အ​ေဖနားပိုကပ္​တာ​ေ​ၾကာင္​့ သမီး​ေလးကို အခ်စ္​​ေတြပို​ေနတဲ့ မိုးမိုး

အဆိုေတာ္ မုိးမုိးတစ္ေယာက္ သူ႔ရဲ႕သမီးေလး မိုးအိပ္မက္လႊာအေၾကာင္းေတြ ေျပာျပလာပါတယ္။ သမီးေလးက အေဖ အနား ကပ္လြန္းလုိ႔ ဘယ္သူမွေတာင္ ေခၚလုိ႔ မရဘူးလုိ႔ သူကဆုိပါတယ္။

အ​ေဖနားပိုကပ္​တာ​ေ​ၾကာင္​့ သမီး​ေလးကို အခ်စ္​​ေတြပို​ေနတဲ့ မိုးမိုး 1

” အေဖေပၚမွာဆို ျပံဳးလို႔ေပ်ာ္လို႔ ဘယ္သူမွ ေခၚလို႔လဲမရေတာ့ဘူး။ တျဖည္းျဖည္းပိုသိလာေလ အေဖ ပိုကပ္ေလပဲ ။ ေမာင္မိုးမိုး သာဒီးလူ ၿပီေလ(ကၽြန္ေတာ္႐ူးေနသည္ေပါ့)” ဆုိၿပီးေတာ့ ေအာက္တိုဘာလ ၁၈ ရက္ေန႔ ေန႔လည္ ၁၁ နာရီ ၁၈ မိနစ္က သူ႕ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာေေရးသားခဲ့တာျဖစ္ပါတယ္။

အ​ေဖနားပိုကပ္​တာ​ေ​ၾကာင္​့ သမီး​ေလးကို အခ်စ္​​ေတြပို​ေနတဲ့ မိုးမိုး 2

အဆုိေတာ္မုိးမုိး နဲ႔ ျမတ္ပီတိမုိးတုိ႔ရဲ႕ တစ္ဦးတည္းေသာ သမီးေလး မိုးအိပ္မက္လႊာ ကုိ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ အတြင္းက ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ သမီးေလးကုိေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ေဖေဖ မုိးမုိးနဲ႔ တူတယ္လုိ႔ေျပာၾကတာကုိ ေတြ႔ရပါတယ္။ မိုးအိပ္မက္လႊာ ေလးကေတာ့ အခုဆုိရင္ ၇ လျပည့္ၿပီးျဖစ္ပါတယ္။

အ​ေဖနားပိုကပ္​တာ​ေ​ၾကာင္​့ သမီး​ေလးကို အခ်စ္​​ေတြပို​ေနတဲ့ မိုးမိုး 3

တနဂၤေႏြမုိးေရစက္မ်ား ဆုိတဲ့ ေတးစီးရီးကေန ပရိ သတ္ အားေပးမႈအမ်ားႀကီးရရွိခဲ့တဲ့ အဆုိေတာ္ မုိးမုိး ကေတာ့ ေဖ်ာ္ေျဖေရးေတြမွာလည္း ပါဝင္သီဆုိေနရသလုိ၊ Group Song အေခြ ေတြမွာ လည္း ပါဝင္သီဆုိေနရတာျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ EP ဆုိတဲ့ တစ္ကုိယ္ေတာ္အေခြ MTV ရုိက္ဖုိ႔ ဝိတ္ခ်ေနတယ္လုိ႔ ေျပာပါတယ္။

အ​ေဖနားပိုကပ္​တာ​ေ​ၾကာင္​့ သမီး​ေလးကို အခ်စ္​​ေတြပို​ေနတဲ့ မိုးမိုး 4

အဆိုေတာ္မုိးမုိးဟာ သူ႔ရဲ႕တစ္ကုိယ္ေတာ္ေတးစီးရီးကုိအတီးပုိင္းေတြျပန္လုပ္ရမွာျဖစ္တဲ့အတြက္သိပ္မၾကာဘူးလုိ႔ဆုိပါတယ္။သီခ်င္းပုံစံ ေတြ ကလဲ ေပ်ာ္စရာေတြ၊ စိတ္ညစ္စရာအေၾကာင္းေတြပါဝင္တာေၾကာင့္ ကုိယ္ပုိင္ခံစားခ်က္မဟုတ္ပဲ ပရိသတ္ေတြ အတြက္သာ ဖန္တီးထားတာ ဆုိၿပီးေတာ့လည္း Duwun media ရဲ႕ အင္တာဗ်ဴးမွာေျေျဖဆုိခဲ့ဖူးပါတယ္။

Source – Duwun

Unicode version

အဆိုတော် မိုးမိုးတစ်ယောက် သူ့ရဲ့သမီးလေး မိုးအိပ်မက်လွှာအကြောင်းတွေ ပြောပြလာပါတယ်။ သမီးလေးက အဖေ အနား ကပ်လွန်းလို့ ဘယ်သူမှတောင် ခေါ်လို့ မရဘူးလို့ သူကဆိုပါတယ်။

” အဖေပေါ်မှာဆို ပြုံးလို့ပျော်လို့ ဘယ်သူမှ ခေါ်လို့လဲမရတော့ဘူး။ တဖြည်းဖြည်းပိုသိလာလေ အဖေ ပိုကပ်လေပဲ ။ မောင်မိုးမိုး သာဒီးလူ ပြီလေ(ကျွန်တော်ရူးနေသည်ပေါ့)” ဆိုပြီးတော့ အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အဆိုတော်မိုးမိုး နဲ့ မြတ်ပီတိမိုးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ ပရိသတ်တော်တော်များများက ဖေဖေ မိုးမိုးနဲ့ တူတယ်လို့ပြောကြတာကို တွေ့ရပါတယ်။ မိုးအိပ်မက်လွှာ လေးကတော့ အခုဆိုရင် ၇ လပြည့်ပြီးဖြစ်ပါတယ်။

တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိ သတ် အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာ လည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောပါတယ်။

အဆိုတော်မိုးမိုးဟာ သူ့ရဲ့တစ်ကိုယ်တော်တေးစီးရီးကိုအတီးပိုင်းတွေပြန်လုပ်ရမှာဖြစ်တဲ့အတွက်သိပ်မကြာဘူးလို့ဆိုပါတယ်။သီချင်းပုံစံ တွေ ကလဲ ပျော်စရာတွေ၊ စိတ်ညစ်စရာအကြောင်းတွေပါဝင်တာကြောင့် ကိုယ်ပိုင်ခံစားချက်မဟုတ်ပဲ ပရိသတ်တွေ အတွက်သာ ဖန်တီးထားတာ ဆိုပြီးတော့လည်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။