ကျော်ကိုကိုရဲ့ အကောင်းဆုံးအဆုံးသတ်စွမ်းရည်တွေနဲ့ နိုင်ပွဲရရှိခဲ့တဲ့ မြန်မာအသင်း
ကျော်ကိုကိုရဲ့ အကောင်းဆုံးအဆုံးသတ်စွမ်းရည်တွေနဲ့ နိုင်ပွဲရရှိခဲ့တဲ့ မြန်မာအသင်း 1
ကျော်ကိုကိုရဲ့ အကောင်းဆုံးအဆုံးသတ်စွမ်းရည်တွေနဲ့ နိုင်ပွဲရရှိခဲ့တဲ့ မြန်မာအသင်း 2
ကျော်ကိုကိုရဲ့ အကောင်းဆုံးအဆုံးသတ်စွမ်းရည်တွေနဲ့ နိုင်ပွဲရရှိခဲ့တဲ့ မြန်မာအသင်း 3
Unicode Version
စင်ကာပူ (၁-၂) မြန်မာ ။ တကယ့်ကို ကောင်းမွန်းတဲ့ လုပ်အားနှုန်းတွေနဲ့ မြန်မာအသင်းကစားပြခဲ့ပြီး နိုင်ပွဲကို ဆာလောင်နေတဲ့ ပရိသတ်တွေကို ရွှေရင်အေးတိုက်နိုင်နိုင်ခဲ့ပါတယ်။အောင်သူ၊ စည်သူအောင်၊ မောင်မောင်လွင်တို့ရဲ့ တိုက်စစ်တွဲလုံးတွေက အကောင်းဆုံးအလုပ်ဖြစ်ခဲ့သလို ကျော်ကိုကိုရဲ့ အဆုံးသတ်စွမ်းရည်တွေက အနိုင်ဂိုးတွေကို သေချာစေခဲ့တာပါ။
အိမ်ရှင်စင်ကာပူအသင်းကတော့ နိုင်လိုစိတ်ပျောက်ဆုံးနေမှုနဲ့အတူ အသင်းရဲ့ အဓိက ကစားသမားတွေရဲ့ ပါဝါကိုပဲ အသုံးချပြီး တန်ပြန်တိုက်စစ်နဲ့ပဲ ကစားခဲ့တာကိုတော့ တွေ့ရပါတယ်။မိနစ်(၇၀)နောက်ပိုင်းအရောက်မှာ စင်ကာပူအသင်းက ကစားအားမြင့်ပြီး အမြင့်ဘောတွေ၊ တောင်ပံ လုပ်အားနှုန်းတွေနဲ့ ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် နာလည်းမှုပြန်မိလာတဲ့ မြန်မာနောက်တန်းက အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့တာပါ။
စင်ကာပူကွင်းလယ်ကို အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားတဲ့ မြန်မာအသင်းရဲ့ ကွင်းလယ်ကစားသမား လှိုင်းဘိုဘို ကို အားရခဲ့ပြီး နည်းပြသစ် ရာဒူလိုဗစ်ပြောခဲ့တဲ့အတိုင်း မြန်နှုန်းမြင့်စွမ်းရည်တွေရှိနေတဲ့ အသင်းရဲ့ အကောင်းဆုံးစွမ်းရည်တွေကို ညှစ်ထုတ်ပြနိုင်ခဲ့တယ်လို့ ဆိုရမှာ အမှန်ပါပဲ။SportGabar
Be the first to comment
Leave a Reply
Your email address will not be published.
*