အ​ေမစုကို လိုက္​တုလို႔မရတဲ့ အရာတစ္​ခုအ​ေၾကာင္​း ​ေျပာျပလာတဲ့ ျမႏွင္​းရည္​လြင္​

ျမနွင္းရည္လြင္ဟာ အနုပညာေလာကထဲကုိဝင္ေရာက္လာတာၾကာျပီျဖစ္ျပီး ေနာက္ပုိင္းမွာ ပုိျပီးေအာင္ျမင္လာတဲ့ ေမာ္ဒယ္မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ ျမနွင္းရည္လြင္က ျပီးခဲ့တဲ့အခ်ိန္ေတြတုန္းက နုိင္ငံ့ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဆင္တူတယ္ဆိုျပီး ပရိသတ္ေတြၾကားမွာဟုိးေလးတေက်ာ္ျဖစ္သြားခဲ့ပါေသးတယ္။ ျမနွင္းရဲ႕ အေမစုနဲဲ႔ တူတဲ့ဓာတ္ပံုေတြဟာလည္း ပရိသတ္ေတြၾကားမွာ ပ်ံ႕နွံ႕သြားခဲ့ပါတယ္။ မၾကာေသးမီက ျမနွင္းက အေမစုကုိ inspired ယူထားတဲ့၊ အေမစုနဲ႔ တူေအာင္ရိုက္ထားတဲ့ ဓာတ္ပံု Album၊ Art work ေလးတစ္ခုမွာ ေမာ္ဒယ္အျဖစ္လုပ္ေပးခဲဲ့ျပီး အဲဒီအေၾကာင္းကုိ Fashion Magazine နဲ႔ Interview မွာေျဖၾကားသြားခဲ့ပါတယ္။

အ​ေမစုကို လိုက္​တုလို႔မရတဲ့ အရာတစ္​ခုအ​ေၾကာင္​း ​ေျပာျပလာတဲ့ ျမႏွင္​းရည္​လြင္​ 1

ဒီလိုဓာတ္ပံုမ်ိဳးေတြရိုက္ရတဲ့ ရည္ရြယ္ခ်က္ကုိ ျမနွင္းက “ဒါက inspired ယူထားတဲ့အတြက္ အေမစုကို ထိခိုက္ထားတာ ဘာတစ္ခုမွမရွိဘူးေပါ့။ ဓာတ္ပံုဆရာကလည္း ဒါ သူ႔ရဲ႕ ဂုဏ္ျပဳတယ္ဆုိတဲ့ဟာကုိျပခ်င္ေတာ့ အမ်ိဳးသမီးအားလံုးေလးစားတဲ့ဟာကုိ Inspired ယူလိုက္တာေပ့ါေနာ္။ အေမစုလိုပံုမ်ိဳးနဲ႔ ဒီလိုေလးရိုက္္လိုက္တဲ့သေဘာပါပဲလို႔ စိတ္ထဲဲမွဘာမွမရွိၾကပါနဲ႔လို႔။ ျမနွင္းကလည္း သရုပ္ေဆာင္ဆိုေတာ့ ဒီလိုမ်ိဳးေလးလုပ္တာပါ။ တစ္ခုခုအလြဲအေခ်ာ္ဆိုရင္လည္းခြင့္လႊတ္နားလည္ေပးၾကပါလို႔ေျပာခ်င္ပါတယ္”လိုု႔ ရွင္းလင္းေျပာျပထားပါတယ္။

