အေဖျဖစ္သူရဲ႕ ေနာက္မိန္းမ မိေထြး အေၾကာင္း ဝမ္းနည္းစြာ ေျပာျပလာတဲ့ ဖူးပြင့္ခိုင္

ပုရိသေယာက္်ားထုႀကီးရဲ႕ အားေပးဝန္းရံျခင္းကုိ ခံေနရၿပီး Challenge ေတြေခၚၿပီး တကယ္လုပ္ျပတဲ့အတြက္ေၾကာင့္ မိန္းကေလးေရာ ေယာက္်ားေလးေတြေရာ အားေပးျခင္းကုိ ခံေနရတဲ့ Sexy Model ဖူးပြင့္ခုိင္ကေတာ့ ငယ္ဘဝ အျဖစ္ဆုိး ဒုကၡဆုိးေတြကုိေျပာျပလာပါတယ္။ ဒါကေတာ့ ငယ္ငယ္က အေဖျဖစ္သူရဲ႕ ေနာက္မိန္းမ မိေထြးရဲ႕အေၾကာင္းကို မ်က္ရည္စေတြနဲ႔ ဝမ္းနည္းစြာ Sunday ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ အခုလုိပဲ ေျပာသြားခဲ့တာျဖစ္ပါတယ္။

အေဖျဖစ္သူရဲ႕ ေနာက္မိန္းမ မိေထြး အေၾကာင္း ဝမ္းနည္းစြာ ေျပာျပလာတဲ့ ဖူးပြင့္ခိုင္ 1

ဖူးပြင့္ခုိင္က “အဆုိးဆုံးအခ်ိန္ကေတာ့ အေဖေနာက္မိန္းမ ယူတဲ့အခ်ိန္ပဲ သူ႔မွာလည္း သားသမီး႐ွိတယ္ ၄ေယာက္လား၃ေယာက္လားမသိဘူး။ ယူၿပီးမွသိတာ အေဖ့ရဲ႕ေနာက္မိန္းမမွာသားေတြသမီးေတြ႐ွိတာကုိ။ ယူၿပီးသြားမွေတာ့ ဘာမွလုပ္လုိ႔မရေတာ့ဘူးေလ။ သူ႔သားသမီးေတြနဲ႔ အတူေနေတာ့။ တစ္ခါတစ္ေလက်ရင္ အေဖမ႐ွိတဲ့အခ်ိန္ဆုိ အေဖဝယ္ေပးထားတဲ့နားကပ္ေလးေတြကုိ သူ႔ဟာဆုိၿပီး ဆြဲျဖဳတ္တယ္။ တစ္ခါတစ္ေလက်ရင္ သူလုပ္ခုိင္းတာကုိလည္း လုပ္ရေသးတယ္ ကုိယ္က။ အိမ္ေနာက္မွာ သစ္ပင္ေတြဘာေတြစုိက္ထားရင္ ကုိယ္က သြားလုပ္ေပးတယ္။ အဲ့က်ရင္ နင္အဲ့ေလာက္ေတာင္ အသုံးမက်ဘူးလားဆုိၿပီးေတာ့ အေျပာခံရတယ္ သူစီးတဲ့ ဖိနပ္ေတြနဲ႔ ႐ုိက္ အဲ့လုိလုပ္တာ။ ထမင္းစားတဲ့အခ်ိန္ေတာင္မွ ဟင္းေကာင္းရင္ သူတုိ႔သားသမီးေတြကုိ အရင္ေကြၽးတယ္ညီမက ေက်ာင္းကျပန္လာရင္ ဘာမွ စားစရာမ႐ွိဘူး။ အေဖကလည္းမ႐ွိေတာ့ နင္က ဒါနဲ႔ပဲစားေဘ ငါးပိရည္နဲ႔ပဲစားနင္က ငါးပိရည္နဲ႔ပဲ တန္တယ္ဆုိၿပီးေတာ့ သူႏွိပ္စက္ခဲ့တာေတြက အမ်ားႀကီးပဲ။

အေဖျဖစ္သူရဲ႕ ေနာက္မိန္းမ မိေထြး အေၾကာင္း ဝမ္းနည္းစြာ ေျပာျပလာတဲ့ ဖူးပြင့္ခိုင္ 2

အေဖ့ကုိလုပ္ခဲ့တာက ပထမတစ္ေခါက္က ထမင္းအုိးထဲမွာ ေဆးခတ္တယ္။ ခ်ဥ္ေပါင္ဟင္းထဲမွာလည္းေဆးခတ္တယ္ ေဆးကုိ အလုံးလုိက္ေတြ႔ရတယ္။ ညီမကေတြ႔သြားတယ္ ခ်ဥ္ေပါင္ထဲက ေဆးလုံးေလးေတြ႔တယ္ေနာ္လုိ႔ မသိဘူးေလ ငယ္ငယ္ပဲ႐ွိေသးေတာ့ ခ်ဥ္ေပါင္ရြက္ထဲက ေဆးလုံးေတြ႔တယ္ဆုိေတာ့ ယူၿပီး အေဖ့ကုိသြားျပတယ္ အေဖက သူ႔ကုိ ဒါက ဘာေဆးလဲလုိ႔ေမးတယ္။

