အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ

ေခ်ာရတနာကေတာ့ သူမရဲ႕ ခႏၶာကိုယ္ကို သိသိသာသာ ဝိတ္ခ်ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒီလိုဝိတ္ခ်ျဖစ္ခဲ့တဲ့ ရည္႐ြယ္ခ်က္ကိုလည္း မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 1

‘’ အလုပ္ျပန္လုပ္ခ်င္တာ၊ မလုပ္ခ်င္တာထက္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေလွ်ာ့တယ္။ အဝတ္အစားဝတ္ရတာလည္း အဆင္မေျပဘူး။ အဲဒီေတာ့ ဘယ္ပြဲမွလည္း မတက္ခ်င္ဘူးရွက္တယ္။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 2

ဝလာေတာ့ နည္းနည္းေလး လႈပ္ရွားလိုက္တာနဲ႔ လူက ေမာေနတယ္။ အဲဒါကို မႀကိဳက္တဲ့အတြက္ အဓိက က ဝိတ္ခ်တာေပါ့ေနာ္။ လွခ်င္တာကလည္း တစ္ေၾကာင္းေပါ့’’ လို႔ သူကဆိုပါတယ္။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 3

အဲဒီေနာက္ ေပါင္ ၁၈၀ ကေန ေပါင္ ၁၃၅ အထိ ဝိတ္ခ်ႏိုင္ခဲ့တဲ့ အေၾကာင္းကိုလည္း ေခ်ာရတနာက ျပန္လည္ မွ်ေဝခဲ့ျပန္ပါေသးတယ္။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 4

‘’ သမီးေလး ကိုယ္ဝန္တုန္းက ေပါင္ ၁၈၀၊ ေမြးၿပီးသြားတဲ့အခ်ိန္မွာ ေပါင္က်သြားေလာက္ၿပီထင္တာ ျပန္ခ်ိန္လိုက္ေတာ့ ၁၇၈ ေပါင္တဲ့။ ၂ ေပါင္ေလာက္ပဲက်သြားေတာ့ အရမ္းလန႔္သြားတယ္။ ဒါေပမယ့္ ကေလးက ငယ္ေသးေတာ့ ဝိတ္ခ်လို႔ကလည္း မရေသးဘူး။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 5

ဒါေပမယ့္ ၆ လေက်ာ္ေလာက္မွာ အစားအေသာက္ေတြ ဆင္ျခင္ရင္းနဲ႔ တစ္ႏွစ္ေက်ာ္ေလာက္မွ ဝိတ္ခ်ျဖစ္တာပါ။ အခုက ေပါင္၁၃၅ ျဖစ္သြားၿပီ’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၈ ရက္ေန႔ က ေျပတီဦးေဖာင္ေဒးရွင္း ၁၀ ႏွစ္ျပည့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 6

ေခ်ာရတနာက လက္ရွိ ခႏၶာကိုယ္ ကိုလည္း ယုံၾကည္မႈရွိလာၿပီလို႔ဆိုပါတယ္။ Gym ေဆာ့ရတဲ့ အက်ိဳးေတြက အရမ္းေကာင္းတယ္လို႔ ေျပာပါတယ္။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 7

‘’ အခုေနာက္ပိုင္း Gym ေဆာ့တဲ့ အမ်ိဳးသမီးေတြလည္း မ်ားလာတယ္။ အမွန္တကယ္ေတာ့ က်န္းမာေရးအတြက္လည္းေကာင္းတယ္။ ကိုယ္ကိုယ္တိုင္လည္း အဝတ္အစားဝတ္ရတာ အဆင္ေျပလာေတာ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိတယ္။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 8

ဘာပဲေျပာေျပာ ေယာက်္ားေတြပဲျဖစ္ျဖစ္၊ မိန္းမေတြပဲျဖစ္ျဖစ္ ကိုယ့္မိန္းမ လွေနတာပဲ ျမင္ခ်င္မွာေပါ့။ အဲ့ဒါေၾကာင့္လည္း ကိုယ္ကိုယ္တိုင္လည္း ယုံၾကည္မႈရွိလာတယ္’’ လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 9

ေခ်ာရတနာဟာ လက္ရွိမွာ သားနဲ႔သမီးေလးကို အခ်ိန္ေပးၿပီး ျပဳစုေစာင့္ေရွာက္ေနတာ ေတြ႕ရပါတယ္။ ဒုတိယသမီးေလးကို ၂၀၁၈ ခုႏွစ္ ေမလ(၁၂) ရက္ေန႔က ဝိတိုရီယေဆး႐ုံမွာ ေမြးခဲ့တာျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 10