အ​ေမစုကို လိုက္​တုလို႔မရတဲ့ အရာတစ္​ခုအ​ေၾကာင္​း ​ေျပာျပလာတဲ့ ျမႏွင္​းရည္​လြင္​ 2

အ​ေမစုကို လိုက္​တုလို႔မရတဲ့ အရာတစ္​ခုအ​ေၾကာင္​း ​ေျပာျပလာတဲ့ ျမႏွင္​းရည္​လြင္​ 3

အေမစု inspired ယူထားတဲ့ ဓာတ္ပံုေတြမွာ ေမာ္ဒယ္အျဖစ္ပါဝင္ရတဲ့ခံစားခ်က္ကို ျမနွင္းက “ခံစားခ်က္ကေတာ့ စိ္တ္လည္းပူတယ္ေပါ့ေနာ္။ တစ္ခုခုအမွားအယြင္းျဖစ္မွာကုိ။ ကုိယ့္ကုိယ္ကုိယ္ေတာ့မခံယူဝ့့ံပါဘူး။ ဒီလိုၾကည့္ရင္ေတာ့ ဘယ္လုိမွမတူဘူးေပါ့ေနာ္။ ဒါေပမယ့္အျပင္အဆင္ေလးေတြေၾကာင့္ေပါ့ေနာ္။ ဓာတ္ပံုဆရာတို႔ မိိတ္ကပ္လိမ္းေပးတဲ့သူတို႔ အျပင္အဆင္ေလးေတြေၾကာင့္ ရုတ္တရက္အေမစုနဲ႔ ဆင္သလိုပံုစံမ်ိဳးေလးေတြျဖစ္သြားတာေပါ့ေနာ္။ ဒါေပမယ့္လည္း အားလံုးက လက္ခံၾကတယ္ဆိုေတာ့ ဝမ္းသာတာေပ့ါေနာ္”လို႔ ေျပာျပထားပါတယ္။

အ​ေမစုကို လိုက္​တုလို႔မရတဲ့ အရာတစ္​ခုအ​ေၾကာင္​း ​ေျပာျပလာတဲ့ ျမႏွင္​းရည္​လြင္​ 4

ျမနွင္းကုိ အေမစုနဲ႔ လိုက္မတုနဲ႔လို႔ေဝဖန္ေနၾကတာေတြကုိေတာ့ “ဒါကေတာ့ ဘယ္လုိမွအစစ္ကုိေတာ့ လို္က္တုလို႔မရဘူးေပါ့ေနာ္။ အေမစုဆိုတာနိႈင္းယွဥ္လုိ႔မရဘူးေပါ့ေနာ္။ ျမနွင္းလည္းကုိယ့္ကုိ္ယ္ကိုယ္ အေမစုနဲ႔ တူတယ္ဘာညာဆိုအဲ့လိုမ်ိဳးပံုစံမ်ိဳးနဲ႔လုပ္ေနတာမဟုတ္ဘူးေပါ့ေနာ္။ ဒီလိုရိုက္မယ္္ဆုိေတာ့ ကုိယ္ေတြက သရုပ္ေဆာင္ အနုပညာရွင္ဆိုေတာ့ ကုိယ့္ကုိယ္ကုိယ္ခံယူထားတာ ေဆးစက္က်ရာအရုပ္ထင္ရမယ္ေပ့ါေနာ္္”လို႔ ေျပာထားသလို အေမစုနဲ႔ တူေအာင္ေနာက္္ပုိင္း အေမစုကုိလိုက္ၾကည့္ျဖစ္တဲ့အေၾကာင္း “ျမနွင္းလည္း ဘာမဆို ကာရိုက္တာကအစ ေသခ်ာလုပ္တတ္တဲ့အက်င့္ရွိေတာ့ အေမစုလိုပံုစံမ်ိဳးရိုက္မယ္ဆုိေတာ့ အေမစုေနတ့ဲထိုင္တဲ့ပံုစံကုိလိုက္ၾကည့္တာေပါ့ေနာ္။ အေမစုရဲ႕ဖိနပ္ကအစ ဖိနပ္၊ပဝါ၊သူဘယ္လိုကုိုင္လဲလိုက္ၾကည့္တာေပ့ါေနာ္။ အရင္ကမၾကည့္ဘူး။အခုပုိလိုက္ၾကည့္ျဖစ္တယ္”လို႔ ေျပာထားပါတယ္။

အ​ေမစုကို လိုက္​တုလို႔မရတဲ့ အရာတစ္​ခုအ​ေၾကာင္​း ​ေျပာျပလာတဲ့ ျမႏွင္​းရည္​လြင္​ 5

အေမစုနဲ႔တူေအာင္လိုက္ျပင္ဆင္ျဖစ္ပံုေတြကုိေတာ့ ျမနွင္းက “မ်က္လံုးတို႔ဘာတို႔ကေတာ့ ဘယ္လိုမွတုလို႔မရဘူးေပါ့ေနာ္။ မ်က္နွာအေနအထား ဒီလိုဒဲ့ၾကီးၾကည့္မယ္္ဆိုရင္ေတာ့ဘယ္လိုမွမတူဘူးေပါ့။ ဒါေပမယ့္ အတတ္နုိင္ဆံုး အေနအထားတို႔ ဟန္ေလးေတြေပါ့ေနာ္။အဲ့လုိမ်ိဳးလိုက္ၾကည့္ျပီးေတာ့ မုေလးထည့္ျပီးေတာ့ ရိုက္ေတာ့ ရုတ္တရက္ၾကည့္ရင္္ အေမစုလိုပံုစံမ်ိဳးေလးျဖစ္သြားတာေပါ့”လို႔ ရင္ဖြင့္ထားပါတယ္။

