အပြာရောင်ဝမ်းဆက်လေးနဲ့ တော်ဝင်မင်းသမီးလေးတစ်ယောက်လို လှနေသူလေး သန္တာဗိုလ်


အပြာရောင်ဝမ်းဆက်လေးနဲ့ တော်ဝင်မင်းသမီးလေးတစ်ယောက်လို လှနေသူလေး သန္တာဗိုလ် 1

အပြာရောင်ဝမ်းဆက်လေးနဲ့ တော်ဝင်မင်းသမီးလေးတစ်ယောက်လို လှနေသူလေး သန္တာဗိုလ် 2


အပြာရောင်ဝမ်းဆက်လေးနဲ့ တော်ဝင်မင်းသမီးလေးတစ်ယောက်လို လှနေသူလေး သန္တာဗိုလ် 3

အပြာရောင်ဝမ်းဆက်လေးနဲ့ တော်ဝင်မင်းသမီးလေးတစ်ယောက်လို လှနေသူလေး သန္တာဗိုလ် 4


အပြာရောင်ဝမ်းဆက်လေးနဲ့ တော်ဝင်မင်းသမီးလေးတစ်ယောက်လို လှနေသူလေး သန္တာဗိုလ် 5

အပြာရောင်ဝမ်းဆက်လေးနဲ့ တော်ဝင်မင်းသမီးလေးတစ်ယောက်လို လှနေသူလေး သန္တာဗိုလ် 6


Unicode Version

ပရိသတ်ကြီးရေ အကယ်ဒမီချောရတနာရဲ့တစ်ဦးတည်းသောညီမလေးဖြစ်တဲ့ သန္တာဗိုလ်ကတော့ အမဖြစ်သူလိုပဲ အနုပညာလောကမှာလျှောက်လှမ်းနေတဲ့သူတစ်ဦးဖြစ်ပါတယ်။သန္တာဗိုလ်ရဲ့ချစ်သူ ကောင်းပြည့်ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်လို့ သန္တာဗိုလ်တို့စုံတွဲလေးကို ပရိသတ်တွေကချစ်ကြပါတယ်နော်။သန္တာဗိုလ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းရိုက်ကူးနေသလို Professional မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။

သန္တာဗိုလ်ကတော့ အရပ်မြင့်မြင့်နဲ့အဆီပိုကင်းဝေးတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှက ပိုင်ဆိုင်ထားတဲ့အပြင် မျက်နှာလေးကလည်း ပြီးပြည့်စုံအောင်လှပါတယ်နော်။ချစ်သူကောင်းပြည့်ကလည်း အရပ်မြင့်ပြီး ခန့်ညားချောမောတဲ့သူဖြစ်လို့ ချစ်သူနှစ်ယောက်ကတော့ နေနဲ့လရွှေနဲ့မြလို ရှေ့သွားနောက်လိုက်ညီပါတယ်။ကောင်းပြည့်နဲ့သန္တာဗိုလ်က အနုပညာလောကမှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာနဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်နော်။

သန္တာဗိုလ်က လူငယ်တစ်ယောက်လည်းဖြစ်တာကြောင့် ပေါ့ပါးလွတ်လပ်စွာနေတတ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အမြဲတမ်းစနောက်နေတတ်တဲ့သူတစ်ယာက်ပါနော်။အခုဆိုရင်တော့ သန္တာဗိုလ်က Junction City (Promotion aera)မှာ ကျင်းပတဲ့ Miss Equal 2019ရဲ့ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ပွဲမှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။သန္တာဗိုလ်ကတော့ Professional modelတစ်ယောက်လို့ ပြောစရာမလိုအောင် ကျော့ရှင်းလှပတဲ့အလှတရားတွေနဲ့ ပြည့်စုံနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*