ ဗီဒီယိုဖုိင္မ်ားပါ ဆက္လက္တင္ခဲ့တယ္လို႔ ျမန္မာႏုိင္ငံေဆးေကာင္စီက ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ေဆးကုသခြင့္လုိင္စင္ျပန္ရဖုိ႔ အသနားခံစာ တင္သြားမယ္ဆိုတဲ့ နန္းေမြစံ 1

ဒါေၾကာင့္ ၂၀၁၉ ခုႏွစ္၊ ေမလ ၃၀ ရက္ကက်င္းပခဲ့တဲ့ ျမန္မာႏုိင္ငံေဆးေကာင္စီအလုပ္အမႈေဆာင္အဖြဲ႔ ၅/ ၂၀၁၉ အစည္းအေဝးဆံုးျဖတ္ခ်က္အရ ေဒါက္တာနန္းေမြစံအား ဇြန္လ ၃ ရက္မွစတင္ကာ အေထြေထြ ေဆးကုသခြင့္လုိင္စင္ ပိတ္သိမ္းလုိက္ေၾကာင္း ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ေဆးကုသခြင့္လုိင္စင္ျပန္ရဖုိ႔ အသနားခံစာ တင္သြားမယ္ဆိုတဲ့ နန္းေမြစံ 2

“ကိုယ္ေရြးခ်ယ္ထားတာကလည္း Sexy ေမာ္ဒယ္ဆိုတာကို ေရြးခ်ယ္ထားခ့ဲတာဆိုေတာ့ အလုပ္နားလိုက္မွပဲရမယ္။ ပရိသတ္ေတြအေနနဲ႔ကလည္း ဒီကိစၥနဲ႔ပတ္သတ္ၿပီး မခံမရပ္ႏိုင္ေအာင္ ျဖစ္ေနၾကပါတယ္။ ဒီလိုျဖစ္လာမယ္ဆိုတာကြ်န္မနဂိုကတည္းကေမွ်ာ္လင့္ၿပီးထားၿပီးသားပါ။ သူတို႔ေတြက်ေတာ့ ဘြဲ႕မရခင္ကတည္းက အႏုပညာအလုပ္လုပ္ေနၾကတာ။ သူတို႔လည္းနဂိုကတည္းက ဆမကိုမသိဘူးလား။ ပါေမာကၡကိုအသနားခံၾကည့္မယ္လို႔စဥ္းစားထားပါတယ္။ ခဏခြင့္လႊတ္ေပးပါေပါ့ေနာ္။ ခဏယာယီ အပ္ထားမယ္ေပါ့။ ေနာက္တစ္ႀက္ိမ္ျပန္ထုတ္ခြင့္ျပဳပါေပါ့” လို႔ နန္းေမြ႕စံက အကုန္သိသတင္းဌာနကို ေျဖၾကားပါတယ္။

ေဆးကုသခြင့္လုိင္စင္ျပန္ရဖုိ႔ အသနားခံစာ တင္သြားမယ္ဆိုတဲ့ နန္းေမြစံ 3

ေဆးကုသခြင့္လုိင္စင္ျပန္ရဖုိ႔ အသနားခံစာ တင္သြားမယ္ဆိုတဲ့ နန္းေမြစံ 4

ေမာ္ဒယ္လ္နန္းေမြစံဟာ ယဥ္ေက်းမႈနဲ႔မကိုက္ညီတဲ့ပံုေတြတင္တဲ့အတြက္ လိုင္စင္သိမ္းလိုက္တာပါဆိုၿပီး ျမန္မာႏုိင္ငံေဆးေကာင္စီမွ တ ာဝန္ရွိသူတစ္ဦးကလည္း အကုန္သိသတင္းဌာနကို အတည္ျပဳေျဖၾကားထားပါတယ္။Myanmarload

Unicode Version

ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံတဲ့ မော်ဒယ်လ် နန်းမွေစံဟာ လိုင်စင်ပြန်လည်ရရှိဖို့ အသနားခံစာတင်သွားမယ်ဆိုပြီး အကုန်သိသတင်းဌာနကို ပြောပါတယ်။

ဒေါက်တာနန်းမွေစံဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီမှုမရှိဘဲ ဝတ်စားဆင်ယင်ထားတဲ့ပုံတွေကို Facebook ပေါ် မတင်တော့ပါဆိုပြီး မြန်မာနိုင်ငံဆေးကောင်စီမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်ကတိပြုခဲ့ပေမဲ့ ဓါတ်ပုံအပြင် ဗီဒီယိုဖိုင်များပါ ဆက်လက်တင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် ၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်ကကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆေးကောင်စီအလုပ်အမှုဆောင်အဖွဲ့ ၅/ ၂၀၁၉ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာနန်းမွေစံအား ဇွန်လ ၃ ရက်မှစတင်ကာ အထွေထွေ ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ကိုယ်ရွေးချယ်ထားတာကလည်း Sexy မော်ဒယ်ဆိုတာကို ရွေးချယ်ထားခဲ့တာဆိုတော့ အလုပ်နားလိုက်မှပဲရမယ်။ ပရိသတ်တွေအနေနဲ့ကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး မခံမရပ်နိုင်အောင် ဖြစ်နေကြပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာကျွန်မနဂိုကတည်းကမျှော်လင့်ပြီးထားပြီးသားပါ။ သူတို့တွေကျတော့ ဘွဲ့မရခင်ကတည်းက အနုပညာအလုပ်လုပ်နေကြတာ။ သူတို့လည်းနဂိုကတည်းက ဆမကိုမသိဘူးလား။ ပါမောက္ခကိုအသနားခံကြည့်မယ်လို့စဉ်းစားထားပါတယ်။ ခဏခွင့်လွှတ်ပေးပါပေါ့နော်။ ခဏယာယီ အပ်ထားမယ်ပေါ့။ နောက်တစ်ြကိမ်ပြန်ထုတ်ခွင့်ပြုပါပေါ့” လို့ နန်းမွေ့စံက အကုန်သိသတင်းဌာနကို ဖြေကြားပါတယ်။

မော်ဒယ်လ်နန်းမွေစံဟာ ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ပုံတွေတင်တဲ့အတွက် လိုင်စင်သိမ်းလိုက်တာပါဆိုပြီး မြန်မာနိုင်ငံဆေးကောင်စီမှ တ ာဝန်ရှိသူတစ်ဦးကလည်း အကုန်သိသတင်းဌာနကို အတည်ပြုဖြေကြားထားပါတယ်။Myanmarload