အပြုံးလေးတွေဖလှယ်ရင်းကြည်နူးနေကြတဲ့ သားဂန်နဲ့ ဘေဘီမောင်
အပြုံးလေးတွေဖလှယ်ရင်းကြည်နူးနေကြတဲ့ သားဂန်နဲ့ ဘေဘီမောင် 1
အပြုံးလေးတွေဖလှယ်ရင်းကြည်နူးနေကြတဲ့ သားဂန်နဲ့ ဘေဘီမောင် 2
အပြုံးလေးတွေဖလှယ်ရင်းကြည်နူးနေကြတဲ့ သားဂန်နဲ့ ဘေဘီမောင် 3
အပြုံးလေးတွေဖလှယ်ရင်းကြည်နူးနေကြတဲ့ သားဂန်နဲ့ ဘေဘီမောင် 4
Unicode Version
ပရိသတ်အားပေးမူကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့ သားဂန်းကတော့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုပြီးတော့ ပရိသတ်အားပေးမူကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ ကိုယ်ပိုင်သီချင်းတွေကို ခံစားအပြည့်နဲ့ ကိုယ်တိုင်ပုံဖော်ရေးသားပြီး ကိုယ်တိုင်အကောင်းဆုံးဖျော်ဖြေကာ ပရိသတ် ရှေ့ကိုချပြနိုင်သူတစ်ယောက်လို့လည်း ပြောရမှာပါ။
ထားဝယ်သားလေးဖြစ်တဲ့ သားဂန်းဟာဆိုရင် ပုရိသတွေအားကျစရာကောင်းလှပြီး ဘောဒီကောက်ကြောင်းလှပတဲ့ ဘေဘီမောင်ရဲ့ အချစ်ကိုလည်း ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူစုံတွဲလေးက ပရိသတ်တွေအားကျစရာကောင်းလောက်အောင် အရမ်းချစ်ပြီး ရိုတတ်တဲ့ စုံတွဲလေးလို့လည်း ဆိုနိုင်ပါတယ်။လက်ရှိမှာတော့ သားဂန်းက ချစ်သူမနဲ့အတူ အနုပညာအလုပ်တွေကို စတင်လုပ်နေပြီပဲဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ ချစ်သူ မနဲ့ အတူ မင်္ဂလာခန်းမကြီးမှာ ရွှေလက်တွဲကာ အတူတူ လျှောက်လှမ်းခွင့်ရရှိတော့မဲ့ အကြောင်းကို ” ကျွန်တော်ဘဝရဲ့ပထမဆုံး Show လျှောက်ခြင်းအမှတ်တရ မ နဲ့တူတူအလုပ် လုပ်ရလို့ပျော်ပါတယ်။ ဒါပေမဲ့ မ ကနောက်တစ်ခါလျှောက်ဖို့ပြောတာ ကျွန်တော်ကငြင်းပေမယ့် ချစ်တဲ့စိတ်နဲ့နောက်တစ်ပွဲလျှောက်ဖို့ကျန်သေးတယ်။ AromaShow 2020 လာမယ်လကုန်ပီး(၄)ရက်နေ့ကျရင် ထပ်လျှောက်ဖို့ရှိပါသေးတယ် ။အဲဒါကြောင့်လာရောက်အားပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ဗျ။ နောက်ထပ်ဘာပွဲမှမလျှောက်တော့ဘူးနော်။ မောင်သီချင်းတွေပဲဆိုပါရစေ” ဆိုပြီး လူမှုကွန်ရက် စာမျက်နှာမှာ သားဂန်းက ဖော်ပြထားခဲ့တာမို့ ချစ်တဲ့စိတ်နဲ့နောက်တစ်ပွဲလျှောက်ဖို့ ပြင်ဆင်နေတဲ့ သားဂန်းအတွက် ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မှတ်ချက်လေး ပြောပြခဲ့ပါဦး။
Be the first to comment
Leave a Reply
Your email address will not be published.
*