အ​ေမစုကို လိုက္​တုလို႔မရတဲ့ အရာတစ္​ခုအ​ေၾကာင္​း ​ေျပာျပလာတဲ့ ျမႏွင္​းရည္​လြင္​ 6

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ျမနွင္းကုိခ်စ္ၾကလား။ ျမနွင္းရဲ႕ အေမစု inspired ဓာတ္ပံုေတြက အေမစုနဲ႔ တကယ္ၾကီးဆင္တယ္လို႔ထင္ၾကလား။ ဒါမွမဟုတ္ ကြဲထြက္္ေနတာမ်ိဳးရွိလား။ေျပာခဲ့ၾကပါဦး။

Nanmalgyi

Unicode version

မြနှင်းရည်လွင်ဟာ အနုပညာလောကထဲကိုဝင်ရောက်လာတာကြာပြီဖြစ်ပြီး နောက်ပိုင်းမှာ ပိုပြီးအောင်မြင်လာတဲ့ မော်ဒယ်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ မြနှင်းရည်လွင်က ပြီးခဲ့တဲ့အချိန်တွေတုန်းက နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆင်တူတယ်ဆိုပြီး ပရိသတ်တွေကြားမှာဟိုးလေးတကျော်ဖြစ်သွားခဲ့ပါသေးတယ်။ မြနှင်းရဲ့ အမေစုနဲ့ တူတဲ့ဓာတ်ပုံတွေဟာလည်း ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ မကြာသေးမီက မြနှင်းက အမေစုကို inspired ယူထားတဲ့၊ အမေစုနဲ့ တူအောင်ရိုက်ထားတဲ့ ဓာတ်ပုံ Album၊ Art work လေးတစ်ခုမှာ မော်ဒယ်အဖြစ်လုပ်ပေးခဲ့ပြီး အဲဒီအကြောင်းကို Fashion Magazine နဲ့ Interview မှာ ဖြေကြားသွားခဲ့ပါတယ်။

ဒီလိုဓာတ်ပုံမျိုးတွေရိုက်ရတဲ့ ရည်ရွယ်ချက်ကို မြနှင်းက “ဒါက inspired ယူထားတဲ့အတွက် အမေစုကို ထိခိုက်ထားတာ ဘာတစ်ခုမှမရှိဘူးပေါ့။ ဓာတ်ပုံဆရာကလည်း ဒါ သူ့ရဲ့ ဂုဏ်ပြုတယ်ဆိုတဲ့ဟာကိုပြချင်တော့ အမျိုးသမီးအားလုံးလေးစားတဲ့ဟာကို Inspired ယူလိုက်တာပေ့ါနော်။ အမေစုလိုပုံမျိုးနဲ့ ဒီလိုလေးရိုက်လိုက်တဲ့သဘောပါပဲလို့ စိတ်ထဲမှဘာမှမရှိကြပါနဲ့လို့။ မြနှင်းကလည်း သရုပ်ဆောင်ဆိုတော့ ဒီလိုမျိုးလေးလုပ်တာပါ။ တစ်ခုခုအလွဲအချော်ဆိုရင်လည်းခွင့်လွှတ်နားလည်ပေးကြပါလို့ပြောချင်ပါတယ်”လို့ ရှင်းလင်းပြောပြထားပါတယ်။

