အျဖဴ​ေရာင္​ပန္​းပြင္​့​ေလး​ပမာ ခ်စ္​စရာ​ေကာင္​း​ေနတဲ့ ယြန္​းယြန္​း

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ယြန္းယြန္းကေတာ့ တစ္ႏိုင္ငံက ပရိသတ္ေတြအားလုံးရဲ႕ အခ်စ္ေတြကို တစ္ေယာက္တည္း အပိုင္ရရွိထားသူေလးလို႔ ဆိုႏိုင္ပါတယ္။ ငယ္ငယ္ေလးကတည္းက ကေလးသ႐ုပ္ေဆာင္အျဖစ္ အႏုပညာေလာကကို ဝင္ေရာက္ခဲ့တဲ့ ယြန္းယြန္းက အခုခ်ိန္မွာေတာ့ ေနရာတစ္ေနရာရၿပီး ေအာင္ျမင္ေနၿပီ ျဖစ္ပါတယ္။ ရန္ကုန္တကၠသိုလ္မွာ ပညာသင္ၾကားေနတဲ့ ယြန္းယြန္းက အ႐ြယ္ေရာက္လာတာနဲ႔ ပိုပိုၿပီး လွလာတာ ေတြ႕ရပါတယ္။

အျဖဴ​ေရာင္​ပန္​းပြင္​့​ေလး​ပမာ ခ်စ္​စရာ​ေကာင္​း​ေနတဲ့ ယြန္​းယြန္​း 1

အျဖဴ​ေရာင္​ပန္​းပြင္​့​ေလး​ပမာ ခ်စ္​စရာ​ေကာင္​း​ေနတဲ့ ယြန္​းယြန္​း 2

လတ္တေလာမွာေတာ့ ယြန္းယြန္းက ေၾကာ္ျငာေလးေတြ လက္ခံ႐ိုက္ကူးေနရၿပီး ပြဲအခမ္းအနားေတြလည္း တက္ေရာက္ေနရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္က က်င္းပျပဳလုပ္ခဲ့တဲ့ ” D & C Myanmar ” ရဲ႕ ဆိုင္ခြဲဖြင့္လွစ္ပြဲ အခမ္းအနားကိုလည္း ယြန္းယြန္းက တက္ေရာက္အားေပးခဲ့ပါတယ္။ ဒီပြဲေလးမွာေတာ့ ယြန္းယြန္းက အျဖဴေရာင္ဝတ္စုံေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ ပန္းေလးတစ္ပြင့္ပမာ ႏုဖတ္ၿပီး လွေသြးႂကြယ္ေနတာ ျဖစ္ပါတယ္။

အျဖဴ​ေရာင္​ပန္​းပြင္​့​ေလး​ပမာ ခ်စ္​စရာ​ေကာင္​း​ေနတဲ့ ယြန္​းယြန္​း 3

အျဖဴ​ေရာင္​ပန္​းပြင္​့​ေလး​ပမာ ခ်စ္​စရာ​ေကာင္​း​ေနတဲ့ ယြန္​းယြန္​း 4

အျဖဴ​ေရာင္​ပန္​းပြင္​့​ေလး​ပမာ ခ်စ္​စရာ​ေကာင္​း​ေနတဲ့ ယြန္​းယြန္​း 5

ယြန္းယြန္းက ” Congratulations D&C Myanmar !!! From 6th store to more than 60th stores ” ဆိုၿပီး ပြဲတက္ပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္။ အျဖဴေရာင္ဂါဝန္ေလးကို ဝတ္ဆင္ထားတဲ့ ယြန္းယြန္းက ပြဲတက္လာသူအားလုံးထဲမွာ အေပၚလြင္ဆုံးနဲ႔ အလွပဆုံးျဖစ္ေနတာ ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ မင္းသမီးေခ်ာေလး ယြန္းယြန္းရဲ႕ ခ်စ္စရာေကာင္းတဲ့ ပြဲတက္ပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။Myanmarload

Unicode version

သရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်းကတော့ တစ်နိုင်ငံက ပရိသတ်တွေအားလုံးရဲ့ အချစ်တွေကို တစ်ယောက်တည်း အပိုင်ရရှိထားသူလေးလို့ ဆိုနိုင်ပါတယ်။ ငယ်ငယ်လေးကတည်းက ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ ယွန်းယွန်းက အခုချိန်မှာတော့ နေရာတစ်နေရာရပြီး အောင်မြင်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ယွန်းယွန်းက အရွယ်ရောက်လာတာနဲ့ ပိုပိုပြီး လှလာတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ ယွန်းယွန်းက ကြော်ငြာလေးတွေ လက်ခံရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ” D & C Myanmar ” ရဲ့ ဆိုင်ခွဲဖွင့်လှစ်ပွဲ အခမ်းအနားကိုလည်း ယွန်းယွန်းက တက်ရောက်အားပေးခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ ယွန်းယွန်းက အဖြူရောင်ဝတ်စုံလေးနဲ့ ချစ်စရာကောင်းတဲ့ ပန်းလေးတစ်ပွင့်ပမာ နုဖတ်ပြီး လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။

ယွန်းယွန်းက ” Congratulations D&C Myanmar !!! From 6th store to more than 60th stores ” ဆိုပြီး ပွဲတက်ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားတဲ့ ယွန်းယွန်းက ပွဲတက်လာသူအားလုံးထဲမှာ အပေါ်လွင်ဆုံးနဲ့ အလှပဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းယွန်းရဲ့ ချစ်စရာကောင်းတဲ့ ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Myanmarload

Be the first to comment

Leave a Reply

Your email address will not be published.


*