အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင်


အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင် 1


အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင် 2


အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင် 3


အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင် 4


အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင် 5


အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင် 6


အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင် 7


အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင် 8


အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရပ်နားခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီနန္ဒာလှိုင် 9

Unicode
မင်းသမီး နန္ဒာလှိုင်ကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကတည်းက ပုရိသတွေအသည်းစွဲရတဲ့ မင်းသမီး တယောက်ဖြစ်ပြီး လက်ရှိချိန်ထိလည်း ယောကျာ်း မိန်းမ မရွေး အားပေးခြင်းကို ခံနေရတဲ့ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ သမီးလေး ၃ ယောက်ကို ကြည့်နေရပြီး စီးပွားရေးကိုသာ လုပ်ကိုင်နေတာကြောင့် အနုပညာလောကထဲကို မဝင်နိုင်တော့ကြောင်း ပြောကြားသွား ခဲ့ပါတယ်။

နန္ဒာလှိုင်ကတော့ အကုန်သိနဲ့ အင်တာဗျူးတွင် အနုပညာလောကထဲကို ပြန်ဝင်လာဖို့ ရှိလားဆိုတဲ့ မေးခွန်းကိုတော့ “အမ အနုပညာနဲ့ ဝေးခဲ့တာ သမီးကြီး တသက်တောင် ကျော်နေပါပြီ။

ဒါပေမယ့်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ဒီအချိန်ထိ အမကို ချစ်ခင်ကြတယ်။ အပြင်သွားရင်ပဲ ဖြစ်ဖြစ် အရမ်းအားပေးပြီး ချစ်ကြတယ်။ အဲ့လိုလေးတွေ တွေ့ရတော့လည်း အမ အရမ်းဝမ်းသာပါတယ်။

သူတို့တွေ အမကို အနုပညာ ပြန်လုပ်စေချင်တဲ့ ဆန္ဒ ရှိတယ်ဆိုတာကိုလည်း အမ သိတယ်။ အမကျတော့ ဒီလိုအချိန်မျိုးမှာ ဒီကလေး သုံးယောက်နဲ့ အနုပညာဖက်ကို ဘယ်လိုမှ အချိန်မပေးနိုင်တော့ဘူး။

အနုပညာသမားဆိုတော့လည်း သိတဲ့အတိုင်း မနက်မိုးလင်းတာနဲ့ အပြင်ထွက်ရမယ် ညမိုးချုပ်မှ ပြန်ရမယ်။ ဒါ အစောဆုံး ဆိုတာ ၆ နာရီ ၇ နာရီပဲ အဲ့အတွက်ကြောင့် အမ ဒီထဲကို ပြန်ဝင်လို့ မရဘူး။

အဲ့ကြောင့် အမ ကို ချစ်ကြတဲ့ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း အမ ဒီကနေ တောင်းပန်ပါတယ်။ အမ ဒီထဲကိုတော့ ပြန်ဝင်ဖြစ်မှာ မဟုတ်ပါဘူး။

စီးပွားရေးကိုပဲ အားစိုက်ပြီး လုပ်နေတာနဲ့ ပတ်သက်ပြီး “စီးပွားရေးကတော့ ညီမရယ် အရွယ်တခုရောက်လာပြီဆိုတော့ ဒီအရွယ်ကလည်း စီးပွားရေးလုပ်ရမယ့် အရွယ်ရောက်နေပြီလေ။

အမ လုပ်နိုင်သလောက်တော့ လုပ်သွားမယ်။ အမကို ဒီချိန်ထိ အားပေးကြတဲ့ သူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*