ခေတ်ဟောင်းမော်ဒယ်လေးတစ်ယောက်လို ပြည့်စုံတဲ့အလှတရားတွေနဲ့ လှနေလွန်းသူလေး ပိုးကြာဖြူခင်
ခေတ်ဟောင်းမော်ဒယ်လေးတစ်ယောက်လို ပြည့်စုံတဲ့အလှတရားတွေနဲ့ လှနေလွန်းသူလေး ပိုးကြာဖြူခင် 1
ခေတ်ဟောင်းမော်ဒယ်လေးတစ်ယောက်လို ပြည့်စုံတဲ့အလှတရားတွေနဲ့ လှနေလွန်းသူလေး ပိုးကြာဖြူခင် 2
ခေတ်ဟောင်းမော်ဒယ်လေးတစ်ယောက်လို ပြည့်စုံတဲ့အလှတရားတွေနဲ့ လှနေလွန်းသူလေး ပိုးကြာဖြူခင် 3
ခေတ်ဟောင်းမော်ဒယ်လေးတစ်ယောက်လို ပြည့်စုံတဲ့အလှတရားတွေနဲ့ လှနေလွန်းသူလေး ပိုးကြာဖြူခင် 4
ခေတ်ဟောင်းမော်ဒယ်လေးတစ်ယောက်လို ပြည့်စုံတဲ့အလှတရားတွေနဲ့ လှနေလွန်းသူလေး ပိုးကြာဖြူခင် 5
Unicode version
MRTV-4 မင်းသမီးတစ်ဦးဖြစ်တဲ့ ပိုးကြာဖြူခင်ဟာဆိုရင် “မိုးကောင်ကင်အိမ်မက်” ဇာတ်လမ်းတွဲလေးမှာ ဆိုင်းမိုင်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူခဲ့တာဖြစ်ပါတယ်…။ ပိုးကြာဖြူခင်ဟာ ရုပ်ချောသဘောကောင်းသူဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲ အသစ်တွေအတွက် ဆက်လက်ကြိုးစားရိုက်ကူးနေတာဖြစ်ပါတယ်….။ မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်ဆင်လေ့ရှိပြီး ဒီဇိုင်းဆန်းသစ်လှသော ဖက်ရှင်အင်္ကျီလေးတွေကိုလည်း ဆင်မြန်းလေ့ရှိတာဖြစ်ပါတယ်…။ လူငယ်ပီပီ ခေတ်ဆန်စွာ နေထိုင်တတ်ပေမယ့် ဘုရားသွားကျောင်းတက်အခါမှာတော့ ရိုးယဉ်စွာ လှပနေတာကို မြင်တွေ့ရမှာပါ…။
ကြော်ငြာ၊ မဂ္ဂဇင်းတွေ photo shooting တွေကို အများဆုံးရိုက်ကူးလေ့ရှိပြီး အမြင်မရိုးသွားရအောင် pose အလန်းတွေနဲ့ အမြဲရိုက်ကူးလိမ့်ရှိတာဖြစ်ပါတယ်..။ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက်လည်း ပြင်ဆင်နေရပြီး မြန်မာပြည်ရဲ့ ထိပ်တန်း မော်ဒယ်လ်၊ သရုပ်ဆောင်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်လို့လာပါတယ်…။ သူမရဲ့ စိတ်ထားဖြူစင်မှုနှင့် ရိုးသားကြိုးစားမှုတို့ ကြောင့်ဆိုရမှာပါ…။ ဖခင်မရှိတော့တဲ့ နောက်ပိုင်းမှာ အမေဖြစ်သူကို နှစ်ဆတိုး၍ ချစ်မြတ်နိုးပြုစုလုပ်ကျွေးနေပြီး အဖေဖြစ်သူအတွက်လည်း မကြာခဏဆိုသလို ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးလေ့ရှိတဲ့ သမီးအလိမ္မာလေးပဲဖြစ်ပါတယ်…။
ပိုးကြာဖြူခင်ဟာ အခြားအနုပညာရှင်၊ cele များနည်းတူ social media ကွန်ယက်များဖြစ်ကြတဲ့ facebook စာမျက်နှာနဲ့ Instagram စာမျက်နှာတို့ကို ပရိသတ်တွေနဲ့ရင်းနှီးမှုရအောင် အသုံးပြုနေတာဖြစ်ပါတယ်..။ အနုပညာလုပ်ငန်းနှင့်ပတ်သက်တဲ့ အကြောင်းများလည်း ဖော်ပြပေးလေ့ရှိပြီး မိသားစုရေးရာ၊ နေ့စဉ်လှုပ်ရှားမှု အကြောင်းအရာတွေကိုလည်း ပရိသတ်နဲ့အဆက်အသွယ်မပြတ်ရအောင် ဖော်ပြပေးနေတာပါ…။ မောင်လေးဖြစ်တဲ့ သူကိုလည်း အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးကူညီပေးနေတာကို သိရှိပြီးဖြစ်ကြမှာပါ…။ အရင်ခေတ်က ပုံစံလေးဖမ်းပြီး ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေကို အားပေးသွားကြပါဦးနော်….။