အေဖျဖစ္သူရဲ႕ ေနာက္မိန္းမ မိေထြး အေၾကာင္း ဝမ္းနည္းစြာ ေျပာျပလာတဲ့ ဖူးပြင့္ခိုင္ 3

လုပ္လုိ႔မရလုိ႔ထင္တယ္ ညီမကုိ အဲ့မိေထြးက ႐ုိက္တာ ညီမကလည္းမရဘူး သူသြားတဲ့အခ်ိန္မွာ သူ႔သားေလးကုိ ျပန္ေဆာ္တာ တံျမက္စည္းနဲ႔ ညီမလည္း အဲ့လုိလုပ္တာ သူ႔မွာသားေလး႐ွိတယ္ေလ။ သူသားက ျပန္တုိင္တာေလ သူ႔အေမနဲ႔ ညီမကုိ ျပန္႐ုိက္တယ္။ ငါးေျခာက္ေတြဘာေတြဝယ္လာရင္ ညီမကုိ ဘယ္ေတာ့မွ မေကြၽးဘူး ဖြက္ထားတာ။ သူ႔အဝတ္အစား ဗီဒုိထဲမွာကုိ သိမ္းထားတာ။

အေဖျဖစ္သူရဲ႕ ေနာက္မိန္းမ မိေထြး အေၾကာင္း ဝမ္းနည္းစြာ ေျပာျပလာတဲ့ ဖူးပြင့္ခိုင္ 4

အေဖျဖစ္သူရဲ႕ ေနာက္မိန္းမ မိေထြး အေၾကာင္း ဝမ္းနည္းစြာ ေျပာျပလာတဲ့ ဖူးပြင့္ခိုင္ 5

ညီမဆုိရင္ေတာ္ေတာ္ကုိ ဒုကၡေရာက္ခဲ့ရပါတယ္။ ဒုတိယတစ္ေခါက္က်ေတာ့ ထမင္းအုိးထဲမွာ ေဆးထည့္တယ္ အဲ့တစ္ေခါက္က အေဖ့ရဲ႕ ကံၾကမၼာဆုိးႀကီး မလြဲေ႐ွာင္ႏုိင္ေတာ့ဘူးလုိ႔ ေျပာလုိ႔ရတယ္။ ညီမေက်ာင္းက ျပန္လာတဲ့အခ်ိန္မွာ အေဖက ေျမႀကီးမွာေလ ပါးစပ္မွာလည္း အျမဳပ္ေတြထြက္ၿပီးေတာ့သူတုိ႔ကေတာ့ ထြက္ေျပးသြားတယ္ထင္တာပဲ ဘယ္သူမွမ႐ွိဘူး။ အေဖက အမ်ိဳးလည္းမ႐ွိ အသိလည္းမ႐ွိ ဘယ္သူမွသူ႔ကုိမကူညီဘူး သမီးအေဖကုိ ကူညီပါဦးလုိ႔ ေအာ္ေနရတယ္။ လာေတာ့လာကူညီပါတယ္ အေဖ့ကုိ ေဆး႐ုံပုိ႔တယ္။ အခုအခ်ိန္ အေဖအဲ့လုိျဖစ္ခဲ့ ခံစားခဲ့ရတာကုိ မ်က္လုံးထဲက ဘယ္ေတာ့မွ မထြက္ဘူး။ အေဖ့ကုိ အေမထက္အမ်ားႀကီးပုိခ်စ္တယ္။ အေဖေျပာတဲ့စကားေတြကုိဆုိ ဘယ္အခ်ိန္မွ ျငင္းတယ္ဆုိတာ မ႐ွိဘူး။”လုိ႔ေျပာသြားခဲ့ပါတယ္။Nanmalgyi