သမီးေလးကိုယ္ဝန္စရွိကတည္းက အက်ႌေၾကာ္ျငာေတြ ႐ိုက္ကူးခဲ့ရသလို သမီးေလး ေမြးၿပီးတဲ့ အခါမွာလည္း ေၾကာ္ျငာ႐ိုက္ကူးမႈေတြ ျပဳလုပ္ခဲ့ရပါေသးတယ္။ အသားျဖဴျဖဴ၊ အရပ္ရွည္ရွည္ ဆံပင္ရွည္ရွည္နဲ႔ ခ်စ္စရာေကာင္းခဲ့တဲ့ ေခ်ာရတနာကို တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ အားေပးခဲ့ၾကတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဇာတ္ကားေတြ ဆက္တိုက္႐ိုက္ကူးလာရတာ အိမ္ေထာင္မက်ခင္အထိပါပဲ။

အႏုပညာအလုပ္ေတြျပန္လုပ္ခ်င္တာထက္ ကုိယ့္ကုိကိုယ္ယုံၾကည္မႈမရွိခဲ့လို႔ ဝိတ္ခ်ျဖစ္တာပါလို႔ေျပာလာတဲ့ ေခ်ာရတနာ 3

Unicode
ချောရတနာကတော့ သူမရဲ့ ခန္ဓာကိုယ်ကို သိသိသာသာ ဝိတ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုဝိတ်ချဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ အလုပ်ပြန်လုပ်ချင်တာ၊ မလုပ်ချင်တာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျှော့တယ်။ အဝတ်အစားဝတ်ရတာလည်း အဆင်မပြေဘူး။ အဲဒီတော့ ဘယ်ပွဲမှလည်း မတက်ချင်ဘူးရှက်တယ်။

ဝလာတော့ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ လူက မောနေတယ်။ အဲဒါကို မကြိုက်တဲ့အတွက် အဓိက က ဝိတ်ချတာပေါ့နော်။ လှချင်တာကလည်း တစ်ကြောင်းပေါ့’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ပေါင် ၁၈၀ ကနေ ပေါင် ၁၃၅ အထိ ဝိတ်ချနိုင်ခဲ့တဲ့ အကြောင်းကိုလည်း ချောရတနာက ပြန်လည် မျှဝေခဲ့ပြန်ပါသေးတယ်။

‘’ သမီးလေး ကိုယ်ဝန်တုန်းက ပေါင် ၁၈၀၊ မွေးပြီးသွားတဲ့အချိန်မှာ ပေါင်ကျသွားလောက်ပြီထင်တာ ပြန်ချိန်လိုက်တော့ ၁၇၈ ပေါင်တဲ့။ ၂ ပေါင်လောက်ပဲကျသွားတော့ အရမ်းလန့်သွားတယ်။ ဒါပေမယ့် ကလေးက ငယ်သေးတော့ ဝိတ်ချလို့ကလည်း မရသေးဘူး။

ဒါပေမယ့် ၆ လကျော်လောက်မှာ အစားအသောက်တွေ ဆင်ခြင်ရင်းနဲ့ တစ်နှစ်ကျော်လောက်မှ ဝိတ်ချဖြစ်တာပါ။ အခုက ပေါင်၁၃၅ ဖြစ်သွားပြီ’’ ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ က ပြေတီဦးဖောင်ဒေးရှင်း ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ချောရတနာက လက်ရှိ ခန္ဓာကိုယ် ကိုလည်း ယုံကြည်မှုရှိလာပြီလို့ဆိုပါတယ်။ Gym ဆော့ရတဲ့ အကျိုးတွေက အရမ်းကောင်းတယ်လို့ ပြောပါတယ်။

‘’ အခုနောက်ပိုင်း Gym ဆော့တဲ့ အမျိုးသမီးတွေလည်း များလာတယ်။ အမှန်တကယ်တော့ ကျန်းမာရေးအတွက်လည်းကောင်းတယ်။ ကိုယ်ကိုယ်တိုင်လည်း အဝတ်အစားဝတ်ရတာ အဆင်ပြေလာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။

ဘာပဲပြောပြော ယောကျ်ားတွေပဲဖြစ်ဖြစ်၊ မိန်းမတွေပဲဖြစ်ဖြစ် ကိုယ့်မိန်းမ လှနေတာပဲ မြင်ချင်မှာပေါ့။ အဲ့ဒါကြောင့်လည်း ကိုယ်ကိုယ်တိုင်လည်း ယုံကြည်မှုရှိလာတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။

သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*