အမေစု inspired ယူထားတဲ့ ဓာတ်ပုံတွေမှာ မော်ဒယ်အဖြစ်ပါဝင်ရတဲ့ခံစားချက်ကို မြနှင်းက “ခံစားချက်ကတော့ စိတ်လည်းပူတယ်ပေါ့နော်။ တစ်ခုခုအမှားအယွင်းဖြစ်မှာကို။ ကိုယ့်ကိုယ်ကိုယ်တော့မခံယူဝံ့ပါဘူး။ ဒီလိုကြည့်ရင်တော့ ဘယ်လိုမှမတူဘူးပေါ့နော်။ ဒါပေမယ့်အပြင်အဆင်လေးတွေကြောင့်ပေါ့နော်။ ဓာတ်ပုံဆရာတို့ မိတ်ကပ်လိမ်းပေးတဲ့သူတို့ အပြင်အဆင်လေးတွေကြောင့် ရုတ်တရက်အမေစုနဲ့ ဆင်သလိုပုံစံမျိုးလေးတွေဖြစ်သွားတာပေါ့နော်။ ဒါပေမယ့်လည်း အားလုံးက လက်ခံကြတယ်ဆိုတော့ ဝမ်းသာတာပေ့ါနော်”လို့ ပြောပြထားပါတယ်။

မြနှင်းကို အမေစုနဲ့ လိုက်မတုနဲ့လို့ဝေဖန်နေကြတာတွေကိုတော့ “ဒါကတော့ ဘယ်လိုမှအစစ်ကိုတော့ လိုက်တုလို့မရဘူးပေါ့နော်။ အမေစုဆိုတာနှိုင်းယှဉ်လို့မရဘူးပေါ့နော်။ မြနှင်းလည်းကိုယ့်ကိုယ်ကိုယ် အမေစုနဲ့ တူတယ်ဘာညာဆိုအဲ့လိုမျိုးပုံစံမျိုးနဲ့လုပ်နေတာမဟုတ်ဘူးပေါ့နော်။ ဒီလိုရိုက်မယ်ဆိုတော့ ကိုယ်တွေက သရုပ်ဆောင် အနုပညာရှင်ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ခံယူထားတာ ဆေးစက်ကျရာအရုပ်ထင်ရမယ်ပေ့ါနော်”လို့ ပြောထားသလို အမေစုနဲ့ တူအောင်နောက်ပိုင်း အမေစုကိုလိုက်ကြည့်ဖြစ်တဲ့အကြောင်း “မြနှင်းလည်း ဘာမဆို ကာရိုက်တာကအစ သေချာလုပ်တတ်တဲ့အကျင့်ရှိတော့ အမေစုလိုပုံစံမျိုးရိုက်မယ်ဆိုတော့ အမေစုနေတဲ့ထိုင်တဲ့ပုံစံကိုလိုက်ကြည့်တာပေါ့နော်။ အမေစုရဲ့ဖိနပ်ကအစ ဖိနပ်၊ပဝါ၊သူဘယ်လိုကိုင်လဲလိုက်ကြည့်တာပေ့ါနော်။ အရင်ကမကြည့်ဘူး။အခုပိုလိုက်ကြည့်ဖြစ်တယ်”လို့ ပြောထားပါတယ်။

အမေစုနဲ့တူအောင်လိုက်ပြင်ဆင်ဖြစ်ပုံတွေကိုတော့ မြနှင်းက “မျက်လုံးတို့ဘာတို့ကတော့ ဘယ်လိုမှတုလို့မရဘူးပေါ့နော်။ မျက်နှာအနေအထား ဒီလိုဒဲ့ကြီးကြည့်မယ်ဆိုရင်တော့ဘယ်လိုမှမတူဘူးပေါ့။ ဒါပေမယ့် အတတ်နိုင်ဆုံး အနေအထားတို့ ဟန်လေးတွေပေါ့နော်။အဲ့လိုမျိုးလိုက်ကြည့်ပြီးတော့ မုလေးထည့်ပြီးတော့ ရိုက်တော့ ရုတ်တရက်ကြည့်ရင် အမေစုလိုပုံစံမျိုးလေးဖြစ်သွားတာပေါ့”လို့ ရင်ဖွင့်ထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မြနှင်းကိုချစ်ကြလား။ မြနှင်းရဲ့ အမေစု inspired ဓာတ်ပုံတွေက အမေစုနဲ့ တကယ်ကြီးဆင်တယ်လို့ထင်ကြလား။ ဒါမှမဟုတ် ကွဲထွက်နေတာမျိုးရှိလား။ပြောခဲ့ကြပါဦး။

Nanmalgyi