Unicode Version

ပုရိသယောက်ျားထုကြီးရဲ့ အားပေးဝန်းရံခြင်းကို ခံနေရပြီး Challenge တွေခေါ်ပြီး တကယ်လုပ်ပြတဲ့အတွက်ကြောင့် မိန်းကလေးရော ယောက်ျားလေးတွေရော အားပေးခြင်းကို ခံနေရတဲ့ Sexy Model ဖူးပွင့်ခိုင်ကတော့ ငယ်ဘဝ အဖြစ်ဆိုး ဒုက္ခဆိုးတွေကိုပြောပြလာပါတယ်။ ဒါကတော့ ငယ်ငယ်က အဖေဖြစ်သူရဲ့ နောက်မိန်းမ မိထွေးရဲ့အကြောင်းကို မျက်ရည်စတွေနဲ့ ဝမ်းနည်းစွာ Sunday ရဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဖူးပွင့်ခိုင်က “အဆိုးဆုံးအချိန်ကတော့ အဖေနောက်မိန်းမ ယူတဲ့အချိန်ပဲ သူ့မှာလည်း သားသမီးရှိတယ် ၄ယောက်လား၃ယောက်လားမသိဘူး။ ယူပြီးမှသိတာ အဖေ့ရဲ့နောက်မိန်းမမှာသားတွေသမီးတွေရှိတာကို။ ယူပြီးသွားမှတော့ ဘာမှလုပ်လို့မရတော့ဘူးလေ။ သူ့သားသမီးတွေနဲ့ အတူနေတော့။ တစ်ခါတစ်လေကျရင် အဖေမရှိတဲ့အချိန်ဆို အဖေဝယ်ပေးထားတဲ့နားကပ်လေးတွေကို သူ့ဟာဆိုပြီး ဆွဲဖြုတ်တယ်။ တစ်ခါတစ်လေကျရင် သူလုပ်ခိုင်းတာကိုလည်း လုပ်ရသေးတယ် ကိုယ်က။ အိမ်နောက်မှာ သစ်ပင်တွေဘာတွေစိုက်ထားရင် ကိုယ်က သွားလုပ်ပေးတယ်။ အဲ့ကျရင် နင်အဲ့လောက်တောင် အသုံးမကျဘူးလားဆိုပြီးတော့ အပြောခံရတယ် သူစီးတဲ့ ဖိနပ်တွေနဲ့ ရိုက် အဲ့လိုလုပ်တာ။ ထမင်းစားတဲ့အချိန်တောင်မှ ဟင်းကောင်းရင် သူတို့သားသမီးတွေကို အရင်ကျွေးတယ်ညီမက ကျောင်းကပြန်လာရင် ဘာမှ စားစရာမရှိဘူး။ အဖေကလည်းမရှိတော့ နင်က ဒါနဲ့ပဲစားဘေ ငါးပိရည်နဲ့ပဲစားနင်က ငါးပိရည်နဲ့ပဲ တန်တယ်ဆိုပြီးတော့ သူနှိပ်စက်ခဲ့တာတွေက အများကြီးပဲ။

အဖေ့ကိုလုပ်ခဲ့တာက ပထမတစ်ခေါက်က ထမင်းအိုးထဲမှာ ဆေးခတ်တယ်။ ချဉ်ပေါင်ဟင်းထဲမှာလည်းဆေးခတ်တယ် ဆေးကို အလုံးလိုက်တွေ့ရတယ်။ ညီမကတွေ့သွားတယ် ချဉ်ပေါင်ထဲက ဆေးလုံးလေးတွေ့တယ်နော်လို့ မသိဘူးလေ ငယ်ငယ်ပဲရှိသေးတော့ ချဉ်ပေါင်ရွက်ထဲက ဆေးလုံးတွေ့တယ်ဆိုတော့ ယူပြီး အဖေ့ကိုသွားပြတယ် အဖေက သူ့ကို ဒါက ဘာဆေးလဲလို့မေးတယ်။
လုပ်လို့မရလို့ထင်တယ် ညီမကို အဲ့မိထွေးက ရိုက်တာ ညီမကလည်းမရဘူး သူသွားတဲ့အချိန်မှာ သူ့သားလေးကို ပြန်ဆော်တာ တံမြက်စည်းနဲ့ ညီမလည်း အဲ့လိုလုပ်တာ သူ့မှာသားလေးရှိတယ်လေ။ သူသားက ပြန်တိုင်တာလေ သူ့အမေနဲ့ ညီမကို ပြန်ရိုက်တယ်။ ငါးခြောက်တွေဘာတွေဝယ်လာရင် ညီမကို ဘယ်တော့မှ မကျွေးဘူး ဖွက်ထားတာ။ သူ့အဝတ်အစား ဗီဒိုထဲမှာကို သိမ်းထားတာ။

ညီမဆိုရင်တော်တော်ကို ဒုက္ခရောက်ခဲ့ရပါတယ်။ ဒုတိယတစ်ခေါက်ကျတော့ ထမင်းအိုးထဲမှာ ဆေးထည့်တယ် အဲ့တစ်ခေါက်က အဖေ့ရဲ့ ကံကြမ္မာဆိုးကြီး မလွဲရှောင်နိုင်တော့ဘူးလို့ ပြောလို့ရတယ်။ ညီမကျောင်းက ပြန်လာတဲ့အချိန်မှာ အဖေက မြေကြီးမှာလေ ပါးစပ်မှာလည်း အမြုပ်တွေထွက်ပြီးတော့သူတို့ကတော့ ထွက်ပြေးသွားတယ်ထင်တာပဲ ဘယ်သူမှမရှိဘူး။ အဖေက အမျိုးလည်းမရှိ အသိလည်းမရှိ ဘယ်သူမှသူ့ကိုမကူညီဘူး သမီးအဖေကို ကူညီပါဦးလို့ အော်နေရတယ်။ လာတော့လာကူညီပါတယ် အဖေ့ကို ဆေးရုံပို့တယ်။ အခုအချိန် အဖေအဲ့လိုဖြစ်ခဲ့ ခံစားခဲ့ရတာကို မျက်လုံးထဲက ဘယ်တော့မှ မထွက်ဘူး။ အဖေ့ကို အမေထက်အများကြီးပိုချစ်တယ်။ အဖေပြောတဲ့စကားတွေကိုဆို ဘယ်အချိန်မှ ငြင်းတယ်ဆိုတာ မရှိဘူး။”လို့ပြောသွားခဲ့ပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*