ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု ကိုေျပာျပလာတဲ့ စိုင္းစိုင္း နဲ႕ ခ်စ္သုေ၀

ျပည္သူလူထုေတြၾကားမွာ အရမ္းကို ဟစ္ျဖစ္ေနတဲ့ ဗစ္တိုးရီးယားေလးကိစၥနဲ႔ ပတ္သက္ၿပီး အႏုပညာရွင္မ်ားစြာက ၀န္းရံခဲ့ၾကပါတယ္။ ဒီလို၀န္းရံၾကတဲ့ ေနရာမွာ ခ်စ္သုေ၀ နဲ႕ လင္းလင္းတို႕ ကေတာ့ အစြမ္းကုန္ကူညီခဲ့ၾကသူေတြပါ။

ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု ကိုေျပာျပလာတဲ့ စိုင္းစိုင္း နဲ႕ ခ်စ္သုေ၀ 1

ယေန႔မွာေတာ့ သမီးေလးနဲ႕ ပတ္သက္ တဲ့ သတိထားရမယ့္ အေၾကာင္းအရာေတြကို ေျပာထားတဲ့ ေမတၱာရပ္ခံပန္ၾကားခ်က္ကို ျပန္လည္မွ်ေ၀ရင္း ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းဘဲ ဆိုကာ အဆိုေတာ္၊သရုပ္ေဆာင္ စိုင္းစိုင္းခမ္းလႈိင္ နဲ႔ ခ်စ္သုေ၀တို႔က ေရးသားေဖာ္ျပခဲ့ပါတယ္။

ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု ကိုေျပာျပလာတဲ့ စိုင္းစိုင္း နဲ႕ ခ်စ္သုေ၀ 2

ေမတၱာရပ္ခံပန္ၾကားခ်က္ ထဲမွာေတာ့ သမီးတို႔မိသားစုဟာ တရားရံုးကို လာေရာက္ထြက္ဆိုဖို႔ရွိတာေၾကာင့္ အဲ့ဒီအခ်ိန္မွာ သမီးေလး အပါအ၀င္ မိသားစုေတြရဲ႕ ဓါတ္ပံုကို ရိုက္ကူးျခင္း၊ မွ်ေ၀ျခင္းေတြ လံုး၀မလုပ္ကိုင္ဖို႔ ေတာင္းပန္ထားပါတယ္။

ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု ကိုေျပာျပလာတဲ့ စိုင္းစိုင္း နဲ႕ ခ်စ္သုေ၀ 3

သူတို႔ရဲ႕ ေမတၱာရပ္ခံခ်က္ အျပည့္အစံုကေတာ့ “သမီးေလး ဗစ္တိုးရီးယားနဲ႔ မိသားစု တရား႐ုံးကို လာေရာက္ထြက္ဆိုတဲ့အခါ မိသားစုဝင္ေတြနဲ႔ အထူးသျဖင့္ သမီးေလးရဲ႕ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြကို မတင္ဖို႔ မီဒီယာေတြကို (ကြၽန္ေတာ္တို႔ ေတာင္းဆိုခြင့္ရွိတာထက္ေက်ာ္လြန္ၿပီး) ေတာင္းပန္ခ်င္ပါတယ္”

ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု ကိုေျပာျပလာတဲ့ စိုင္းစိုင္း နဲ႕ ခ်စ္သုေ၀ 4

“အကယ္၍မ်ား တင္လာခဲ့ရင္လည္း အဲဒီ ဓာတ္ပုံေတြကို မရွယ္ဖို႔ ေဖ့စ္ဘုတ္သုံးစြဲသူမ်ားကိုလည္း ေမတၱာရပ္ခံလိုပါတယ္။ ဒီအခ်က္ဟာ ကြၽန္ေတာ္တို႔ လူမႈအသိုင္းအဝိုင္းရဲ႕ စာနာမႈ၊ လူသားဆန္မႈ မွတ္ေက်ာက္တစ္ခု ျဖစ္လာမွာပါ။ သမီေလး အနာဂတ္အတြက္ ဒါေလးေတာ့ ဝိုင္းဝန္း ကူညီေပးပါ” လို႔ ဆိုၿပီး ေရးသားထားပါတယ္။

ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု ကိုေျပာျပလာတဲ့ စိုင္းစိုင္း နဲ႕ ခ်စ္သုေ၀ 5

အဲ့ဒီေမတၱာရပ္ခံခ်က္ ကို မွ်ေ၀ၿပီး စိုင္းစိုင္းခမ္းလႈိင္ က “ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု”လို႔ေရးသားခဲ့ၿပီး၊ ခ်စ္သုေ၀ ကလဲ “ ေမတၱာ ရပ္ခံပန္ၾကားခ်က္ အမွန္ကေတာ့ သတိေပးစရာမလိုေအာင္ေစာင့္ထိန္းရမယ့္လူမႈစည္းကမ္းပဲ!!!” ဆိုၿပီးေရးသားခဲ့ပါေသးတယ္။

ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု ကိုေျပာျပလာတဲ့ စိုင္းစိုင္း နဲ႕ ခ်စ္သုေ၀ 6 ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု ကိုေျပာျပလာတဲ့ စိုင္းစိုင္း နဲ႕ ခ်စ္သုေ၀ 7

ဒီေမတၱာခ်က္ကို ဖတ္ရႈ႕မိသူေတြအေနနဲ႕ မွ်ေ၀ေပးသြားဖို႕ တိုက္တြန္းပါတယ္ေနာ္။ သမီးေလးရဲ႕ အနာဂတ္အတြက္ လိုက္နာ ႏိုင္ၾကမယ္ ထင္ပါတယ္။ CRD-May Phyo(MML)ယSource – Sai Sai Kham leng၊ Chit thu wai

ေစာင့္ထိန္းအပ္တဲ့ လူမႈစည္းကမ္းတစ္ခု ကိုေျပာျပလာတဲ့ စိုင္းစိုင္း နဲ႕ ခ်စ္သုေ၀ 8

UNICODE

စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းတစ်ခု ကိုပြောပြလာတဲ့ စိုင်းစိုင်း နဲ့ ချစ်သုဝေ
ပြည်သူလူထုတွေကြားမှာ အရမ်းကို ဟစ်ဖြစ်နေတဲ့ ဗစ်တိုးရီးယားလေးကိစ္စနဲ့ ပတ်သက်ပြီး အနုပညာရှင်များစွာက ဝန်းရံခဲ့ကြပါတယ်။ ဒီလိုဝန်းရံကြတဲ့ နေရာမှာ ချစ်သုေ၀ နဲ့ လင်းလင်းတို့ ကတော့ အစွမ်းကုန်ကူညီခဲ့ကြသူတွေပါ။ ယနေ့မှာတော့ သမီးလေးနဲ့ ပတ်သက် တဲ့ သတိထားရမယ့် အကြောင်းအရာတွေကို ပြောထားတဲ့ မေတ္တာရပ်ခံပန်ကြားချက်ကို ပြန်လည်မျှဝေရင်း စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းဘဲ ဆိုကာ အဆိုတော်၊သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် နဲ့ ချစ်သုဝေတို့က ရေးသားဖော်ပြခဲ့ပါတယ်။

မေတ္တာရပ်ခံပန်ကြားချက် ထဲမှာတော့ သမီးတို့မိသားစုဟာ တရားရုံးကို လာရောက်ထွက်ဆိုဖို့ရှိတာကြောင့် အဲ့ဒီအချိန်မှာ သမီးလေး အပါအဝင် မိသားစုတွေရဲ့ ဓါတ်ပုံကို ရိုက်ကူးခြင်း၊ မျှဝေခြင်းတွေ လုံးဝမလုပ်ကိုင်ဖို့ တောင်းပန်ထားပါတယ်။ သူတို့ရဲ့ မေတ္တာရပ်ခံချက် အပြည့်အစုံကတော့ “သမီးလေး ဗစ်တိုးရီးယားနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ မိသားစုဝင်တွေနဲ့ အထူးသဖြင့် သမီးလေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မတင်ဖို့ မီဒီယာတွေကို (ကျွန်တော်တို့ တောင်းဆိုခွင့်ရှိတာထက်ကျော်လွန်ပြီး) တောင်းပန်ချင်ပါတယ်”

“အကယ်၍များ တင်လာခဲ့ရင်လည်း အဲဒီ ဓာတ်ပုံတွေကို မရှယ်ဖို့ ဖေ့စ်ဘုတ်သုံးစွဲသူများကိုလည်း မေတ္တာရပ်ခံလိုပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းရဲ့ စာနာမှု၊ လူသားဆန်မှု မှတ်ကျောက်တစ်ခု ဖြစ်လာမှာပါ။ သမီလေး အနာဂတ်အတွက် ဒါလေးတော့ ဝိုင်းဝန်း ကူညီပေးပါ” လို့ ဆိုပြီး ရေးသားထားပါတယ်။

အဲ့ဒီမေတ္တာရပ်ခံချက် ကို မျှဝေပြီး စိုင်းစိုင်းခမ်းလှိုင် က “စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းတစ်ခု”လို့ရေးသားခဲ့ပြီး၊ ချစ်သုေ၀ ကလဲ “ မေတ္တာ ရပ်ခံပန်ကြားချက် အမှန်ကတော့ သတိပေးစရာမလိုအောင်စောင့်ထိန်းရမယ့်လူမှုစည်းကမ်းပဲ!!!” ဆိုပြီးရေးသားခဲ့ပါသေးတယ်။ ဒီမေတ္တာချက်ကို ဖတ်ရှု့မိသူတွေအနေနဲ့ မျှဝေပေးသွားဖို့ တိုက်တွန်းပါတယ်နော်။ သမီးလေးရဲ့ အနာဂတ်အတွက် လိုက်နာ နိုင်ကြမယ် ထင်ပါတယ်။