အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း
အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း 1
အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း 2
အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း 3
အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း 4
အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း 5
အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း 6
အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း 7
အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း 8
အနုပညာအလုပ်တစ်ဖက်နဲ့မို့ ငယ်စဉ်တုန်းကပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရကြောင်းကိုပြောပြလာတဲ့ မင်းမော်ကွန်း 9
Unicode
မင်းမော်ကွန်းဟာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းအခုအချိန်အထိ ပရိသတ်ရဲ့တခဲနက်အားပေးမှုတွေရရှိထားတဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ပြီးအသက်ကြီးလာပေမယ့် ငယ်ရွယ်နုပျိုနေဆဲရုပ်သွင်ကိုလည်းပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
မကြာသေးမီကမီဒီယာတွေနဲ့အင်တာဗျူးမှာ မင်းမော်ကွန်းက ပညာရေးကအရေးကြီးကြောင်းနဲ့ ငယ်စဉ်တုန်းက အလုပ်တစ်ဖက်နဲ့ပညာရေးဆုံးခန်းမတိုင်ခဲ့ကြောင်းကို ရင်ဖွင့်လာပါတယ်။
မင်းမော်ကွန်းက ပြေတီဦးရဲ့ ပညာရေးဖောင်ဒေးရှင်းအတွက်ဂုဏ်ယူမိကြောင်းကို “ကျောင်းသားကျောင်းသူတွေကို ပညာသင်စားရိတ်ထောက်ပံ့ပေးတဲ့ဒီလိုဖောင်ဒေးရှင်းမျိုးအများကြီးလိုအပ်ပါတယ်။အဲဒီအတွက် ကျွန်တော့်သူငယ်ချင်းပြေတီဦးကိုလည်း ဂုဏ်လည်းယူတယ်။
ဝမ်းလည်းသာတယ်။ကျေးဇူးလည်းတင်ပါတယ်။ဒီလိုဖောင်ဒေးရှင်းတွေဒီထက်ပိုပြီးတော့ များများပေါ်ပေါက်လာရင် ဒီကလေးငယ်တွေလည်းများများပညာသင်ကြားခွင့်ရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ပြောကြားထားပါတယ်။
မင်းမော်ကွန်းက ငယ်စဉ်က ပညာရေးဆုံးခန်းမတိုင်ဖြစ်ခဲ့ကြောင်းကို “ကျွန်တော်ပညာရေးက ကျွန်တော်ဆုံးခန်းမတိုင်ပါဘူးခင်ဗျာ။ ကျွန်တော်ဆယ်တန်းမှာတော့အမှတ်ကောင်းကောင်းနဲ့အောင်ပေမယ့် ဒီအလုပ်လုပ်ပြီးတော့မအားတဲ့အချိန်မှာ ကွန်ပျူတာကို နောက်ဆုံးနှစ်အထိပဲတက်ခွင့်ရတယ်။
အဲဒီလိုတက်ပြီးတော့ ကျွန်တော်ကျောင်းခေါ်ချိန်မပြည့်တဲ့အတွက်စာမေးပွဲဖြေခွင့်မရဘူးပေါ့နော်။နောက်တစ်နှစ်လည်းအဲဒီအတိုင်းပဲ ကျွန်တော်ကျောင်းခေါ်ချိန်ပြည့်အောင်သွားပြီးတော့ တက်ရောက်နိုင်ခြင်းမရှိခဲ့တဲ့အတွက် ကျွန်တော်ကိုယ်တိုင်ပဲကျောင်းကနေ နှုတ်ထွက်ခဲ့တာပါ”လို့ပြောပြသွားပါတယ်။
သားသမီးတွေကိုတော့ ပညာရေးကအရေးကြီးလို့ ပညာသေချာသင်ခိုင်းကြောင်း “တကယ်တမ်းကျတော့ ပညာရေးဆိုတာအင်မတန်အရေးကြီးပါတယ်။ ပညာတတ်ဘွဲ့ရတစ်ယောက်ရဲအလုပ်အကိုင်အခွင့်အလမ်းကအစ ကိုယ်ပိုင်သိတဲ့ ညဏ်ပညာကအစ မတူပါဘူးခင်ဗျာ။
ဒါကြောင့် သူတို့တွေကိုလည်း ကျွန်တော် တတ်နိုင်သလောက် ပညာရေးကိုဦးစားပေးအောင် ပညာရေးကိုအလေးပေးအောင်အမြဲပြောပါတယ်။ ကျွန်တော်တို့ခေတ်နဲ့ကတော့ မတူဘူပေါ့လေ။ ကျွန်တော်တို့က ကျောင်းစာမေးပွဲအောင်စာရင်းထွက်ပြီးတော့ ကျောင်းတွေက ပိတ်ထားတာ လေးငါးခြောက်နှစ်လောက်ကြာတယ်။
အဲဒီအတောအတွင်းမှာဝေလေလေလုပ်နေမယ့်အစား ဒီအလုပ်ကိုကြိုးစားပြီးလုပ်ခဲ့တာပေါ့နော်။ ကျောင်းတွေပြန်ဖွင့်တော့ ဒီအလုပ်မှာအခြေကျပြီးကျောင်းဘက်ကို အချိန်မပေးနိုင်တော့ဘူး။ သူတို့ခေတ်မှာတော့ ပညာရေးကိုတောက်လျှောက်သင်ခွင့်ရတဲ့အတွက်သင်လို့ရတုန်းလေး အချိန်ရှိတုန်းငယ်တုန်းလေး ပညာရေးကိုလုပ်စေချင်တာပါ”လို့ ရင်ဖွင့်သွားပါတယ်။
Be the first to comment
Leave a Reply
Your email address will not be published.
*